Wednesday, April 22, 2020

စစ်ကိုင်းတောင်- Ko Ant Gyi/ ဆို ‌လေဘာတီမြရင် ၊ ကိုအံ့ကြီး၊ ကိုသုမောင်/ https://www.youtube.com/watch?v=qONQ1fZWnfE&list=RD2Cbo0s60Z70&index=2


စစ်ကိုင်းတောင်- Ko Ant Gyi/ ဆို ‌လေဘာတီမြရင် ၊ ကိုအံ့ကြီး၊ ကိုသုမောင်/
https://www.youtube.com/watch?v=qONQ1fZWnfE&list=RD2Cbo0s60Z70&index=2
Composed by Myoma Nyein. One of the best songs of Sayar Nyein.

212,723 views
•Apr 26, 2012

Shwe Moe Nyo
13.2K subscribers
Myanmar Song
Composed by Myoma Nyein. One of the best songs of Sayar Nyein.

စစ်ကိုင်းတောင် ဆို ×××လေဘာတီမြရင် ၊ ကိုအံ့ကြီး၊ ကိုသုမောင်

ခြေဆင်း။ ။ ပုညရှင် စေတီအပါး စစ်ကိုင်းတောင် အထက်နားဆီက
အရှေ့တစ်လွှား ရှုလိုက်ရင်လေ ဧရာဝတီ၊ ဒုဋ္ဌ၀တီ
နတ်ပန်းချီ ဆေးစုံတွေ ကွန့်ရော့လေသလား
ဝဲ လက်ယာ အတွန့်တွန့်နှင့် အလွန့်အလွန် သာယာပါပေသည်။

တစ်နှစ်ကူးလို့ တစ်နှစ်ကျူးပြန်တော့
အသစ်ဖူးဖြစ်ရပြန်ချေ တောင်တောင်ရေမြေ
ကုန်းနေရေနေ သက်ရှိသက်မဲ့ သတ္တ၀ါတွေ
လောကဓာတ်ကြီး တစ်ခုလုံးသစ်လို့မို့
သည်နှစ်တွင်လည်း ချစ်ချစ်ခင်ခင် ရွှင်ရွှင်ပျော်ပျော် နေ ။

သမိုင်းပြောင်မညှိုး စစ်ကိုင်းတောင်တော်ရိုးမှာလေ
မြူခိုးယှက်ဆိုင်း အုံ့မှိုင်းပြာရီဝေ မှုန်မှုန်ရီဝေ
စေတီပုထိုးဘုရား မိုးဖျားမြင့် သီခေါင်ဗွေ
တောင်တွေစိမ်းလန်း ချောင်တွေသိန်းသန်း
ခေမာသောင်ကမ်း တက်လှမ်းအောင်မြင်မြေ
မေဓာဝီကလေး တောမှီထုံးနှင့် ယောဂီသုံးရှာပေ .....

ရောက်ကြဖူးသလား ဇေယျာရွှေမြေ
မြစ်ရေခွေဝန်းလျှမ်း ရှုစမ်းဖြာထွေ
စစ်ကိုင်းတောင်ခြေ အရောက်သွား တရားရှာဖွေ
ဗုဒ္ဓဘာသာ မြန်မာတွေ အတာကူးတဲ့ နှစ်ဦး ဂိမှာန်နွေ ......

( ကံ့ကော်ဝတ်မှုန် သင်းတဲ့ရဂုံ စုံတောခြေ
သိင်္ဂီပွင့်ချပ် ရင်ခတ်သရဖီ ကြိုင်လို့မွှေး ) ၂
ဖူးငုံဝေ ပုရစ်တံစီ ညီတယ်လေ တဝေေ၀
လေပြည်လေညှင်းသွေးတော့ သင်းရနံ့ထုံပေ
ရွက်သစ်လောင်းလို့ ဟောင်းရွက်ညှာကြွေ ....ခါပေ
ရော်မြန်းရွက်ကျင် ညိုလွင် မောင်းပြေပြေ ....

(ရောက်ကြဖူးသလား ................ နှစ်ဦးဂိန်မှာန်နွေ )

မြစ်မင်းဧရာ ခွေကာဝိုင်းလို့ စစ်ကိုင်းအောင်ချာမြေ
ရေလှိုင်းကလေးတွေ သွင်သွင်မြူးတော့ ငွေရောင်ဖြူးကာနေ
ရွှေတောင်ဦးမော် ရှုမျှော်ခင်းနှင့် မြစ်တွင်းသာယာပေ
ချစ်ခြင်းသံသာနေ ဟင်္သာ စင်ရော် ကြင်ဖေါ်တွဲလို့
သဲ ကမ်းပါးယံ ၀ဲပျံကာနေ .......

(ရောက်ကြဖူးသလား ................ နှစ်ဦးဂိန်မှာန်နွေ ) ။
Category
Music

No comments: