Saturday, March 1, 2014

နိုင်ငံရေးအကျဉ်းသားတွေကိုနှိပ်စက်ညှင်းပန်း လူမဆန်အောင် ရက်စက် ခဲ့တာတွေ ဟာ စစ်ထောက်လှမ်းရေးလက်ချက်တွေပဲ၊ တပ်မတော် ကို သိက္ခာကျအောင်လုပ်ခဲ့တာစစ်ထောက်လှမ်းရေးပဲ။( Minn Thaik)




Minn Thaik/Rangoon
တစ်ခုစဉ်းစားမိလို့ပါ -
******************
နိုင်ငံရေးအကျဉ်းသားတွေကိုနှိပ်စက်ညှင်းပန်း လူမဆန်အောင် ရက်စက် ခဲ့တာတွေ
ဟာ စစ်ထောက်လှမ်းရေးလက်ချက်တွေပဲ၊ တပ်မတော်နဲ့ဘာမှမဆိုင်ဘူး၊ တပ်မတော်
ကို သိက္ခာကျအောင်လုပ်ခဲ့တာစစ်ထောက်လှမ်းရေးပဲ။

နိုင်ငံရေးအကျဉ်းသားတွေ အချုပ်အနှောင်ကလွတ်လာတဲ့အခါ အဲဒီဒဏ်တွေရောဂါ
တွေ နာတာရှည်ပါလာခဲ့တာတွေ ဒါနဲ့တင်တိမ်းပါးကုန်ကြတာတွေ ဒုနဲ့ဒေး။
ဒီတော့ကာ တပ်မတော်အနေနဲ့အဖတ်ပြန်ဆယ်လို့ရအောင် နည်းတစ်နည်းရှိတယ်
စစ်ထောက်ခေတ်ကနှိပ်စက် ညှင်းပန်းခံခဲ့ရတဲ့ နိုင်/ကျဉ်းတွေကို သူတို့စွဲကပ်နေတဲ့
ရောဂါဘယတွေကုသဖို့ ရာသက်ပန် ကျန်းမာရေးစောင့်လျှောက်မှုအလှူပဒေသပင်သီး
ပေးလိုက်ပါလား။
လောလောဆယ်တော့ ဘိုင်စကုတ်ဥက္ကဌဟောင်းကြီး ထောင်တွင်းစွဲကပ်ခဲ့သော ခါးဝေ
ဒနာ ဘန်ကောက်မှာသွားကုနေရရှာတယ်၊ အဘတို့ သဟတိက ၃တန်ကံမြောက် ဘန်
ကောက်လိုက်ပြီး အလှူအတန်းပြုလိုက်ပါ - ဓါတ်ပုံတွေရိုက် ဝါဒဖြန့်လိုက်ရင် ၂၀၁၅မှာ
ချစ်သူခင်သူမြတ်နိုးလေးစားသူအပုံကြီးပေါ်လာပြီး မဲ တောင် စမန်ခုတ်စရာမလိုအောင်
ဝုန်းဝုန်းထ ဝက်ဝက်ကွဲပါလိ့မ်မည်
( ဘေးအိမ်မှာ အဖီဆစ်လက်ထက် ဝရုန်းသုန်းကားကြား လျောကုန်တဲ့သူတွေအတွက်
တောင် ဒေါ်ရင်လှအစိုးရက အလှူကြီးအတန်းကြီးတွေလုပ်ပေးနေတာအတုယူကြ )

Minn Thaik

Paukpauk Estateagent
This is a brilliant proposal.
One additional proposal should be to take punitive actions against S1 Gen. Khin Nyunt & other responsible persons & supervisors of detection centers .
Responsible persons MUST not get away.

1 comment:

sayanyein said...

Paukpauk Estateagent
This is a brilliant proposal.
One additional proposal should be to take punitive actions against S1 Gen. Khin Nyunt & other responsible persons & supervisors of detection centers .
Responsible persons MUST not get away.