Monday, March 17, 2014

အရင်က ပါးစပ်သရမ်းခဲ့တာတွေတော့ လက်တွေ့အကောင်အထည်ပေါ်နေတာတွေရှိနေတော့ အတင်းအဓမ္မယုံခိုင်းနေလို့ မရကြောင်းပါ။Tsawra Tsaw



Tsawra Tsaw
ဒီကနေ့ သမ္မတသိန်းစိန်က မြစ်ကြီးနားက ဘာသာရေးဆိုင်ရာ အသင်းတော်တွေက လူတွေကို ဆန်၊ဆီ ပေးပြီး “ဘုရားသခင်၏ နာမတော်၌ ကောင်းချီးမင်္ဂလာရောက်ပါစေ။” ဆိုပြီးတော့ စည်းရုံးနေတယ် ကြားတယ်။ ငါ့အထင်ပြောရရင် သူ ကချင်စစ်ရှောင်တွေ အတွက် အီးယူဆီက ပိုက်ဆံ၊ အင်္ဂလန်အစိုးရဆီက ပိုက်ဆံတွေရထားတယ် စစ်ရှောင်ပြည်သူတွေရှေ့ တည့်တည့်ဆိုင်ဆိုင်တွေ့ပြီး ပေးသင့် စကားပြောသင့်တယ်လို့ မြင်တယ်။

ဘာသာရေးဆိုင်ရာလူကြီးတွေကို နိုင်ငံရေးအရ ဆွဲမထည့်လို့လဲရတယ်။ ဦးထိပ်ထားသလိုလိုနဲ့ စကားကို မလိမ့်တစ်ပတ်နဲ့ တစ်ပတ်ရိုက်ဖို့တော့ မကြံနဲ့။ လူသားချင်းစာနာထောက်ထားသော အားဖြင့် အသင်းတော်တွေက ခင်ဗျားလုပ်ခဲ့ ရှုပ်ခဲ့သမျှကို လိုက်လံကူညီနေကြရတယ်။

ထားပါတော့ မြစ်ကြီးနားက လူတွေရှေ့တစ်မျိုး မနက်ဖန်ခါ ပူတာအိုဘက် ခရီးဆက်အုံးမယ်ဆိုတော့ကာ......အရင် ၀န်ကြီးချုပ်ဘ၀တုန်းက ပါးစပါသရမ်းထားတာတွေ ဦးဏှောက်ကောင်းသေးရင် မမေ့ဘူးလို့ ထင်ပါတယ်။ “ခင်ဗျားတို့ကို ကချင်တွေ ဘယ်လောက်နှိပ်စက် သတ်ဖြတ်ခဲ့ကြပြီးပြီပဲ လက်နက်ထုတ်ပေးမယ် ပြည်သူ့စစ်ထောင်ကြ” ဆိုတာလေး။

ရ၀မ်ကို သွေးခွဲခဲ့ပြီးပြီ လီဆူဘက်လှည့်ပြီး သွေးမခွဲပါဘူး ဘယ်သူမှ တပ်အပ်မပြောနိုင်သလို၊ သန်ခေါင်စာရင်းကောက်ချိန် အမှီတက်လာတာတော့ မရိုးဘူး။

နောက်တစ်ခွန်းရှိသေးတယ်.... ၂၀၁၀ စက်တင်ဘာ လဆန်းပိုင်းက KIA အား အာဆီယံတွင် ပထမဆုံးစံပြအဖြစ် ရွေးကောက်ပွဲပြီးရင် တိုက်ခိုက်ချေမှုန်းပစ်မည်ဟု မြန်မာစစ်အစိုးရ၀န်ကြီးချုပ်၊ ကြံ့ဖွတ်ပါတီခေါင်းဆောင် ဦးသိန်းစိန်က ကချင်ပြည်နယ်မြို့တော်မြစ်ကြီးနား၊ လ၀ါယန်အခြေစိုက် ဦးလဆန်အောင်ဝါ ပြည်သူ့စစ်အဖွဲ့နှင့် ပန်ဝါအခြေစိုက် ယခင်ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) နယ်ခြားစောင့်တပ်တို့၏ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ်ပြောခဲ့တာဖြစ်တယ်။

ဘယ်လိုပင် နှမ်းဖြူးနေပါစေ အရင်က ပါးစပ်သရမ်းခဲ့တာတွေတော့ လက်တွေ့အကောင်အထည်ပေါ်နေတာတွေရှိနေတော့ အတင်းအဓမ္မယုံခိုင်းနေလို့ မရကြောင်းပါ။

·


Hla Myint https://t.co/5uaVCVQNP0

"Reconciliation & lasting peace " can be achieved only after sincere apologies of past guilt;
it is a "must".
His Excellency Mr. President has not met this requirement.
Also he needs consistency;
so far he lacks this.


1 comment:

sayanyein said...

https://t.co/5uaVCVQNP0

"Reconciliation & lasting peace " can be achieved only after sincere apologies of past guilt;
it is a "must".
His Excellency Mr. President has not met this requirement.
Also he needs consistency;
so far he lacks this.