Saturday, March 8, 2014

We are in a process of " cultural Revolution./ ယဉ်ကျေးမှုတော်လှန်ရေး".

Tin Win Akbar
"စိတ်ဓါတ် တော်လှန်ရေး" မလုပ်ပဲ "မြန်မာ့ ဒီမိုကရေစီ တော်လှန်ရေး" အောင်မြင်မှာ မဟုတ်ဘူး။
"ဒီမိုကရေစီ အသွင်ကူးပြောင်းရေး" ဟာ ထင်သလောက် မချောမွေ့ပဲ အခက်အခဲ အတားအဆီးတွေ တပုံတပင်ကြီးတွေ့ နေရ ပြီး၊ အရှိန်နှေးကွေးလာနေတယ် ဆိုတာကို ဘယ်သူကမှ ငြင်းမယ် မထင်ပါဘူး။
ဒီလိုဖြစ်ရတာဟာ အသွင်ကူးပြောင်းရေး ပုံစံက တမူထူးတာကြောင့် ဖြစ်ရသလို၊ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု့ တိုင်း တွေ့ရလေ့ ရှိတဲ့ သဘောသဘာဝကြောင့်လည်းဖြစ်တယ် လို့ထင်ပါတယ်။ အသွင်ကူးပြောင်းရေး ပုံစံ တမူထူးတာက အာဏာရှင် ဟောင်းတွေက ဒီအပြောင်းအလဲကို အဓိက ဦးဆောင် နေတာ ဖြစ်လို့ပါ။ ပြီးတော့ အပြောင်းအလဲက အုပ်စိုးသူဟောင်းများနှင့် သူတို့ အကျိုးစီးပွားကို ဖျက်ဆီး မပစ်နိုင်အောင်၊ ထိမ်းမနိုင် သိမ်းမရ မဖြစ်အောင် ထိန်းချုပ်ပြီး လုပ်ဆောင်နေတာကြောင့် ဖြစ်ပါတယ်။
ဒီလို အခြအနေအောက်မှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အရှိန်အဟုန်မြှင့်ဖို့ အဓိက လိုအပ်ချက်က ဒီမိုကရက်တစ် အင်စတီတူးရှင်းတွေ ထူထောင်ရေးပဲ လို့ ပညာရှင်အများအပြားက ထောက်ပြကြပါတယ်။
အနှစ်(၅၀)ကျော် စစ်ပဒေသာရာဇ် စနစ်ဆိုးက အရင်ရှိခဲ့တဲ့ အင်စတီတူးရှင်း အားလုံးကို အမြစ်က အစ ဖြိုဖျက်ခဲ့ပြီး၊ တပ်မတော် ဆိုတဲ့ အင်စတီတူးရှင်းကို တခုတည်းသော အင်စတီတူးရှင်း အဖြစ် အား အကောင်းဆုံး ဖြစ်အောင် ထူထောင်ထားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် တပ်မတော် ဆိုတဲ့ အင်စတီတူးရှင်း လို အားကောင်းပြီး၊ ဒီမိုကရေစီ အတည်အထောင်ကို အားဖြည့်မယ့် အင်စတီတူးရှင်းတွေ ထူထောင်ဖို့ ပညာရှင်များက ထောက်ပြပြောဆို နေကြတာဖြစ်ပါတယ်။
အင်စတီတူးရှင်းတွေ ထူထောင်ရေး အရှိန်အဟုန်နှင့် သွက်လက်မြန်ဆန်မှု့ မရှိဖြစ်နေရတာက ဒီမိုကရေစီ စနစ်ကို အခြေခိုင်အောင် လုပ်ကြမယ့် စတေးကု ဟိုလ်ဒါး တွေ မှာ လိုအပ်တဲ့ ဒီမိုကရေစီ စိတ်ဓါတ်နှင့် စိတ်နေ စိတ်ထား အားနည်း ပျော့ညံ့နေလို့ ဖြစ်တယ်လို့ ကျွန်တော်က ထင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီအရေးရဲ့ သော့ချက်ဟာ စိတ်ဓါတ်တော်လှန်ရေးဖြစ်တယ်၊ စိတ်ဓါတ်နှင့်စဉ်းစားနည်းပြောင်းဖို့လိုတယ်လို့ ဟိုးအစောကြီး ၁၉၈၈ခုနှစ် ကတည်းက စိုက်လိုက်မတ်တတ် ပြောဆို သတိပေးလာတာ ဒီကနေ့အထိပါပဲ။
လွန်ခဲ့တဲ့ ၂၀၁၁၊ စက်တင်ဘာလ(၁၅)ရက်နေ့၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့မှာ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာကို ပြန်ပြီးတင်ပြပါရစေ။
“ကျမတို့ရဲ့ ဒီမိုကရေစီတော်လှန်ရေးဆိုတာ တကယ်တော့ စိတ်ဓာတ်တော်လှန်ရေးပဲ ဖြစ်တယ်။ ဒီမိုကရေစီ ခိုင်မာအောင် လုပ်ဖို့ဆိုလို့ရှိရင် ကိုယ့်စိတ်တွေက တကယ့်ကို ဒီမိုကရေစီနဲ့ ဆီလျော်တဲ့စိတ်တွေ ဖြစ်ရမယ်။ ဒီမိုကရေစီနဲ့ဆီလျော်တဲ့ စိတ်ဓာတ်တွေကို ကျမတို့မွေးမြူရမယ်။ ကျမတို့ပါးစပ်ကနေပြီးတော့ ဘယ်လိုပဲပြောနေပြောနေ စိတ်ကနေ ပြီးတော့ မပါလို့ ရှိရင် ကျမတို့ အောင်မြင်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။ ကျမတို့ စိတ်ဓာတ်တော်လှန်ရေးဆိုတာ စိတ်ကိုပြောင်းလဲ ခြင်းပဲ။ တော်လှန်ရေးဆိုတာဟာ အခြေအနေတခုကို သိသိသာသာ တခါတည်း ပြောင်းလဲပစ်လိုက်တာ ပဲ။ ထင်သာမြင်သာဖြစ်အောင်လို့ အပြောင်းအလဲ အကြီးကြီး ဖြစ်အောင်လို့ လုပ်လိုက်တာပဲ။”

“ကျမတို့ ဒီမိုကရေစီ ရချင်တယ်ဆိုရင်၊ ဒီမိုကရေစီ ခိုင်မြဲချင်တယ်ဆိုရင် ကျမတို့ရဲ့စိတ်တွေကို ဒီမိုကရေစီနဲ့ထိုက်တန်အောင်လို့ လုပ်ရမယ်။ ဒီမိုကရေစီနဲ့ မသင့်လျော်တဲ့ စိတ်တွေ၊ ဒီမိုကရေစီနဲ့ မသင့်လျော်တဲ့ အမြင်တွေကို ကျမတို့ ကပြောင်းကပြန်ကို ဖြစ်အောင်လုပ်ပြီးတော့ ပြန်လှန်ပြီးတော့ တော်လှန်ပစ်လိုက်ရမယ်။ တော်လှန်ပြီးတော့မှ ဒီမိုကရေစီနဲ့ထိုက်တန်တဲ့ စိတ်ဓာတ်တွေကို ကျမတို့ မွေးမြူရမယ်။”
စိတ်ဓါတ်ပြောင်းလဲဖို့နှင့် ပတ်သက်ပြီး အဓိက ဦးဆောင်ပြီး လုပ်ဆောင် ရမယ့် အစုအဖွဲ့ နှစ်ဖွဲ့ ရှိတယ်လို့ ထင်ပါတယ်။ တဖွဲ့က အခု ဒီမိုကရေစီ အပြောင်းအလဲမှာ နိုင်ငံတော်အာဏာနှင့် ပြောင်းလဲမှု့ မိုမင်တန် အရှိန်အဟုန်ကို ချုပ်ကိုင်ထားတဲ့ စစ်အာဏာရှင်ဟောင်းများ ဖြစ်ပြီးတော့၊ နောက်တဖွဲ့က အခု ဒီမိုကရေစီ အပြောင်းအလဲကို ဦးဆောင်ပြီး လုပ်နေကြတဲ့ နိုင်ငံရေး အင်အားစုများ ဖြစ်ကြပါတယ်။
ပထမ အစုအဖွဲ့က ပုဂ္ဂိုလ်တွေဟာ အနှစ်(၅၀)ကျော် စစ်ပဒေသာရာဇ် စနစ်ဆိုးက အသေအချာ လေ့ကျင့် ပျိုးထောင်ပြီး မွေးထုတ်ထားခံရသူတွေ ဖြစ်သလို၊ အဲဒီ စနစ်ဆိုးကနေ အကျိုးအမြတ် အများဆုံးခံစား၊ စံစားခဲ့ သူတွေဖြစ်ကြပါတယ်။ ဒါ့ကြောင့် သူတို့ အဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ "စိတ်တွေက တကယ့်ကို ဒီမိုကရေစီနဲ့ ဆီလျော်တဲ့စိတ်တွေ ဖြစ်အောင်" "ဒီမိုကရေစီနဲ့ ဆီလျော်တဲ့ စိတ်ဓာတ်တွေကို မွေးမြူနိုင်အောင် လုပ်ဆောင်ရး" ဟာ အတော်ခက်ခဲ နိုင်ပါတယ်။ စစ်ပဒေသာရာဇ် စနစ်ဆိုးအောက်မှာ အသားသေနေတဲ့ စိတ်နေ စိတ်ထားကို အပြီးအပိုင် စွန့်ပစ်ဖို့ ဆိုတာက သူတို့ အဖို့ အတော်ကြီးမားတဲ့ စိန်ခေါ်မှု့ ဖြစ်မှာ မလွဲပါဘူး။ တချိန်တည်းမှာ ဒီမိုကရေစီ အခြေခိုင်လာတာနှင့်အမျှ သူတို့တတွေ နှစ်ပေါင်းများစွာ ခံစားလာခဲ့တဲ့၊ ခံစားနေဆဲ ဖြစ်တဲ့ အခွင့်ထူးတွေကို တစတစ လက်လွှတ် ဆုံးရှုံးရမှာ ဖြစ်လေတော့ အနိမ့်ဆုံးအားဖြင့် အပြောင်းအလဲ မြန်မြန်ဆန်ဆန်နှင့် အင်တိုက်အားတိုက်ဖြစ်လာမှာကို လိုလိုလားလား ရှိဖို့ စိတ်အားထက်သန်မယ်လို့ မမျှော်လင့် နိုင်ပါဘူး။
ဆက်ရန်။

Harry Mdy,
Nickey Diamond and 5 others like this.
Kyaw Htin အမှန်ဆုံးပါခင်ဗျာ။

Hla Myint
Resistance to change( transition) is very common .
In physics, we call this property INERTIA.
( This is stated in Newton's First law/ law of Inertia).
In electricity, we call this property Impedence or Resistance.
In Buddhism , we call this Attachment to ( living, non living, even principles ဓမ္မ တဏှာ) ဥပါဒါန်/တဏှာ

After all we are in a great change (Revolution) , transition from military dictatorship to democracy.
No wonder that we come across Resistance.
Attachment ဥပါဒါန်/တဏှာ is the cause of suffering.

2 comments:

sayanyein said...