Wednesday, June 21, 2017

22 june 2017. Our world class Peace lady's problems. Is she trying to change "ruthless meat eater Tiger" to saintly Vegetarian ?

22 june 2017.
Our world class Peace lady's problems.
Is she trying to change "ruthless meat eater Tiger"  to saintly Vegetarian ?

Aung Khin with U Thein Swe Nld and 14 others.
အမေစုဖြေရှင်းရမဲ့ ပြသ၁နာတွေက မနဲဘူး။
••••••••••••••••••••••••••••••••••
လျှပ်စစ်တွေ ထုတ်တယ်
ပြည်သူအများစု မသုံးခဲ့ရဘူး
.
ဆံစပါးအများကြီး ထွက်တယ်
ပြည်သူတွေ ဝဝလင်လင်မစားခဲ့ရဘူး
.
တိုင်းတစ်ပါးသားတွေ ကျူးကျော်နေတာကြာပြီ
ခြံစည်းရိုးမရှိခဲ့ဘူး
.
ဆင်းရဲလို့ မိန်းမငယ်လေးတွေ သူများနိုင်ငံမှာ
ပြည့်တံဆာအလုပ် အစေခံအလုပ်တွေ သွားလုပ်နေရတယ်
ပြည်တွင်းမှာ အလုပ်အကိုင်ရှိအောင် မလုပ်ခဲ့ဘူး
.
စစ်သည်သုံးသိန်းရှိတယ်
သောင်းကျန်းသူတွေကို မနှိမ်နင်းနိုင်ခဲ့ဘူး
.
ပညာတတ်တွေ အများကြီးထွက်တယ်
ပြည်တွင်းမှာ အသုံးမချတတ်ခဲ့ဘူး
.
ကျောက်တွေ ကတ္တရာတွေ အများကြီးရှိတယ်
လမ်းတွေ မကောင်းခဲ့ဘူး
.
သံတွေထွက်တယ်
အပ်တစ်ချောင်းတောင် မလုပ်တပ်ခဲ့ဘူး
.
ရာဘာတောကြီး ရှိတယ်
တာယာကို နိုင်ငံခြားက ဝယ်ခဲ့ရတယ်
.
သယံဇာတတွေ အများကြီးထွက်တယ်
ကုန်ချော မလုပ်တတ်ခဲ့ဘူး
.
ရတနာတွေ အများကြီးထွက်တယ်
ပြည်သူတွေ အလှမဆင်နိုင်ခဲ့ဘူး
.
ပညာရေးနိမ့်ကျနေတယ်
ကောင်းကောင်း သင်ဖို့ စိတ်မကူးခဲ့ဘူး
.
ပင်လယ်ပြင်ကြီးရှိတယ်
ပင်လယ်စာကောင်းကောင်း မစားခဲ့ရဘူး
.
အုပ်ချုပ်ရေး ကစဥ့်ကလျားဖြစ်နေတယ်
တရားဥပဒေ စိုးမိုးအောင် မလုပ်ခဲ့ကြဘူး
.
အကျင့်ပျက်ချစားမှုတွေ များနေတယ်
ပိုင်ဆိုင်မှု ပြအောင်မလုပ်နိုင်ခဲ့ဘူး
.
ကမ္ဘာမှာ အကောင်းဆုံး ဘာသာတရားရှိတယ်
မငြိမ်းချမ်းခဲ့ဘူး
.
အမှန်တရားရှိပေမဲ့
အမုန်းတရားနဲ့ အုပ်ချုပ်ခဲ့တယ်
.
မကျန်းမာတဲ့သူတွေ ရှိတယ်
ဆေးမကုနိုင်ခဲ့ဘူး
.
ရာသီဥတု ကောင်းတယ်
စိုက်ပျိုးရေးမှာ အောက်ဆုံးက ဖြစ်ခဲ့တယ်
.
တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှု အောက်ဆုံးရောက်နေတယ်
ပြည်သူတွေ အုပ်ချုပ်ရေး အတတ်ပညာကို သင်ခွင့်မရခဲ့ဘူး
.
ဝန်ကြီးဌာနအများစု အလွဲသုံးစားလုပ်နေတယ်
အရေးမယူခဲ့ဘူး
.
ကျွန်းသစ်တွေ အများကြီးထွက်တယ်
ပြည်သူအများစု တဲနဲ့နေခဲ့ရတယ်
.
ကမ္ဘာမှာ လူဦးရေအများဆုံးနိုင်ငံ နှစ်နိုင်ငံနဲ့ကပ်နေတယ်
ကုန်ချောပစ္စည်း ရောင်းမစားတတ်ခဲ့ဘူး
.
လက်ပဒေါင်းမှာ စီးပွားရေးလုပ်တယ်
ဒေါ်ခင်ဝင်းဆိုတဲ့ အမျိုးသမီးတစ်ယောက်
မဆီမဆိုင် ဦးနှောက်ပွင့်သွားအောင်
အသတ်ခံရတယ်။ ပြည်သူအသက်ကို
အကာအကွယ် မပေးနိုင်ခဲ့ဘူး
.
အေးအေးဆေးဆေး စာသင်တဲ့ ကျောင်းဆရာမလေးတွေ
ယုတ်ယုတ်မာမာ မုဒိန်းကျင့်ခံရတယ်
ရက်ရက်စက်စက် အသတ်ခံရတယ်
ကာကွယ်မှု မပေးနိုင်ခဲ့ဘူး
.
ကမ္ဘာကျော် အတွေးအခေါ်ပညာရှင်ရှိတယ်
ပြည်သူတွေ သူ့အကြောင်း သင်ခွင့်မရခဲ့ဘူး
.
အမှားတွေ ထောက်အပြခံရတယ်
ပြင်ဆင်သွားတာ တခုမှမရှိခဲ့ကြဘူး
.
ဒီမိုကရေစီနိုင်ငံထူထောင်ခဲ့တယ်
အာဏာရှင် စိတ်ဓါတ်နဲ့လူတွေကို
နေရာတွေ များစွာမှာ ခန့်ထားခဲ့တယ်။
.
ကမ္ဘာကျာ် ခေါင်းဆောင်ကို လူထုက တင်မြှောက်ထားတယ်
စိတ်ဖြောင့် လက်ဖြောင့် အုပ်ချုပ်ခွင့် မရဘူး
___________________
ဒေါက်တာ အောင်ခင်
၁၉ -၀၆-၂၀၁၃ (rewritten on 21-06-2016)
မည်သူမဆို လွတ်လပ်စွာ ရှယ်နိုင်ပါသည်


No comments: