Saturday, June 17, 2017

PEACE TOPIC IS NOT INCLUDED IN THE DSA SYLLABUS./ SAYANYEIN Zai Wa Mung Wawhkyung with Hkun Sa Mahkaw and 48 others.

PEACE TOPIC IS NOT INCLUDED IN THE DSA SYLLABUS./ SAYANYEIN

Zai Wa Mung Wawhkyung with Hkun Sa Mahkaw and 48 others.


ဖြစ်ဝကျွန်းပေါ်တွင် BIA က ကရင်များကိုသတ်ဖြတ်ခဲ့သည့်အကြောင်း ဗိုလ်ချုပ်ကျော်ဇောပြောကြားချက်--
“ကရင်ပြသနာစလာတဲ့အခါမှာ ဗိုလ်မိုးကြိုး(BIA တပ်စစ်ဦးစီးချုပ် ဂျပန် ဗိုလ်မှူးကြီး စူဇူကီး)က ပြသနာကိုသူကိုယ်တိုင်တိုက်ရိုက်ကိုင်တွယ်ဖို့ ဆုံးဖြတ်ပြီး ဗိုလ်မှူးကြီး အိုင်ဂျီမာ နဲ့ ကျနော့်ရဲ့ BIA
တပ်စု(၂)စုကို မြောင်းမြပို့ လိုက်တယ်။

အဲဒီကနေ ၁၉၄၂ မေလဆန်း ညတညမှာ ဗိုလ်မိုးကြိုးဆီက ဂျပန်စစ်သား(၂)ဦးက ကျနော့ကိုလာနှိုးပြီး အဂ်လိပ်ထောက်ကူထားတဲ့ ကရင်ပျောက်ကျားတွေ ကခြုံခိုတိုက်ခိုက်လို့ မြောင်းမြခရိုင်မှာဂျပန်ဗိုလ်မှူးတဦးကျဆုံးကြောင်း ရေဒီယိုနယူးဒေလီက
ခုဘဲကြေညာတယ်လို့ ပြောပါတယ်။ ဒီဗိုလ်မှူးကြီးအိုင်ဂျီမာကျဆုံးမှုကိုတိုကျိုကသိရှိပြီး လက်စားခြေဖို့ 
ဗိုလ်မိုးကြိုး ကိုအမိန့်ပေးထားပြီဖြစ်ကြောင်းသူတို့ ကကျနော့ကိုအသိပေးပါတယ်။

ဒါကြောင့်နောက်နေ့ မှာ
ကျနော် BIA တပ်စု(၃)စုက ဗိုလ်မိုးကြိုးနဲ့အတူ မြောင်းမြကိုချီတက်ပါတယ်။ ကျန်ရှိတဲ့ ဗိုလ်မှူး အိုင်ဂျီမာရဲ့ 
တပ်တွေကို ပြန်ကယ်နိုင်ခဲ့ပြီး ကရင်ပျောက်ကျားတွေကို အားပေးတယ်လို့ သိရတဲ့ ကရင်ရွာတွေကို (၂)ပတ်
ကြာတိုက်ခိုက်ခဲ့ပါတယ်။

ခုခံတဲ့ရွာထဲကလူအားလုံးကိုသတ်ပစ်ဖို့ ဗိုလ်မိုးကြိုးက ကျနော့လက်အောက်ခံ တပ်မှူးတွေကိုတိုက်ရိုက်အမိန့် 
ပေးပါတယ်။ သူဟာ တခါတလေ လူသသတ်အမိန့် တွေကို ကျနော့ကနေတဆင့်ပေးခိုင်းပါတယ်။
ကျနော်ကကျနော့တပ်မှူးတွေကို ခုခံတဲ့ရွာတွေကိုတိုက်ဖို့ နဲ့ လက်နက်သိမ်းဖို့ လောက်ကိုသာ အမိန့် ချခဲ့ရပါတယ်။ အဲဒီမှာလူတွေအများကြီးအသတ်ခံရမယ်လို့ ကျနော်မထင်ခဲ့ပါဘူး။

နောက်လပိုင်းတွေမှာ ကျနော်ရန်ကုန်ပြန်ရောက်တော့မှ ကရင်တွေ အလွန်များပြားစွာ အသတ်ခံခဲ့ကြရတယ်ဆိုတာကိုသိရပါတယ်။
ဒီလူသတ်ပွဲဟာ အဓိကအားဖြင့် ဗိုလ်မိုးကြိုးရဲ့ အမိန့် ကြောင့်အလွန်ဘဲ ကြမ်းတမ်းတဲ့ ဖြစ်ရပ်တွေကိုဖြစ်ပေါ်စေခဲ့တာပါ။ နောက်တခုက ကျနော့် ရဲ BIA တပ်မှာ ဘာသာစကားမနးလည်တဲ့အခက်အခဲရှိတယ်။

ကျနော့တပ်သားအားလုံးနီးပါးဟာ ထိုင်းမြန်မာနယ်စပ်ကပါလာတဲ့ ထိုင်းရှမ်းနဲ့ ထိုင်းဗမာတွေဖြစ်ပြီး ဗမာစကားမပြောတတ်ကြပါ။ (ဒီအချက်ကို တော့သုတေသနပြုရန်လိုမည်။ တေ့ပေးချက်ဖြစ်နိုင်သည်။)

ဗိုလ်မိုးကြိုးဟာ ဒီနေရာမှာ စစ်ဦးစီးဖြစ်နေတာအပြင် စစ်အတွေ့ အကြုံ (၂၃)နှစ်ရှိသူဖြစ်တာမို့ ကျနော့အနေနဲ့ သူ အမိန့် ကို လိုက်နာခဲ့ဆောင်ရွက်ခဲ့တာပါ။ ဒါပေမဲ့ ဒီအဖြစ်အပျက်တွေအတွက် ကျနော်တာဝန်ရှိပါတယ်။
တကယ်လို့ အဲဒီတုန်းက ကျနော့မှာ နိုင်ငံရေးအတွေ့ အကြုံသာရှိခဲ့ရင် ဒီလူသတ်ပွဲ မဖြစ်ရအောင် ရှောင်ရှားနိုင်ခဲ့ပါမယ်။

ခုခံတဲ့ရွာတွေကလူတွေအားလုံးကိုသတ်ပစ်မဲ့အစား ကရင်ရွာတချို့ ကိုမီးရှို့ တာလောက်နဲ့
အခြေအနေကို ခုထက်ပိုကောင်းစေနိုင်ခဲ့မှာပါ။”

ဒါကတော့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံဖြစ်မလာနိုင်အောင် သမိုင်းဝင် ပြည်နယ်များကို အစိတ်စိတ်အမွှာ ထုချေခွဲထုတ်တဲ့စီမံကိန်းပါဘဲ။ မြန်မာ့တပ်မတော်ရဲ့ ဗမာပဒေသရာဇ်အမွေခံ ပဉ္စမမြန်မာနိုင်ငံတည်ဆောက်ရေး အရေးတော်ပုံရဲ့ အဆက်လို့လဲဆိုရပါမယ်။ ကချင်မှာသာမက ရှမ်းမှာလဲ ရှမ်းနီ ဆိုပြီး ပင်မရှမ်းအမျိုးသားကနေဖဲ့ထုတ်ပစ်နိုင်ရေးကိုလဲ မြန်မာ့တပ်မတော်က စီမံကိန်းရှိရှိလုပ်ဆောင်နေခဲ့တာပါဘဲ။

စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု စနစ်ကိုလိုလားကြရခြင်းဟာ ပြည်ပရန်ကနေ လုံခြုံဖို့ မဟာဗမာလူမျိုးကြီးဝါဒရဲ့ အရိပ်အ၀ါသကို အထင်ကြီး ကိုးစားယုံကြည်မှုကြောင့်လားလားမျှမဟုတ်ပါဘူး။ အဲလိုအထင်ကြီးစရာမရှိတာကလည်း ပကတိ အဆင့်အတန်းပါ။

ပြည်ပရန်လုံခြုံရေးဆိုတဲ့အယူအဆလောက်သာရှိကြတယ်ဆိုရင် တရုတ်နယ်စပ်ကလူမျိုးစုတွေဟာ မြန်မာပြည်အစားတရုတ်ပြည်ရဲ့ အစိတ်အပိုင်းဖြစ်ခြင်းက အဆမတန်ပိုပြီးလုံခြုံပါတယ်။ ကုလသမဂ္ဂနိုင်ငံတကာဥပဒေတွေသာမရှိခဲ့ရင် မြန်မာပြည်ရဲ့စစ်အင်အားဟာ နေပြည်တော်တခုထဲကိုတောင်ကာကွယ်နိုင်စွမ်းမရှိပါဘူး။ ဥပမာ တရုတ် နဲ့ စစ်ဖြစ်မယ် ၊ ကုလသမဂ္ဂ ၀င်မပါဘူး ဆိုရင် မြန်မာက တရုတ်ကို ဘယ်နှရက် ခုခံနိုင်မလဲ။ ဒါပေမဲ့တရုတ်နိုင်ငံကတော့ ကုလမရှိလဲ အမေရိကန်၊ရုရှား၊အင်္ဂလိပ်စတဲ့ အင်အားကြီးနိုင်ငံတွေကို ကောင်းကောင်း ခုခံနိုင်စွမ်းရှိပါတယ်။

ဒီတော့ မြန်မာ့တပ်မတော်ကရော မြန်မာအစိုးရနဲ့ မီဒီယာတွေကရော တောက်လျှောက် ရပ်တည်ပြောဆိုလာကြတဲ့ စည်းရုံးမှ ပြည်ပရန် ခုခံနိုင်မယ်ဆိုတာက တိုင်းရင်းသားအားလုံး ကိုမဟာလူမျိုးကြီးဝါဒရဲ့စားလုပ်ထဲဆွဲသွင်းနေတဲ့ ၀ါဒဖြန့်ချီမှု သက်သက်သာလျှင်ဖြစ်နေတာပါ။ ဒီတော့ တိုင်းရင်းသားတွေဖက်ဒရယ် လိုချင်ခြင်းဟာ ပြည်ပရန်ကာကွယ်ရေးလုံးဝမဟုတ်ဘဲ ပြည်တွင်းကျူးကျော်၊အုပ်စီး ခြယ်လှည်မှုရန်တွေကနေ လွတ်မြောက်ရေးအတွက်သာလျှင်ဖြစ်တာကိုရှင်းလင်းစွာမြင်ရပါတယ်။

ဥပမာထပ်ပြီးပြရရင် ပြည်ပလုံခြုံရေးရည်ရွယ်ချက်လောက်သာရှိကြရင် ကချင်နဲ့ရှမ်းက တရုတ်နိုင်ငံရဲ့အစိတ်အပိုင်းဖြစ်တာက မြန်မာပြည်ထဲပါနေရတာထက် ၁၀ ဆမက ပိုစိတ်ချရမှာဖြစ်သလို၊ ကရင်နီ၊ကရင်၊မွန်နဲ့ထားဝယ်လူမျိုးစုဒေသတွေဟာလဲ နိုင်ငံတကာ ဒီပလိုမေစီကျွမ်းကျင်တဲ့ထိုင်းဘက်မှာရှိနေတာက မြန်မာဘက်မှာရှိနေတာထက် ၃ဆ ပိုလုံခြုံပါတယ်။ အလားတူ ချင်း၊ရခိုင်တွေကလဲ အင်းဒီယားပြည်ရဲ့ပြည်နယ်တွေဖြစ်ခဲ့ရင် မြန်မာပြည်ထက် ၅ဆမက ပြည်ပရန်ကို ကာကွယ်နိုင်စွမ်းရှိနေတာပါ။

ဒီသီအိုရီအရ မြန်မာပြည်စစ်မှန်တဲ့ပြည်ထောင်စုတည်ဆောက်ရေးအတွက် တိုင်းရင်းသားများရဲ့ ဆန္ဒအစစ်အမှန်ဟာ မြန်မာစစ်တပ်က၀ါဒဖြန့် သလို ပြည်ပရန်ကိုကြောက်ရွံ့ကြလို့ လုံးဝါမဟုတ်ဘဲ ပြည်တွင်းရန် လုံခြုံရေး၊ နယ်ပယ်အားလုံး ပြည်တွင်း စိုးမိုးခြယ်လှည်ခံရမှုမှ
လွတ်မြောက်ရေးမျှသာလျှင်ဖြစ်ကြောင်းလုံးဝ ထင်ရှားပါတယ်။ ဒီအချက်ကို တိုင်းရင်းသားများကိုယ်တိုင်ကလည်းပြန်လည်သုံးသပ်ကြည့်ရင် မြင်ကြမှာပါ။
စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဒီနိုင်ငံရေးစိတ်ဓါတ်ဗေဒ ခွဲခြမ်းစိတ်ဖျာသုံးသပ်ချက်ကို လေးနက်ကြဖို့လိုပါမယ်။

တိုင်းရင်းသားမျိုးနွယ်စုတခုကနေ သီးသန့်လူမျိုးအဖြစ်ခွဲထွက်ခြင်းဟာ မြန်မာ့တပ်မတော်ရဲ့ စတုတ္ထမြန်မာနိုင်ငံတည်ထောင်ရေး စီမံကိန်းကို တထွာ တမိုက် အမြင်နဲ့ ပါဝင်အားပေးနေမိခြင်းသာဖြစ်ပြီး မိမိလူမျိုး ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် လုံးဝ အကျိုးမရှိပါ။ လီစူးလူမျိုးမှအုပ်စု တစု ကချင်မျိုးနွယ်စုမှခွဲထွက်လိုခြင်းမှာမြန်မာတပ်မတော်က ကချင့်တပ်မတော်ထက်ပိုအားကောင်းသောကြောင့်သာလျှင်ဖြစ်ပြီး ကချင်ကလူ့အခွင့်အရေးချိုးဖေါက်ခြင်းကြောင့်မဟုတ်ပါ။

အကြောင်းမှာ လူ့အခွင့်အရေးရှုထောင့်မှကြည့်လျှင် ကချင်တို့၏ချိုးဖေါက်မှုမှာ မြန်မာ့တပ်မတော်နှင့်နှိုင်းယှဉ်လို့မရနိုင်အောင်နဲပါးသည့်ပြင် တချို့အမှုများမှာ မြန်မာ့တပ်မတော် သတင်းပေးသူလျှိုများသဖွယ်ပြုမူမှုများကြောင့် အရေးယူခံရခြင်းများလည်းဖြစ်နိုင်သဖြင့် လူမျိုးနွယ်စု ပြသနာမဟုတ်ခြင်းဖြစ်နိုင်ပါသည်။ လီစူးက ကချင်ဆိုသည့်လူမျိုးနာမယ်ကို ဘုံနာမယ်မဟုတ်ဟု ခံစားမိပါက ကချင်မျိုးနွယ်စုစုံညီ ညီလာခံတရပ်ဖြင့် အားလုံးအတွက်ဘုံဖြစ်သောအမျိုးသားနာမယ်တခုကို ပြန်လည်ရွေးခြယ်သတ်မှတ်ခြင်းက ရိုးသားဖြောင့်မတ်သော စေတနာကိုပြဆိုခြင်းဖြစ်ခါ အခြားသောနည်းလမ်းမှားမှာ မသမာသောနိုင်ငံရေးသဘောထားများသာလျှင်ဖြစ်နေပေလိမ္မည်။
မျိုးနွယ်စု များစည်းလုံးကြစေချင်ပါသည်။

အဂ္ဂ

sayanyein

Peace topic is not included in the DSA syllabus.

No comments: