Wednesday, June 21, 2017

22 JUNE 2017. ပထမရွှေကျင်ဆရာတော်ဘုရားကြီး၏ ဆုံးမစာ။ ၁။ ရေကန်၌ မှော်ကိုဖယ်၍ သောက်ရေခပ်ရသည်။ ၂။ မသူတော်၌ အပြစ်ဖယ်၍ ဂုဏ်ကောင်းရှာရသည်။ ၃။ တုံးတံတား ရှောက်စဉ် အရပ်တပါး မကြည့်နှင့် ချောက်သို့ ကျလိမ့်မည်။

22 JUNE 2017.
ပထမရွှေကျင်ဆရာတော်ဘုရားကြီး၏ ဆုံးမစာ။
၁။ ရေကန်၌ မှော်ကိုဖယ်၍
သောက်ရေခပ်ရသည်။
၂။ မသူတော်၌ အပြစ်ဖယ်၍
ဂုဏ်ကောင်းရှာရသည်။
၃။ တုံးတံတား ရှောက်စဉ်
အရပ်တပါး မကြည့်နှင့်
ချောက်သို့ ကျလိမ့်မည်။


သခင် သိအောင်လုပ်'s photo.
Teachings of Ven. ShweKyin Sayadaw.
ပထမရွှေကျင်ဆရာတော်ဘုရားကြီး၏ ဆုံးမစာ။
၁။ ရေကန်၌ မှော်ကိုဖယ်၍
သောက်ရေခပ်ရသည်။
၂။ မသူတော်၌ အပြစ်ဖယ်၍
ဂုဏ်ကောင်းရှာရသည်။
၃။ တုံးတံတား ရှောက်စဉ်
အရပ်တပါး မကြည့်နှင့်
ချောက်သို့ ကျလိမ့်မည်။
၎။ သံသရာတံတား လျှောက်စဉ်
သူတစ်ပါးအပြစ်မကြည့်နှင့်
သံသရာချောက်သို့ ကျလိမ့်မည်။
၅။ ရိုသေစွာခစားလျှင် မင်းခစားပင်
မင်းကိုနိုင်သည်။
၆။ ကျင့်ဝတ်ကချွတ်လျှင် တပည့်ပင်
ဆရာကိုနိုင်သည်။
၇။ မြင်းနိုင်လို ဇက်ဆွဲ
လှေနိုင်လို တက်စွဲ။
ဆရာနိုင်လို ကျင့်ဝတ်ရိုသေမြဲ။
၈။ ပန်းပဲဆရာ အထုမခံရသော သံတုံး လက်နက်မဖြစ်။

၉။ ကျောက်ဆစ်ဆရာ အဖြတ်မခံရသော ကျောက်တုံး အရုပ်မဖြစ်။
၁ဝ။ ဆရာကောင်း အဆုံးအမ မခံရသောတပည့် သူကောင်းမဖြစ်။
၁၁။ သစ်ပင်ကြီးသည် ခုတ်လှဲသူကို မလဲမခြင်း အရိပ်ဖြင့်အေးစေ၏။
၁၂။ နံ့သာတုံးသည် မီးရှို့သူကို မကျွမ်းမချမ်း အနံ့ဖြင့်မွှေးစေ၏။
၁၃။ သူတော်ကောင်းသည် ညှဉ်းဆဲသူကိုသော်လည်း
မသေမချင်း အကျိုးဆောင်၏။
၁၄။ တုတ်ဓားကိုင်လျှင် ခွေးဟောင်သည်
အစြာေ<ွကးလျှင် အမြီးနှံ့သည်
ထို့ကြောင့် တုတ်ဓားအားမကိုးကြနှင့်။
၁၅။ တရားဟောတတ်လျှက် အကျင့်တန်လျှင်
မျောက်အုန်းသီး ရသည်နှင့်တူ၏။
၁၆။ ဗဟုသုတရှိလျှက် သီလမရှိလျှင်
ရေမတည်သော ကန်နှင့်တူ၏။
၁၇။ ပညာရှိလျှက် သီလမရှိလျှင်
အသီးမချိုသော သစ်ပင်နှင့်တူ၏။
၁၈။ ကျမ်းဂန်တတ်လျှက် သီလမရှိလျှင်
အဆိပ်သီးပင်နှင့် တူ၏။
၁၉။ မသူတော်ကား လာဘ်ရဖို့ ကြံသည်
သူတော်ကောင်းကား တရားရဖို့ ကြံသည်။
၂ဝ။ ပညာမှီ၍မာန်တက်လျှက် ထိုပညာသည်ရွံဖွယ်တည်း။
၂၁။ စာတတ်လျှက် မိမိကိုယ်ကို မဆုံးမလျှင်
ထိုစာ ငရဲရိက္ခာတည်း။
၂၂။ သရက်ပင်ငယ် အသီြး<ွကယ်လျှင်
ကျိုးပဲ့တတ်သည် ကြိုးဆွဲ၍ ဂွထောက်ရမည်။
၂၃။ ရဟန်းငယ်ငယ် ဂုဏ်ထူြး<ွကယ်လျှင်ကျိုးပဲ့တတ်သည်။
သီလကြိုးဆွဲ၍ သမာဓိ ဂွထောက်ရမည်။
LikeShow more reactions
Comment


No comments: