Monday, June 5, 2017

ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် - NLD ပါတီ က အနိုင်ရပါတီဖြစ်ကာ အစိုးရ ဖွဲ့ သည့် ပါတီ ဖြစ်ခြင်း ကြောင့် အခြားသော နိုင်ငံရေး ပါတီများအားလုံးမှာအတိုက်အခံ နိုင်ငံရေးပါတီများဖြစ်သွားကြသည်။ နိုင်ငံရေးတွေ မပြောချင်ဘူး ဆိုသည့်

6 june 2017.
အတိုက်အခံ နိုင်ငံရေးပါတီရုံးများသို့  သနပ်ခါးတုံး နှင့် ကျောက်ပျဉ်သာ ပို့ လိုက်ပါတဲ့
===================================
နိုင်ငံရေးပါတီ (၁၀၂) ပါတီ ရှိရာ အနိုင်ရပါတီမဟုတ်သော အခြား အတိုက်အခံ ပါတီများမှာ အနိုင်ရ ပါတီ ကို မတို့ မထိရဲ နှင့် လက်ရှိ ပြည်သူ လူထု အခက် အခဲ များကို အတိုက်အခံ ပါတီ ခေါင်းဆောင်များက အနိုင်ရပါတီ ခေါင်းဆောင်များကို ထိပ်တိုက် ရင်ဆိုင် ပြောခြင်း ကို မီဒီယာမှ တောင် လက်ညှိုးထိုး ပြောဆိုရဲခြင်းတောင် မလုပ်ရဲ သည့် အခြေ အနေ ဖြစ်နေသည့် အတွက် ပေတစ်ရာပေါ်ကို မေခလာ ထွက်ပြီး သပိတ်မှောက်စရာမလိုတော့ပါဘူး အတိုက်အခံ ပါတီများ ထံသို့  သနပ်ခါးတုံး နှင့် ကျောက်ပျဉ်၊ ထမီ တို့ ပေးပို့ ရန်သာ လိုပါတော့ကြောင်း . . ..
1 View
ပေတစ်ရာပေါ်ကို မေခလာ ထွက်ပြီး သပိတ်မှောက်စရာမလိုတော့ပါ နိုင်ငံရေးပါတီရုံးများသို့  ကျောက်ပျဉ် သနပ်ခါးတုံး နှင့် ထမီ သာ ပို့ လိုက် ပါ
============================== = = = = = = = = = = = == = = == = = = == = =
မြန်မာနိုင်ငံတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် သို့  နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားသည့် ပါတီပေါင်း (၁၀၂) ပါတီရှိရာ ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် - NLD ပါတီ က အနိုင်ရပါတီဖြစ်ကာ အစိုးရ ဖွဲ့ သည့် ပါတီ ဖြစ်ခြင်း ကြောင့် အခြားသော နိုင်ငံရေး ပါတီများအားလုံးမှာအတိုက်အခံ နိုင်ငံရေးပါတီများဖြစ်သွားကြသည်။
နိုင်ငံရေးတွေ မပြောချင်ဘူး ဆိုသည့် သီချင်းစာသားပါအတိုင်း ငြိမ်းချမ်းလိုအပ်သကဲ့သို့  စားဝတ်နေရေး အဆင်ပြေရန်လည်း အဓိက လိုအပ်ပါသည် ။ သီချင်းထဲတွင် ပါဝင်သည့် နိုင်ငံတော် ဆိုသည့် စာသားတို့ ၊ ဘဲဥတစ်ခြမ်း နှင့်စစ်ဖြစ်သွားမည် တို့  ၊ နိုင်ငံတော်ကြီး ရှင်းမရပါလား တို့  ငြိမ်းချမ်းရေး နှင့် ပတ်သက်သည့် ဒီအိမ်ပေါ်မှာ ဒီလိုပုံနဲ့  ငြိမ်းချမ်းရေးရမလား စသည့် စာသားများမှာ ၂၀၁၅ အောက်တိုဘာလ အတွင်း ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ထွက်ရှိခဲ့သော်လည်း ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ ပါတီ နှင့် အစိုးရ အတွက် အတိတ်နိမိတ်ယူစရာ ဖြစ်ခဲ့ကြောင်း တွေ့ ရသည်။ ( အရူး သဘင်သည် ကလေး ပြောစကားကို အတိတ် နိမိတ် ကောက်ယူရမည် ဟု အယူတော်မင်္ဂလာ ဦးနိုး မှ ပြောကြားချက် )
၂၀၁၅ မေလ ၂၈ ရက် တနင်္ဂနွေ နေ့  ပြုလုပ်သည့် ၂၁ ရာစု ပင်လုံ ညီလာ ခံ ၏ နိုင်ငံရေးကဏ္ဍ ဆွေးနွေးပွဲ တွင် ဦးသိန်းစိန် လက်ထက် NCA ပဋိဥာဉ် ပျက်လုနီးပါး ဖြစ်ခဲ့ရကြောင်း တစ်ဆင့်စကားများအရ ကြားသိရသည့် အတွက် ဦးနိုးပြောတာ မှန်သကဲ့ သို့  ဖြစ်နေပါသည် ။ စားဝတ်နေရေး နှင့် ပတ်သက်၍လည်း ကုန်ဈေးနှုန်း ကြီးမြင့်မှုမှာ ၂၀၁၆ ဧပြီ-မေ-ဇွန် လများ နှင့် ၂၀၁၇ ဧပြီ - မေ - ဇွန် လများ နှိုင်းယှဉ်ပါက သမ္မတ ဦးသိန်းစိန် အလွန် ကုန်ဈေးနှုန်းမှာ တစ်နှစ် အကြာတွင် ပိုမိုမြင့်မားသည့် အခြေအနေ သို့  ရောက်ရှိ သွားပြီဖြစ်သည်။
အထက်တွင် ရေးသားခဲ့သလို နိုင်ငံရေးပါတီ (၁၀၂) ပါတီ ရှိရာ အနိုင်ရပါတီမဟုတ်သော အခြား အတိုက်အခံ ပါတီများမှာ အနိုင်ရ ပါတီ ကို မတို့ မထိရဲ နှင့် လက်ရှိ ပြည်သူ လူထု အခက် အခဲ များကို အတိုက်အခံ ပါတီ ခေါင်းဆောင်များက အနိုင်ရပါတီ ခေါင်းဆောင်များကို ထိပ်တိုက် ရင်ဆိုင် ပြောခြင်း ကို မီဒီယာမှ တောင် လက်ညှိုးထိုး ပြောဆိုရဲခြင်းတောင် မလုပ်ရဲ သည့် အခြေ အနေ ဖြစ်နေသည့် အတွက် ပေတစ်ရာပေါ်ကို မေခလာ ထွက်ပြီး သပိတ်မှောက်စရာမလိုတော့ပါဘူး အတိုက်အခံ ပါတီများ ထံသို့  သနပ်ခါးတုံး နှင့် ကျောက်ပျဉ်၊ ထမီ တို့ ပေးပို့ ရန်သာလိုပါတော့ကြောင်း . . ..
NLD ပါတီ ကြီးအုပ်ချုပ်လို့  ပြည်သူတွေ ပိုမို ကြပ်တည်းသွားပြီလား ပိုမို ကြပ်တည်းလာပြီလား ဆိုသည် ကို ရှောင်လွှဲ ရန် မှာ အနိုင်ရပါတီ ခေါင်းဆောင် အနေဖြင့် စီးပွားရေး အထူး ဖွံ့ ဖြိုးရေး ဆောင်ရွက်မှု ကာလ တစ်ခု သတ်မှတ် ပြီး အခွန်စည်းကြပ်မှုကို ယာယီရပ်ဆိုင်းခြင်း ပြုလုပ်လိုက်ရုံသာ ရှိပါသည် ။
ဂျပန် နိုင်ငံမှာ အစိုးရ ၀န်ကြီးဌာနများအားလုံးတွင် ၀န်ထမ်းအများဆုံးမှာ အကောက်ခွန်နှင့် သက်ဆိုင်သည့် ၀န်ကြီးဌာနသာ ဖြစ်ကြောင်း သိရသည်။ မြန်မာ နိုင်ငံမှာတော့ အခွန် တွေ အများကြီး ရလို့ ဆိုပြီး အခွန်ဌာန ကို လစာ နှစ်ဆ တိုး ပေးသည် တဲ့ ။
ဂျပန် နိုင်ငံလို အခွန် ၀န်ထမ်း တွေ ထပ်မံ ခန့် ထား သင့် ပါကြောင်း ...
၁၉၈၈ အရေးအခင်းမတိုင်မီကာလ၊ ၁၉၉၆ ကျောင်းသား သပိတ်တိုက်ပွဲ ကာလ၊ ၂၀၀၇ စက်တင်ဘာ အရေးအခင်း ကာလ များ တွင် အရေးအခင်းဖြစ်စဉ် တွင် ပါဝင်ခြင်း မရှိသည့် ကျောင်းများ တက္ကသိုလ်များ၊ သံဃာတော်ကျောင်းတိုက်များသို့  သနပ်ခါး တုံး နှင့် ကျောက်ပျဉ် ပေးပို့ သည့် ဖြစ်စဉ်များကို ကိုးကားပါသည်။ မည်သူ့ ကို မှ မရည်ရွယ်ပါ နော် . . . .. .
ပြည်သူနှင့် အတူ စားဝတ်နေရေး ချောင်လည်ရေး ၊ မြန်မာ့ နယ် မြေ ပိုင် နက် အတွင်း ရှိ တိုက် ခြံ မြေ များ ဈေး တက်ရေး ၊ တစ် ဦး ချင်းဝင်ငွေ တိုးတက်ရရှိရေး ၊ ကြွေး မြီ ကင်း စင် ရေး ၊ မိုးရာသီ ရန်ကုန်မြို့ ရေကြီး ရေလျံ မှု လျော့ နည်းရေး .......
စသည် စသည် တို့  ကို ဆောင် ရွက် ကြ ရ အေင် လို့  ပါ . . . .
Admin တစ်ဦး
LikeShow more reactions
Comment

No comments: