Tuesday, February 12, 2013

Memoirs of khin mg gyi slrd1/ January 27

Memoirs of khin mg gyi slrd1/ January 27
January 27
၁၉၉၀ ပြည့်နှစ် မေလအတွင်း ကျွန်တော် ပဲခူးတိုင်းရုံးမှာ တာဝန်ကျနေစဉ်ကာလ တစ်နေ့မှာ ရုံးချူပ်က ညွှန်ကြားရေးမှူး (တစ်ခါတစ်ရံ ဆရာကြီးလို့အခေါ်ခံရသူ) တစ်ယောက်က ဖုန်းဆက်ပါတယ်။အရင်တုန်းက ဒီလို ကိစ္စတွေမှာဖုန်းဆက်ရိုး ထုံးစံ မရှိခဲ့ဘူးပါ။
ညွှန်မှူး--ညွှန်ချူပ်ကဆက်ခိုင်းလို့ကွ။မင်းတို့အဖွဲ့ကိုရာထူးတိုးပေးတော့မှာ၊ မင်းအနေ နဲ့ ကရင် (ပြည်နယ်) ဆိုရင်ဘယ်လိုလဲ။
ဖြေ- - သွားပါ့မယ်ခင်ဗျ။ သိပ်မဝေးလှပါဘူး။ပဲခူးနဲ့ ဘားအံဆိုနေ့တ၀က် နဲ့ရောက်
ပါတယ်။
နောက် ၅ ရက်လောက်ကြာတော့ ဖုန်းဆက်ပြန်တယ်။
ညွှန်မှူး - - ကချင်ဆိုရင်ကောဘယ့်နှယ့်နေမလဲ။
ဖြေ - - ကောင်းပါတယ်ခင်ဗျ။ ရုံးချူပ် (ရန်ကုန်) အစည်းအဝေးတက်ရရင် စစ်ကိုင်းနဲ့
မန္တလေးကကျွန်တော့အမျိုး၊ ဇနီးသည်ရဲ့အမျိုးတွေနဲ့အသွားရော အပြန်ပါ တွေ့ရတာပေါ့ခင်ဗျာ။
၃- ၄ ရက်လောက်နေပြီးဖုန်းဆက်တာက
ညွှန်မှူး - - ခင်မောင်ကြီး၊ မင်းရခိုင်ကိုပြောင်းရရင်ဘယ်လိုလဲကွ။
ဖြေ - - ရခိုင်ကအစားအသာက်ပေါတော့အဆင်ပြေပါတယ်ခင်ဗျ။
၇ ရက်လောက်နေတော့ရာထူးတိုးတဲ့အမိန့်စာရပါတယ်။ ကျွန်တော့ကို တနင်္သာရီတိုင်း၊ တိုင်းဦးစီးမှူးအဖြစ် ရာထူးတိုးမြှင့်ခန့်ထားလိုက်တဲ့အကြောင်း။ အဲ့ဒီအမိန့်စာမှာရာထူးစဉ်အရအမှတ်စဉ် (၁) ရန်ကုန်သားကရခိုင်၊ အမှတ်စဉ် (၂) ရန်ကုန်သားက ကရင်၊ အမှတ်စဉ် (၃) မန္တလေးသားက ကျွန်တော်၊ အမှတ်စဉ် (၄) ပဲခူးသားကမွန်၊အမှတ်စဉ် (၅) မြင်းခြံသားက ကချင် ဆိုပြီး အသီးသီးပြောင်း
ကြရပါတယ်။
ကျွန်တော့်ကို ကချင်ပို့မယ်လို့ထင်ထားတာ။ မေးတုန်းကတစ်မျိုး၊ ပို့တော့မေးတောင်မမေးတဲ့နေရာ။ အမှတ်စဉ် (၁) ကမွန်ကိုမှန်းထားသူမို့ ရခိုင်ကိုပြောင်းရတာ သိပ်ဘ၀င်ကျဟန်မတူ။ ဒါပေမဲ့ ၅ယောက်လုံးက သူငယ်ချင်းတွေမို့  အချင်းချင်း ဘာမှမပြောကြပါဘူး။ အမိန့် အတိုင်း တာဝန်ကျရာ တိုင်း/ပြည်နယ်ကိုသွားအလုပ်လက်ခံပြီး တာဝန်ထမ်းဆောင်ကြပါတယ်။
တစ်နှစ်နီးပါး အကြာမှာ အမှတ်စဉ်(၁)က ရုံးချုပ်မှာကျင်းပတဲ့ သင်တန်းတစ်ခု က အမေးအဖြေကဏ္ဍ မှာ လူကြီးတွေကို ဂါရ၀ပြုတာနဲ့ လာဘ်ပေးလာဘ်ယူလုပ်တာ ခွဲခြားသိလိုပါတယ်လို့  မေးခွန်းထုတ်၊ နောက်ရက်မှာ တာဝန်အရှိဆုံးလူကြီးက မလာတော့ဘဲ သူ့ လက်ထောက်ကို ကိုယ်စားအဖြေခိုင်းတာမှာ လူကြီးရဲ့အဖြေကို မကျေနပ်လို့ နုတ်ထွက်စာ တင်ပြီး ဌာနကို စွန့် ခွာသွားပါတော့တယ်။
ဆက်ရန်-
2Share

Marlar Khin likes this.
Hla Myint u khin mg gyi is a MU graduate.
As a MU graduate , I am proud of him.
His memoirs are INTERESTING.
we expect to read more of memoirs of ukmg-slrd .
ကျေးဇူသိတတ်တာ လူကောင်းတယေက်ရဲ.အရေးကြီးတဲ.အရည်အသွေးတခုပါ။
We should count our blessings.
10 minutes ago · Edited

1 comment:

sayanyein said...

u khin mg gyi is a MU graduate.
As a MU graduate , I am proud of him.
His memoirs are INTERESTING.
we expect to read more of memoirs of ukmg-slrd .
ကျေးဇူသိတတ်တာ လူကောင်းတယေက်ရဲ.အရေးကြီးတဲ.အရည်အသွေးတခုပါ။
We should count our blessings.