Thursday, February 14, 2013

Where does Lady Daw Aung San Su Kyi stand ?

Where does Lady Daw Aung San Su Kyi stand ?
Ven Ravika shared a link.

ကချင်မြန်မာအပစ်ရပ်ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မည်သည့်ပုဂ္ဂိုလ်ကိုမှ သီးသန့်ဖိတ်ခေါ်မည်မဟုတ်ဟု ကေအိုင်အေက ထုတ်ဖော်ပြောဆိုလိုက်သည်။ မြန်မာအစိုးရက ကချင်ကို ထိုးစစ်ဆင်တိုက်ခိုက်ချိန်မှ စ၍ ယနေ့အထိ မြန်မာ့တပ်မတော်ကို ရှုတ်ချဖို့ ဒေါ်အောင်ဆန်းစုကြည် ပျက်ကွက်ခဲ့သည်ကို ကချင်လူမျိုးများက ကျေနပ်ခြင်းမရှိကြပါ။

ကချင်ထိုးစစ်ကို ဆင်နွှဲခဲ့ပြီး နိုင်ငံရေးအရ သိက္ခာပြန်ဆယ်နေသည့် မြန်မာအစိုးရက ပြည်ထောင်စုနေ့ကို အသုံးချခဲ့သလို အတိုက်အခံများနှင့်တိုင်းရင်းသားလူမျိုးများ မနီးစပ်စေရေးအတွက်လည်း စွမ်းဆောင်နိုင်ခဲ့သည်ကို တွေ့ရသည်။

လက်ရှိအချိန်တွင် ခရိုနီများသည် ပုံစံအမျိုးမျိုးဖြင့် အသွင်ပြောင်းလျက်ရှိရာ သူတို့၏ ဓနအင်အားကို အသုံးချ၍ အသင်းအဖွဲ့များကို ဖွဲ့စည်းခြင်း၊ ထိပ်သီးခေါင်းဆောင်များကို ချဉ်းကပ်ခြင်း၊ မိမိမိသားစုနှင့်လုပ်ငန်းများကို ကာကွယ်နိုင်ဖို့ ကြိုးစားလာကြသည်ကို တွေ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်၏အနားတွင် ရစ်သီရစ်သီ ပြုံးဖြီးနေသော အထင်ကရပုဂ္ဂိုလ်များကို ကြည့်လျှင် မျက်နှာသစ်များသာ များကြောင်း တွေ့ရမည်ဖြစ်သည်။ ဣဿာ၊ မစ္ဆရိယ မနာလိုဝန်တိုစိတ်များ၍ ပြောခြင်းမဟုတ်ဘဲ သတိထားနိုင်ဖို့သာ ဖြစ်ပါကြောင်း၊ အစစ်နှင့်အတုကို ခွဲခြားတတ်ဖို့သာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပေသည်။

16 people like this.
8 shares
Billy Kee agree 100%

Padang Htoi မြန်မာအစိုးရက ကချင်ကို ထိုးစစ်ဆင်တိုက်ခိုက်ချိန်မှ စ၍ ယနေ့အထိ မြန်မာ့တပ်မတော်ကို ရှုတ်ချဖို့ ဒေါ်အောင်ဆန်းစုကြည် ပျက်ကွက်ခဲ့သည်ကို ကချင်လူမျိုးများက ကျေနပ်ခြင်းမရှိကြပါ။

John Tsaw Li သတိထားနိုင်ဖို့ သာ ဖြစ်တယ်..

Naakaa Man ခုလည်း ကာချုပ်က တကယ် ငြိမ်းချမ်းရေး( အမှန်အကန် Bullet) ရချင်ရင် နေပြည်တော်ကို လာခဲ့တဲ့  သွားကျွေးတာများသွားတော့ ထအော်ကြကုန်တယ် အဲဒီတော့ ငါ့နယ်မြေကို လာ ဘယ်နည်းနဲ့ ကျွေးရ ကျွေးရ နင်တို့ ခံရဖို့ ဘဲ

Hla Myint 1000% agree.
မြန်မာအစိုးရက ကချင်ကို ထိုးစစ်ဆင်တိုက်ခိုက်ချိန်မှ စ၍ ယနေ့အထိ မြန်မာ့တပ်မတော်ကို ရှုတ်ချဖို့ ဒေါ်အောင်ဆန်းစုကြည် ပျက်ကွက်ခဲ့သည်ကို ကချင်လူမျိုးများက ကျေနပ်ခြင်းမရှိကြပါ။
ရှိသင်.တဲ. ရပ်တည်ချက်ပါ

a

1 comment:

sayanyein said...

မြန်မာအစိုးရက ကချင်ကို ထိုးစစ်ဆင်တိုက်ခိုက်ချိန်မှ စ၍ ယနေ့အထိ မြန်မာ့တပ်မတော်ကို ရှုတ်ချဖို့ ဒေါ်အောင်ဆန်းစုကြည် ပျက်ကွက်ခဲ့သည်ကို ကချင်လူမျိုးများက ကျေနပ်ခြင်းမရှိကြပါ။
ရှိသင်.တဲ. ရပ်တည်ချက်ပါ