Monday, January 6, 2014

လက်ရှိ အတိုက်အခံ ခေါင်းဆောင်တွေ နှင့် နိုင်ငံရေးသမား အများစုက" ခွေးမသား" နိုင်ငံရေးသမားတွေ ဖြစ်နေကြတယ်



By: Mung L Wawhkyung

နိုင်ငံရေးသမား အများစုက" ခွေးမသား" နိုင်ငံရေးသမားတွေ ဖြစ်နေကြတယ်

လက်ရှိ မြန်မာနိုင်ငံမှာ လုပ်နေသော အတိုက်အခံ ခေါင်းဆောင်တွေ နှင့် နိုင်ငံရေးသမား အများစုက" ခွေးမသား" နိုင်ငံရေးသမားတွေ ဖြစ်နေကြတယ် ။ ဥပမာ ပြောရမယ် ဆိုလျှင် သခင် ဖြစ်သူကသူ့ရဲ့ ခွေးကို အစာကျွေးတဲ့ အခါမှာ လိုရာကို စိတ်ကြိုက် ပစ်ကျွေးတယ် ။ အဲ့ဒီ အခါမှာတော့ ခွေးက ပစ်ကျွေးတဲ့ နေရာတွေဆီ အစာကို တစ်နေရာဆီ သွားစားရတယ် ။ အဲ့ဒီတော့ သူ့မှာ တစ်နေရာကို သွားစားလိုက် ပြီးတာနဲ့ နောက် ပစ်ကျွေးတဲ့ နေရာဆီတိုင် သွားစားလိုက် များလာတော့ မောပြီး ပြန်လာလိုက် ဖြစ်နေ ရရှာတယ် ။ အနှစ်ချုပ် ပြန်ပြောရရင် သူ့မှာ စားပြီး အလကားဖြစ် နေရတာတယ် ။ ဘာကြောင့်လဲ ဆိုတော့ သူ့မှာ ဟိုး ပြေးစားလိုက် ဒီ ပြေးစားလိုက် များလာတော့ သူ့ ဗိုက်ထဲမှာ အစာမကျန်တော့တဲ့ အတွက် အကျိုးမရှိဘူး ။ အထက်မှာ အကြောင်းအရာ နှင့် ပြန်ယှဉ်တွဲ ပြောရမည်ဆိုလျှင် လက်ရှိ မြန်မာနိုင်ငံမှာ ရှိနေသော အတိုက်အခံ ခေါင်းဆောင်တွေ နှင့် နိုင်ငံရေးသမား အများစုဟာ ထိုနည်းတူစွာ ဖြစ်နေကြတယ် ။ အဓိက ရန်သူကို မေ့နေကြတယ် ။ ဒါကြောင့် မိမိတိုရဲ့ ရန်သူကို ဦးနှောက်မှာ အစဉ်အမြဲ သတိ ရပြီး အမြဲ တိုက်ထုတ် နေရပါမည် ။ ထိုမျှသာမက လုပ်သင့် လုပ်ထိုက်တဲ့ အရာတွေတိုင်းကို ပြင်းပြင်းထန်ထန် ရအောင် လုပ်ယူရမည် ။ နောက်ပြီး သာပေါင်း ညာစား လူမျိုး ၊ နှမ်းဖြူးသည့် လူမျိုး ၊ ပဂိုလ်ရေး ကိုးကွယ်သည့် လူမျိုးများကို နိုင်ငံရေးသမားထဲမှာ လုံးဝ အလို မရှိပေ ။ အုပ်စိုးသူ လူတစ်စုက သူတို့ ကိုယ်ကျိုးအတွက် အာဏာရှင်စနစ် သက်ဆိုးရှည်အောင် တိုင်းပြည်ကို တရုတ်လက်ထဲ ထိုးထည့်ထားတယ် ။ ဒီလူတစ်စုရဲ့ အုပ်စိုးမှုက လွတ်မြောက်အောင် အတိုက်အခံတွေ တိုင်းပြည်ကို အမေရိကန် လက်ထဲ ထိုးမထည့်ကြဖို့ သတိပေးချင်တယ် ။ စစ်အာဏာရှင်တွေအတွက် တရုတ်ကြီးက ကျေးဇူးရှင်ကြီး ဖြစ်နေသလို အတိုက်အခံတွေ အတွက် အမေရိကန်ကြီးက ကျေးဇူးရှင်ကြီး ဖြစ်နေရင် မကောင်းဘူး ။ ဘယ်ဘက်ကို ကြည့်ကြည့် ကျွန်စိတ်တွေ ပြည့်ဝနေတာကို တွေ့ရမယ် ။ တရုတ်အားကိုးပြီး အာဏာနဲ့ ဓနကို ထူထောင်သူတွေက တဖက် အမေရိကန် အားကိုးပြီး စစ်အဏာရှင် စနစ်အောက်ကနေ လွတ်မြောက်ဖို့ ကြိုးပမ်း သူတွေက တစ်ဖက်ဆိုရင် သိပ်ကို မှားနေပြီလို့ ပြောချင်တယ် ။ ကျွန်စိတ် မကုန်လို့ မလွတ်လပ် သေးတာ ဖြစ်တယ် ။ ကျွန်စိတ် မကုန်သရွေ့လည်း လွတ်လပ်ကြမှာ မဟုတ်ဘူး ။ တိုင်းတစ်ပါးသား အထောက်အပံ့ဆိုတာ တုပ်နှောင်ဖို့ ကြိုးတွေ အဆင်သင့် ပါလာပြီးသား ။ ခေတ်မှီ ဗမာ့တပ်မတော်ကို ထူထောင်ရာမှာ အင်္ဂလိပ်ကို တိုက်ရာမှာ ငွေအား လူအားနဲ့ ဂျပန်က ကူလို့ အင်္ဂလိပ် ထွက်သွားပေမယ့် ဂျပန်ကို ကော်ထုတ်ဖို့ အင်္ဂလိပ်နဲ့ ပြန်ပေါင်းရ ။ တစ်ခါပြန် အင်္ဂလိပ်ကို ကော်ထုတ် ရမလို ဖြစ်နေခဲ့ရင် လွတ်လပ်ရေး ဘယ်အချိန်မှ ရမယ် မသိတော့ဘူး ။ သတိချပ်ရမှာ ရှစ်လေးလုံး အရေးတော်ပုံကြီးနဲ့ မဆလကို ဖြုတ်ချ နိုင်ခဲ့တာ ဘယ် တိုင်းတစ်ပါးသားရဲ့ အကူအညီမှ မပါဘူး ဆိုတာပဲ ။ သခင် ဖြစ်ချင်ရင် ကျွန်စိတ်ကို ဖျောက်ပြီး ပြည်သူ့ အားနဲ့ ပြည်သူ့ အာဏာကို တည်ဆောက်ကြ ။ ရှစ်လေးလုံး ပြည်သူ့ တော်လှန်ရေးကြီးမှာ ဘာ လော်ဘီမှ မရှိဘူး ၊ ဘာ ပီအာမှ မရှိဘူး ၊ ဘာ ပညာရှင်မှ မလိုဘူး ၊ ဘာ မီဒီယာ အတန်းရှင်းမှ မလိုခဲ့ဘူး ၊ ဘာ ကန်ပိန်မှ မလိုဘူး ။ အရိုးရှင်းဆုံး ပြည်သူ့ တော်လှန်ရေး တစ်ရပ်ကို ဆင်နွှဲ ခဲ့တာပဲ ။ အရိုးရှင်းဆုံး ပြည်သူ အချင်းချင်း ရိုင်းပင်းတဲ့ ထမင်းတစ်ထုပ် ရေတစ်လုတ်နဲ့ မဆလ စစ်အာဏာရှင် စနစ်ကို ဖြုတ်ချခဲ့တာ ဖြစ်တယ် ။ ဒေါ်လာ မလိုသလို ယူရိုလဲ မလိုဘူး ။ ဘယ်လို ပရောဟိတ် ပုဏ္ဍားမှလည်း အခါတော် ပေးစရာ မလိုခဲ့ဘူး ။ သခင်ဖြစ်ချင်ရင် ကျွန်စိတ်ဖျောက် တကယ် လွတ်လပ်ချင်ရင် ပြည်သူ့ အာဏာကို ပြည်သူ့ အားနဲ့ ပြည်သူက ကျွေးတဲ့ တိုက်တဲ့ ထမင်းတစ်ထုပ် ရေတစ်လုတ်နဲ့ တည်ဆောက် ကြပါ ။ အခွင့်ပြုချက် မယူဘဲ ဆန္ဒပြသည့် ပုဒ်မ ၁၈ အပါအဝင် ဒီမိုကရေစီစနစ်နှင့် မကိုက်ညီဘဲ ပြည်သူလူထု အပေါ် ကန့်သတ် ချုပ်ချယ် သကဲ့သို့ ဖြစ်နေသည့် နိုင်ငံရေးအရ ဖိနှိပ် ဖမ်းဆီးမှုများ ရပ်တန့်ရေး ၊ ဒီမိုကရေစီ စနစ် နှင့် မကိုက်ညီသည့် မတရားသော ဥပဒေများ ပယ်ဖျက် ၊ ပြင်ဆင်ရေး ၊ ဥပဒေ နှင့် မလျှော်ညီသော ဖိနှိပ် ညှင်းပမ်းမှုများ ရပ်တန့်ရေးအတွက် အာဏာပိုင်တွေက ဥပဒေဘောင်အတွင်းမှ လုပ်တတ်အောင် ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ ဝန်ကြီးတွေ သူခိုးကြီးတွေကို ထိန်းသိမ်းပါ ၊ ဖမ်းပါ ။ ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ သမ္မတကြီးနဲ့ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ တပ်မတော်ကိုပါ ထိန်းသိမ်းရင် ၊ ဖမ်းရင် ပိုကောင်းတယ် ။ လုပ်နိုင်လား ။ သရုပ်မှန် မကြာမှီ လာမည် ။ စောင့်စား ကြပါကုန် ။ ထိုကြောင့် နိုင်ငံ နှင့် လူမျိုးအတွက် တစ်ကယ်ကို တိုးတက်အောင် လုပ်ဆောင် ပေးနိုင်သည့် လူမျိုးများကိုသာ ထာဝစဉ် အလိုရှိပါသည် ။ ၂၀၁၄ခုနှစ်မှ စ၍ မျိုးချစ်စိတ် ပြင်းထန်း ပြင်းပြတဲ့ နိုင်ငံ နှင့် လူမျိုးအတွက် တစ်ကယ် ပေးဆပ်တတ်သော ၊ နှလုံးသား ရှိသော သူများစွာ ရှိကြပါစေဟု ဆုမွန်ကောင်း တောင်းအပ် လိုက်ပါသည် ။ BY - @[100003568965245:2048:Aung Oo] @[1319843695:2048:Yebaw Aung] @[1793628356:2048:Jasmine Black] — with ကျား ခင်စိန် and 49 others.
By: Mung L Wawhkyung

1 comment:

sayanyein said...

The regime is playing DOUBLE -role, refree-role as well as big-brother-role.We are fools by playing by them ?