Wednesday, January 15, 2014

Talking peace & ceasefires while escalating destruction in Kachin state.(Lachid Kachin with Khin Mgoo and 12 others)


https://www.facebook.com/pages/nyeinchansarpayblogspotcom/119054754921130
https://scontent-a.xx.fbcdn.net/hphotos-prn2/s403x403/1545646_635357943190186_2031255769_n.jpg




ဦးသိန်းစိန် အစိုးရ ၏ ကချင် ဒေသ ငြိမ်းချမ်းရေးဖော်ဆောင်နေပုံ
====================================
(by-lachid kachin)
ဦးသိန်းစိန် ဦးဆောင်သော
ဗမာ့နည်းဗမာ့ဟန် ဒီမိုကရေစီ အစိုးရ ၏ ဗမာ စစ်တပ် မှ

ကချင် ပြည်နယ် ဗန်းမော် ခရိုင် ၊
မန်စီမြို့နယ် နမ့်လင်းပါ ၊ မုန်းဒိန်ပါ ဒေသရှိ

ကချင် စစ်ပြေးဒုက္ခသည် စခန်း နှင့် စာသင် ကျောင်းများ ၊

ခရစ်ယာန်ဘုရားရှိခိုး ကျောင်းများအား လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီး ၊

အပြစ်မဲ့ ရွာသားများ ၏ နေ အိမ်များ ၊

စစ်ပြေးဒုက္ခသည်များ အတွက် ပြည်တွင်းပြည်ပ မှ

အလှူ၇ှင်များ ပေးပို့ လှူဒါန်း ထားသော စားနပ်ရိက္ခါ များ၊

အထောက်အပံ့ ပစ္စည်းများအား လုယူခြင်း၊ ခိုးယူခြင်း၊

ရွာသားများ၏နေ အိမ်တွေကို ဖျက်ဆီးပြီး၊

အဖိုးတန် ပစ္စည်းများအား နိုင်သမျှ ယူသွားကာ ၊

မနိုင်တဲ့ ပစ္စည်းတွေ ဖျက်ဆီးသွားတယ်။

စစ်ပြေး ဒုက္ခသည် များခိုလုံ အဆောင် များ နှင့်၊

စစ်ပြေးဒုက္ခသည် မိဘမဲ့ ကျောင်းသား ကလေးငယ်များ ၏

ခိုလုံရာ ဘော်ဒါဆောင်၊စာသင် ကျောင်းဆောင်တွေ ကို

ဤကဲ့သို့ စနစ်တကျဖျက်ဆီး သွား သည့် မှတ် တမ်း ဓါတ်ပုံ အချို့ကို

ဦးသိန်းစိန်၊ မင်းအောင်လှိုင် နှင့် ဦးအောင်မင်းတို့ ၏ ကချင် လူထု

အပေါ်ထားရှိသည့် စေတနာ၊ဂရုဏာ ကြီးမားစွာဖြင့် နေ့ မနား ၊

အရှိန်အဟုန် ဖြင့် (စစ်အင်အားအလုံးအရင်းဖြင့်) ဤကဲ့သို့ ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်

နေ သည် ကို (ဗမာအစိုးရ ၏ ကချင် အပေါ်ထားရှိသည့်သဘောထား၊ စေတနာ)

တွေကို ပိုမို ထင်ဟပ် ပေါ်လွင်စေရန်(ကွက်ကွက် ကွင်းကွင်းမြင်နိုင်ရန်)အတွက်

မိဘပြည်သူများအား မှတ်တမ်းဓါတ်ပုံ နှင့်တကွ ဖော်ပြ ပေးလိုက် ပါသည်။
(Nam Lim Pa after leaving Govt Troop on 4th-10th January 2014 )

Houses and IDP camps were destroyed and damaged. Valuable materials were taken. The remaining materials and utensils including Aid supported for the IDPs were destroyed.)(sumla- Khon Ja )

No comments: