Wednesday, January 29, 2014

သူရသတ္တိ Moral Courage (Nyein Chan)


သူရသတ္တိ Moral Courage (Nyein Chan)
Hla commented on a status.
5:56am
Nyein Chan
January 28
သတ္တိ (Courage) ဆိုတာဘာလဲ နှင့် ဦးငြမ်း

ကျနော်က သူငယ်တန်းကနေ ရှစ်တန်းအထိ အမှတ်(၁၀) အ.လ.က ဒေါ်သက်ရင်ကျောင်း မှာနေခဲ့ပါတယ်။ ရှစ်တန်းအောင်တော့မှ ၁၆ အ.ထ.က ကိုပြောင်းခဲ့ရတာပါ။ အဲ့အချိန်တုန်းက ဒီပြင့်ကျောင်း ကနေ (၁၆) ကျောင်းကိုပြောင်းလာတဲ့ကျောင်းသားတွေဟာ အနဲနဲ့အများ အနှိမ်ခံရပါတယ်။ ဖြစ်ချင်တော့ ကျနော့်ကိုတက်ခွင့်ရတဲ့ အခန်းက ကိုးတန်း (E)တဲ့ အတန်းပိုင်ဆရာမက ဒေါ်ညိုညိုတဲ့ သင်္ချာသင်တယ်၊ အရမ်းသဘောကောင်းပါတယ်။ ဒါပေမယ့် ကျောင်းသားတွေကတော့ ကျောင်းခံ ခပ်ဆိုးဆိုးတွေနဲ့ ဒီပြင့်ကျောင်းက ပြောင်းလာသူတွေ များပါတယ်။ တစ်ရက် ကျောင်းစတက်ပြီး ၂ပါတ်လောက်အကြာ Bio ချိန်မှာပေါ့ ဆရာမက ခပ်ငယ်ငယ်မာစတာပြီးခါစ အထပြဝင်လုပ်တာ။ အဲဒီမှာ သိတဲ့အတိုင်း ကျောင်းသားဆိုးတွေက ဆရာမငယ်ငယ်ဆိုတော့ သွေးတိုးစမ်းတာပေါ့။ သူကျောက်သင်ပုန်း ဘက်ကိုလှည့်သွားတာနဲ့ ယောက်ကျားလေးအကုန်လုံးနီးပါး (ကျနော်နဲ့ရှေ့တန်းက သုံးလေးယောက်မပါ) က ဟေးဟေး ဆိုပြီးစာသင်မရအောင်အော်ကြ၊ ဆရာမဒီဘက်ပြန်လှည့် လာတာနဲ့အားလုံးက ရုပ်တည်လေးတွေလုပ်ထား။ အဲလိုသုံးခါလောက်ဖြစ်တော့ ဆရာမက ယောက်ကျားလေးအားလုံး အခန်းအပြင်ထွက်ဆိုပြီး အားလုံးနှင်ထုတ်လိုက်ပါတယ်။ ဒီလိုနဲ့ ကိုယ်မပါပေမဲ့လဲ ကျနော်တို့အားလုံးအခန်းပြင်ဘက်ရောက်သွားကြတာပေါ့။ သူကမိန်းကလေးတွေကို စာဆက်သင်၊ သူ့အတန်းချိန်ပြီးခါနီးမှ သူကအခန်းပေါက်ဝကနေ ကဲအထဲပြန်ဝင်ခြင်တဲ့သူ တစ်ယောက်ကို ငါးချက်ဆီအရိုက်ခံရမယ်ဆိုပြီးပြောတော့ အားလုံးကလဲ ဘာမှ ကွန့်ပလိန့်မတက်ပဲ အရိုက်ခံပြီးဝင်သွားကြတာပေါ့။ အဲမှာကျနော် စဉ်းစားတာက ကိုယ်မကျူးလွန်ရတဲ့အပြစ်အတွက် အရိုက်မခံနိုင်ဘူးပေါ့ (တကယ်ဆို အဲ့ဆရာမကိုတောင် သနားနေတာ) ဒါနဲ့ကျနော်ကလည်း ဆရာမကို “ဆရာမ၊ ကျနော်ကတော့ အဲလိုအော်တဲ့ထဲမှာမပါဘူး ဒါ့ကြောင့် အရိုက်မခံနိုင်ဘူး” ဆိုပြီး ပြောလိုက်ရော။ ဆရာမလဲငေါင်ပြီး တစ်မိနစ်လောက် စဉ်းစားပြီး ကဲဝင်ဝင်ဆိုပြီး မရိုက်ပဲ ဝင်ခိုင်းလိုက်တယ်။ အဲဒီမှာထူးဆန်းတာက ရိုက်ခံလိုက်တဲ့ ကျောင်းသားတွေအားလုံးက (မအော်တဲ့ကောင်တွေရော) ကျနော့်ကို သတ္တိမရှိဘူး စကြောက်လို့ ပြောကြတာပါပဲ။

PS. ကိုယ်ကတော့ ကိုယ်မလုပ်တဲ့ အပြစ်အတွက် ဆရာမကိုတောင်ရင်ဆိုင်ခဲ့တာပေါ့။ သူရို့ကတော့ ငါ့ကို စကြောက်တဲ့။ နောက်ပိုင်းကျတော့လဲ သူတို့အားလုံးနဲ့ ခင်သွားတာပါပဲ။ — with Ko Zaw Maymyo and 24 others.
1

Nyein Chan
Moral Courage

Moral Courage is the willingness to stand up when others want you to sit down.[13]
The Moral Courage Project was founded by Irshad Manji to promote honest dialogue about diversity, faith, sexuality and ethics amongst leaders in the workplace, at school and in communities.
Most recently, in partnership with YouTube, the Moral Courage Project launched Moral Courage TV showcasing everyday examples of moral courage.


1 comment:

sayanyein said...

Nyein Chan
Moral Courage

Moral Courage is the willingness to stand up when others want you to sit down.[13]
The Moral Courage Project was founded by Irshad Manji to promote honest dialogue about diversity, faith, sexuality and ethics amongst leaders in the workplace, at school and in communities.
Most recently, in partnership with YouTube, the Moral Courage Project launched Moral Courage TV showcasing everyday examples of moral courage.