Wednesday, January 15, 2014

ဟေ့ အာဏာသိမ်း ရဲရင် သိမ်းလိုက် ဒါဘဲ BY - Aung

https://lh5.googleusercontent.com/cLnH28XiMYd0fkim1GOALDxYXXbhNjYNEhU7hXlmbFaeX--o17W6a8pFP4hP8JkntjUc9-NW2fhdldYIyaaPRO1bIjmgmYnusf0r_KR6J5ZroefVjLmJTe_W5w
Mung L Wawhkyung
about an hour ago ·
Mung L Wawhkyung

ဟေ့ အာဏာသိမ်း ရဲရင် သိမ်းလိုက် ဒါဘဲ

လတ်တလော နိုင်ငံရေး အခြေအနေများကြောင့် လက်ရှိ တရားဥပဒေ စိုးမိုးရေး အနေအထားသည် အဆုံးစွန်ဘက်အနီး ရောက်ရှိ နေပြီဖြစ်ပြီး
ဒီလိုချမှ လိုချင်တာရမယ် ဒီလိုချမှ လိုချင်တာ ရမယ် နိုင်ရ မယ် ။ ဆင်ခြင်တုံတရား ၊ ကိုယ်ချင်းစာ တရားမရှိတဲ့ ၊ အေးမြတဲ့ မေတ္တာ ၊ နွေးထွေးတဲ့ အကြင်နာတွေ
ခွါချထားတဲ့ စစ်တပ်က လူ့ စိတ်ဓာတ်ဟာ လောကကြီးကို အကျည်းတန် စေတော့တာ အမှန်ပါ ..... စစ်တပ်က လုပ်ပါစေလို့ ကြည့်နေရမှာ မဟုတ်ဘူး ။ အဲဒါတွေကို သဘောပေါက်ဖို့ လိုတယ် ။

ခေါ်တိုင်းမလိုက်နဲ့ ပေးတိုင်းမယူနဲ့ ကျွေတိုင်းမစားနဲ့ ။ ကိုယ့်ကိုကိုယ် တန်ဖိုးထားမှ သူများက ကိုယ့်ကို တန်ဖိုး ထားမယ်ဆိုတာမမေ့နဲ့ ။ အုတ်တချတ် သဲတပွင့် တိုင်းအေးအေး မနေနိုင်ကြပါ နဲ့ ။ နိုင်ငံတကာက တပ်မတော်တိုင်းမှာ မရှိတဲ့ ပုံစံမို့ လိုပါ ။ မတရားလို့ ပါ ။ အဲဒီ ပုံစံကို ပြင်မှ ရမယ် ..... အုပ်ချုပ်ရေးကနေ သူတို့က ထွက်မှာ မဟုတ် ။

ဘ၀မှာ အခက်အခဲ အကျပ်အတည်းတွေ ကြုံလာတိုင်း ထမင်း တစ်လုပ်စားဖို့ လူတိုင်းရဲ့ မျက်နှာကို ကြည့်နေရတဲ့ အဖေ အမေရယ်လို့ ခေါ်စရာမရှိတဲ့ ဘ၀တွေကို မြင်ယောင်ရင်း အားလုံးကို ကျော်ဖြတ်ပစ်လိုက်မှာ ပဲ .... သူတို့ရဲ့ ထွက်ပေါက်က တပ် တည်ဆောက်ရေး တာဝန်ကို အမြဲတမ်း လိုက်နာရမဲ့ မူဝါဒအဖြစ် တည်ဆောက်ကြပြီး ၊ ပြည်သူတွေရဲ့ ရင်ဝကို ဆောင့်ကန်ပြီး ထွက်တဲ့ အပေါက် ဖြစ်နေတယ် ။
ဘယ်သူမှ မငြင်းနိုင်ဘူး ။ အဲဒါကြောင့် လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးအတွက်
ခေတ်အဆက်ဆက် ကြိုးစား ခဲ့တာ ...... မအောင်မြင် ခဲ့ပါဘူး ။ အဆိုးဆုံးမှာ ပြည်တွင်းစစ်ကို ပြည်တွင်း သောင်းကျန်းမှုလို့ ဖွင့်ဆိုပါတယ် ။ တိုင်းပြည် မတိုးတက်ရခြင်းကို တိုင်းရင်းသားတို့အပေါ် ပုံချ ထားတယ် ။ ပြည်သူတို့အပေါ် ပုံချ ထားတယ် ။

တပ်မတော်က ပြည်သူတို့နဲ့ ခပ်ကင်းကင်းနေပြီး ချိုးချိုးနှိမ်နှိမ် ပြောခဲ့တယ် ။
တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို အတတ်နိုင်ဆုံး ရှေ့တန်း တင်ပြီး လုပ်နေတာတွေ ရှိတယ် ။ ခုထိ ပြည်သူ ဆိုတာလည်း ၆၂ ခုနှစ် ကတည်းက ကမ္ဘာ မှာ ကျွန်ဖြစ် နေတာ ..... သူပုန်ကို ကားပေးပြီး စည်းရုံး ၊ ကာချုပ်က သန်းရွှေရဲ့ မူဝါဒကိုပဲ ကျင့်သုံး ....

ဓာတ်ပုံရှေ့မှာ တွဲရိုက် သွားပြတယ် ။ လူဝင်ဆန့် လာတယ် ... ။
အရင်ထက် နွေးထွေး လာတယ် ။ ပြည်သူကလည်း ... ဟုတ်ပြီ ဆိုပြီး ငတ်နေတဲ့ ကြားက ပျော်ကြရှာတယ် ။ အတိုက်အခံတွေ လျှော့ပေး ။ ခင်ဗျားတို့ ကျော့ကျော့မော့မော့နဲ့ လူရာဝင်လာ ကြတာပါ ။ ဘယ်သူမပြု မိမိမှု့တဲ့ ဗျ ။ သံသရာဆိုတာ လည်နေတာ ကိုယ့်အလှည့်ဆိုတာလည်း ရှိဦးမှာ ပါ ။

ပြည်သူဆိုတာ ခင်ဗျားတို့ရဲ့ မိဘ ပဲ ။ ခင်ဗျားတို့ကို ကျွေးနေတဲ့ လက်တွေ ... ။ နိုင်ငံတစ်ခုမှာ နေပြီး အခြားအဖွဲ့များကို ချုပ်ကိုင်ပြီး မိမိကျတော့ သီးခြားရပ်တည်မယ်လို့ ပြောခြင်းမှာ အာဏာရှင် မဟုတ်ရင် ဘာလဲ ။
ဘယ်တော့မှ လက်မလျှော့ ဘူး ။ အနိုင်အရှုံးကျတော့ ကံစီမံရာ ပဲ ။
အကြောင်း အမျိုးမျိုးပြ ခြစား နေတတ်သူတို့ ရပ်လော့
ငါတို့ တိုင်းပြည် အတွင်း၌ ကျားငစင်းလဲ နှင့် မြေခွေးတို့ ဝင်စပြုလေပြီ သတိရှိရှိ မောင်းထုတ်ရန် ပြင်ကြလော့ ။ ဒီမိုကရေစီမှ မဟုတ်တာ ။

သံချိုချို မြန်မာပြည်က အစိုးရက ငါတို့ အားလုံးရဲ့ ရိုးသားမှု အားလုံး
ငါတို့ အားလုံးကို ငရဲထဲ ဆွဲချထား ၊ နိုင်ငံတကာမှာ အာဏာရှင် သိမ်းပိုက်နိုင်စွမ်း မရှိတော့ ပြီ ၊ နေဝင်စ ပြုလေပြီ ၊ မောင်းထုတ် ကြလော့ ......
လက်ရှိ တို့နိုင်ငံမှာ အသက်ဝင်နေဆဲဖြစ်တဲ့ ဖွဲ့စည်းပုံနဲ့ကတော့ စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် တို့နိုင်ငံ ရောက်ရှိဖို့ ဘယ်လိုမှ အာမခံချက် မရှိဘူး ....
"နောက်ဆုံး အာဏာရှင် ဈာပနခရီး ကိုးသုသာန်တွင် ဂူသွင်းမြုပ်နှံ ကြ .....

မင်းတို့ အာဏာရှင် အားလုံး အတွက် ကမ္ဘာမှာ နောက်ထပ် နေရာ မရှိဘူး ........
ဟေ့ အာဏာသိမ်း ရဲရင် သိမ်းလိုက် ဒါဘဲ

BY - Aung Oo

BY - Aung

No comments: