Friday, March 10, 2017

10 march 2017. ဝီရသူရဲ့အတွေးအခေါ်မဲ့စကားအန္တရာယ်။Htun Aung Gyaw with Kyi San and 59 others. https://www.facebook.com/htun.gyaw/posts/10154114652696580.

10 march 2017.
ဝီရသူရဲ့အတွေးအခေါ်မဲ့စကားအန္တရာယ်။Htun Aung Gyaw with Kyi San and 59 others.

https://www.facebook.com/htun.gyaw/posts/10154114652696580
ဝီရသူရဲ့အတွေးအခေါ်မဲ့စကားအန္တရာယ်။
ရန်ကုန်။ မတ် ၈- မန္တလေးမစိုးရိမ်တိုက်သစ်မှဆရာတော်ဝီရသူက မိန့်ကြားမှုဖြင့် ဝံသာနုအားမာန်အဖွဲ့ (အထက်မြန်မာပြည်) မှ ဦးကျော်မျိုးရွှေက Myanmar Now သတင်းထောက် ကိုဆွေဝင်းအား ဆက်သွယ်ရေး ပုဒ်မ ၆၆(ဃ) ဖြင့်တရားစွဲဆိုရန် တိုင်ကြားချက်အရ ရဲစခန်းမှ စစ်ဆေးမေးမြန်းနိုင်ရန် စုံစမ်းမှုများ ပြုလုပ်နေကြောင်း သိရသည်။ (Democracy Today သတင်းစာတွင်ဖော်ပြချက်)
အထက်ပါအကြောင်းအရာနှင့်စပ်လျဉ်း၍ ဝီရသူက သူ့ကို လူသတ်မှုကို အားပေးသူအဖြစ် ပြစ်တင် ဝေဖန်ခဲ့သော သတင်းသမား ကိုဆွေဝင်းကို သူကိုယ်တိုင် တရားမစွဲရဲဘဲ သူ့နောက်လိုက် တယောက်ကို တရားစွဲဆိုခိုင်းခြင်းသည် သူရဲဘောကြောင်သူတယောက်၏ လုပ်ရပ်အဖြစ်မြင်သည့်အပြင် စာရေးသူနှင့် ဝီရသူ တွေ့ဆုံခဲ့စဉ်က လူသတ်မှုနဲ့ ပတ်သက်တဲ့ သူ့အတွေးအခေါ်နဲ့ သူပြော ကြား ခဲ့သော စကားကို ပြန်လည်မျှဝေလိုက်ပါတယ်။
၂၀၁၂ခုနှစ်တွင် စာရေးသူတို့ အမေရိကရောက် မြန်မာ့အရေးလှုပ်ရှားသူများ ပထမဆုံးအကြိမ် မြန်မာနိုင်ငံသို့ လာရောက်စဉ်က မန္တလေးရှိ ABSDF မြောက်ပိုင်း သတ်ဖြတ်ခံရမည့်ဘေးမှ လွတ်မြောက် လာသော ရဲဘော်များနှင့် တွေ့ဆုံပြီး မိမိတို့သဘောထားများကို တင်ပြဆွေးနွေးခဲ့ကြပါတယ် မြောက်ပိုင်း ရဲဘော် ကိုညီညီကျော်တို့နှင့်အတူ မအမာနီတို့အပါအဝင် မစိုးရိမ်တိုက်သို့ သွားရောက်၍ မစိုးရိမ် ဆရာတော်ကြီးကို ဝင်ဖူးခိုက် ဝီရသူဆိုသည့် ဘုန်းကြီးတပါးသည်လည်း ဗုဒ္ဓဘာသာအတွက် စွမ်းစွမ်းတမံ လုပ်နေသူဖြစ်ကြောင်း ကျနော်တို့ကို တွေ့ချင်ကြောင်းပြောတဲ့အတွက် နိုင်ငံခြားတွင်နှစ်ရှည်နေခဲ့သူများ ပီပီဘာမသိညာမသိ ဘာသာတရား လေးစားသူဟုထင်ပြီး သူ့ကျောင်းသို့ သွားခဲ့ပါတယ်။ ကျောင်းသို့ ရောက်တဲ့အခါ သူက တော်တော်နှင့် ထွက်မလာဘဲနေပြီးမှ သူ့တပည့်ရဟန်းတပါးက ဗီဒီယို ကင်မရာနဲ့ ကျနော်တို့ပြောဆိုမှုများကို မှတ်တမ်းတင်နေပါတယ်။ ခဏကြာမှ သူကထွက်လာပြီး စကားစမြည် ပြောကြတဲ့အခါ။ မြောက်ပိုင်းကိစ္စ ရောက်သွားပြီး ထိုမြောက်ပိုင်းသတ်ဖြတ်မှုများမှာ မကောင်းကြောင်း သို့သော် သေသည့်သူလည်း သေပြီးပြီ ဖြစ်၍ ဂလဲ့စားမချေသင့်ကြောင်း ဂလဲ့စားခြေရန် ကြံစည်မှုသည် လူယုတ်မာအလုပ်ဖြစ်ကြောင်းနှင့် ဗုဒ္ဓအဆိုအမိန့်အတိုင်း ခွင့်လွှတ်သင့်ကြောင်း ပြောပါတော့တယ်။ ထိုအခါ မြောက်ပိုင်းတွင် မိမိသူငယ်ချင်း၊ မောင်၊ နှမများကို သတ်ဖြတ်ခံခဲ့ရသူများနှင့် မိမိတို့ကိုယ်တိုင် လူမဆန်စွာ လနှင့်ချီ၍ နှိပ်စက်ညှင်းပန်းမှုကို ခံခဲ့ရသူများအနေနှင့် အလွန်ခံပြင်းစရာ ဖြစ်စေခဲ့ပါတယ်။
ကျနော်က လူကြီးတဦးအနေနဲ့ ဝီရသူကို “ဦးပဇင်းက ဗုဒ္ဓဘာသာဝင် ရဟန်းတပါးအနေနဲ့ ခွင့်လွှတ် သည်းခံဖို့ ပြောနိုင်တာ ဒီအသတ်ခံရတဲ့ သူတွေထဲမှာ ဦးပဇင်းအဖေ အမေ၊ ညီအကို၊ မောင်နှမ တယောက်မှမပါဘူး ဒါကြောင့် ကိုယ်နဲ့မသက်ဆိုင်တဲ့သူတွေသေတာ ဦးပဇင်းက ခွင့်လွှတ်နိုင်ပေမဲ့ ကိုယ့်အဖေ၊ အကို၊ မောင်၊ ညီ၊ ညီမတွေ အသတ်ခံရသူတွေက ဘယ်လိုလုပ် ခွင့်လွှတ်နိုင်မှာလဲ။ နောက်ပြီးတော့ အခုလို လူသတ်မှုကြီးကို ခွင့်လွှတ်သင့်တယ် အရေးမယူသင့်ဘူးဆိုရင် မြန်မာပြည်မှာ ထောင်တွေ ထားမနေနဲ့တော့ အကုန်ဖျက်လိုက်။ ဘာကြောင့်လဲဆိုတော့ လူသတ်မှုတောင် ခွင့်လွှတ်ပြီး အရေးမယူနဲ့ဆိုရင် ကျန်အမှုတွေလဲ လွှတ်သင့်တာပေါ့။ အဲဒီအခါ ငါတို့ ဘာလုပ်လုပ် ခွင့်လွှတ်တယ်ဟေ့ ဆိုပြီး လုပ်ချင်တာ လုပ်လို့ရတဲ့ မင်းမဲ့စရိုက် ဖြစ်လာတာပေါ့” လို့ပြောလိုက်တဲ့အခါ ဝီရသူလည်း လည်ပင်း တငင်ငင်နဲ့ ဘာမှ ပြန်မပြောနိုင်တော့ပါ။ ကျနော်တို့လည်း ပြောပြီးတာနဲ့ ထထွက်လာခဲ့ကြတယ်။
ဒီလိုရေးတာ လန်ကြုပ်မဟုတ် သက်သေတွေက မန္တလေးမြို့ခံတွေဖြစ်တဲ့ ကိုညီညီကျော်နဲ့ မအမာနီတို့ပါ ပါတယ်။ အမေရိကန်ကလာတဲ့ ကျနော်တို့အုပ်စုနဲ့ ရန်ကုန်ကလိုက်လာတဲ့ ရဲဘော်မိတ်ဆွေတွေလည်း ပါပါတယ်။ ဝီရသူတို့ ရိုက်ထားတဲ့ ဗီဒီယိုမှတ်တမ်းထဲမှာလည်းသူတို့ဆီမှာရှိသေးရင် ကြည့်လို့ရနိုင်ပါတယ်။ ထူးဆန်းတာက မြောက်ပိုင်း အေဘီအက်ဒီအက် လူသတ်မှုကျူးလွန်ခဲ့တဲ့သူတွေကို အရေးမယူသင့် ဂလဲ့စားမချေသင့် ပြောခဲ့သလို၊ ဦးကိုနီသတ်သူတွေကို ကျေးဇူးတင်တယ် ပြောနေပြန်တာကြည့်ရင် ဗုဒ္ဓဘာသာဝင် ဘုန်းကြီး လုပ်နေပြီး လူသတ်မှုကျူးလွန်သူတွေဖက်ကရပ်တည်နေတာတွေ့ရမှာပါ။ ဒီလိုလူမျိုးကဗုဒ္ဓဘာသာကိုကာကွယ်စောင့်ရှောက်မယ်ဆိုတာဖြစ်နိုင်ပါ့မလား။ အိုင်းအက်တွေလိုအစွန်းရောက်တွေဟာ အစ္စလမ်ဘာသာကို ထွန်းကားအောင်မလုပ်နိုင်ဘဲ မူဆလင်တွေ ကိုယ်တိုင်က ဆန့်ကျင်လာတာကိုခံရသလို ဝီရသူလို့အစွန်းရောက်တွေကိုလဲ ဗုဒ္ဓဘာသာကို ယုံကြည် လေးစားသူတွေက ဆန့်ကျင်လာဖို့လိုပါတယ်။
ဗုဒ္ဓဘာသာသန့်ရှင်းတည်တံ့ရေးကိုရှေးရှူလျက်
ထွန်းအောင်ကျော် (၇၄ မျိုးဆက်)
Coban Coban Burma asshole monk. I hate that guy.
Like · Reply · 1 · 9 hrs
Taw Win Aung Gyi
Taw Win Aung Gyi အကိုရေ
ရှင်းရှင်းပြောပြရရင် ဒီဘုန်းကြီးနဲ့ကျွန်တော်
တွေ့ဘူး ဆုံဘူး စကားပြောဘူးတယ်...See More

Like · Reply · 2 · 9 hrs
ကို ဖိုးသိ
ကို ဖိုးသိ မှန်ပါတယ်စိတ်ထားမမှန်ဘူး
Like · Reply · 1 · 9 hrs
Shwe Pyi Nyein
Shwe Pyi Nyein Share ပီ နော် brother
Like · Reply · 1 · 8 hrs
Thet Oo Naing
Thet Oo Naing မြောက်ပိုင်းမှာအစုလိုက်အပြုံလိုက်ညှင်း
ပမ်းနှိပ်စက်သတ်ဖြတ်မှု့မှာအဓိကကျသူ
တွေ ဝိရသူ နဲ့ကင်းပါ့မလားဆိုတဲ့အတွေး...See More
Like · Reply · 1 · 8 hrs
Aye Thwin
Aye Thwin အရူးဘုံမြှောက်ထားမှန်းသိသာပါတယ်သူ့ကိုအရေးယူရင်မဘသကဆူပူအုံကြွအောင်လုပ်မယ်မထိန်းနိုင်ရင်အာဏာသိမ်းမယ်ဒီကစားကွက်ကိုဖန်တီးနေတာပါ အကောင်းဆုံးကသူ့ကိုmediaတွေကသိပ်အရေးမလုပ်ဖို့ဘဲ သူ့ဇတ်သူသိမ်းသွားပါလိမ့်မယ်
Like · Reply · 4 · 6 hrs
Toe Kyi
Toe Kyi Growing age is mandatory but growing up is optional. WeeLadu will never grow up in my opinion. If the law of Karma exists, it will play out soon in our life time. WeeLaDu is wearing a Buddhist monk robe, but he is in no way upholding the norms of Buddh...See More
Zaw Myint Than
Zaw Myint Than Copy ယူမယ်​ bro
Tun Nainglinn
Tun Nainglinn bro အစၥလာမ္ဘာသာမွာ
ငါနဲ့မတူငါ့ရန်သူ အကုန်သတ်လို့ဟောထားတာလေးပါထည့်ရေးသင့်သေးတယ်
bro လူ့ သဘောကမှန်တာပြောရငါနာတတ်ကြတယ် ဒါဆိုလျင်လူတွေကအမှန်တရားဆိုတာကိုကြောက်လို့ ဒီလိုတုန့်ပြန်မှုတခုပေးတယ်လို့ ပဲယူဆမယ် bro
Like · Reply · 6 mins · Edited

No comments: