Thursday, March 30, 2017

30 march 2017 2008 constitution Ashin nan da marlar.

အရှင်နန္ဒမာလာ
2008 constitution
Ashin  nan da marlar.

ဖွဲ့စည်းပုံ ဥပဒေဆိုတာ တိုင်းပြည်ရဲ့ ပင်မအသက်
ပါ ပဲ။အဲဒါကြီး……ရှင်းရှင်းလင်းလင်းရှိမှ ပြည်သူ
ပြည်သားတွေ ကောင်းကောင်းမွန်မွန်အသက်ရူနိုင်
မယ်။ပြင်သင့်ရင်ပြင်ရမယ်။ဖျက်သင့်ရင်ဖျက်ရမယ်။
တိုင်းပြည်အတွက် ပြည်ထောင်စုအတွက် အကျိုးမဲ့
စေတယ်ဆိုရင် ပြင်ကိုပြင်ရပါမယ်။

အကျိုးမဲ့တဲ့ ဥပဒေကို မကာကွယ်ကောင်းပါဘူး။
အကျိုးလည်းရှိ စည်းနှောင်အားလည်းရှိတဲ့ဥပဒေ
ဆိုရင် ဒါ ကာကွယ်ရမယ်။

တိုင်းပြည်အတွက် အကျိုးမဲ့တဲ့ ဥပဒေတွေကို
ကာကွယ်တယ်ဆိုရင် ကိုယ်နိုင်ငံ ကိုယ့်ပြည်
ထောင်စုရဲ့ အကျိုးကို  မလိုလားဘူးဆိုတဲ့
အဓိပ္ပါယ်ပါပဲ။

ဦးပဉ္ဇင်းတို့ အမြင်ကတော့ ၂၁ ငြိမ်းချမ်းရေးလုပ်
ငန်းစဉ်နဲ့ ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေးဟာတကြော
တည်းလို့ပဲမြင်ပါတယ်။အဓိကတော့ ငြိမ်းချမ်းရေး
ညီလာခံကြီးအဆင်ပြေချောမွေ့ဖို့ပဲ ဆုတောင်းပေး
နေရပါတယ်။…အဖျက်အနှောင့်အယှက်တွေက
ဘုရားပွင့်မယ်ကြံရင် မာရ်နတ်က ဝင်နှောင့်ယှက်
သလိုပါပဲ။မာရ်နတ်ဆိုတဲ့အကောင်က သူတော်
ကောင်းတွေ သူ့နယ်ပယ်က လွတ်သွားမှာအရမ်း
စိုးရိမ်တဲ့သူ။အခုမြန်မာပြည်မှာလည်း မာရ်နတ်
အုပ်စုတွေ အများကြီးရှိတယ်။သူတို့ဆင်ထားတဲ့
ခွင်ထဲက မြန်မာပြည်ထောင်စုကြီးလွတ်မြောက်
သွားမှာ အရမ်းစိုးရိမ်တယ်။

သူတော်ကောင်းစိတ်ဓါတ်အပြည့်အဝနဲ့ မာရ်နတ်
စုတ်တွေရဲ့အန္တရာယ်ကကျော်လွှားပြီး ၂၁ ငြိမ်းချမ်း
ရေးလုပ်ငန်းစဉ်ကြီးကို အားသွန်ခွန်စိုက်ပူးပေါင်း
လုပ်ဆောင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း
တောင်းလိုက်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ့မှာလည်း မာရ်နတ်အုပ်စု
တွေကို အဝင်မခံကြနဲ့။ဖွဲ့စည်းပုံဥပဒေကိုကာကွယ်
လိုတဲ့ တိုင်းပြည်ရဲ့အကျိုးကို မလိုလားတဲ့ တနပ်စား
အုပ်စုတွေကို အဝင်မခံကြနဲ့။

ဒီမျှသာ

အရှင်နန္ဒမာလာ

No comments: