Tuesday, March 28, 2017

29 march 2017. မင်းခက်ရဲ (Min Khet Ye) အာဏာရှင် အဆက်ဆက်ရဲ့ ပညာရေးအပေါ် ဗဟိုချက်ကနေ ချုပ်ကိုင်မှုနဲ့ အသားကျနေခဲ့ကြတယ်။ တကယ်က ပညာရေးဆိုတာ အစိုးရတစ်ခုတည်းရဲ့ အလုပ်မဟုတ်ဘူး။

29 march 2017.
မင်းခက်ရဲ (Min Khet Ye)
အာဏာရှင် အဆက်ဆက်ရဲ့ ပညာရေးအပေါ် ဗဟိုချက်ကနေ ချုပ်ကိုင်မှုနဲ့ အသားကျနေခဲ့ကြတယ်။
တကယ်က ပညာရေးဆိုတာ အစိုးရတစ်ခုတည်းရဲ့ အလုပ်မဟုတ်ဘူး။
အာဏာရှင်သာလျင်မကပါဘူး ၊ ဒီမိုကရေစီ အစိုးရတစ်ခုတည်းရဲ့ အလုပ်လည်းမဟုတ်ဘူး။
ပညာရေးက ဗဟိုကနေ ချုပ်ကိုင်ထားလို့ ရတဲ့ အရာမဟုတ်ဘူး။

15 hrs ·
အမှာ
ပညာရေးအတွေးအခေါ်ဆိုတာ ကျနော်တို့ဆီမှာ ရေးသားပြုစုမှု အနည်းပါးဆုံး ဘာသာရပ်တွေထဲ က တစ်ခုလို့ ဆိုရမယ်။ ယခင်က ပညာရေးဆိုတာကို အာဏာရှင်စနစ်ကနေ သာလျင်ချုပ်ကိုင်ထားတာ၊ သင်ရိုးညွှန်တမ်း ၊ ပြဌာန်း စာအုပ်ဆိုတာကိုလည်း အစိုးရရက သူရဲ့ အာဏာရှင် အိုင်ဒီယိုလိုဂျီကို ပုံဖော်ပေးမယ့် သူတွေနဲ့သာလျင် ပြုစုထုတ်ဝေတယ်။ ပြီးတော့ သူကိုယ်တိုင်က တစ်နိုင်ငံလုံး ဒီပြဌာန်း စာအုပ်ကိုသာလျင် သင်ကြားရမယ်လို့ ပညာရေးမှာ အတင်းအဓမ္မသွပ် သွင်း ခဲ့ကြတယ်။ ပြည်သူတွေကလည်း ဒီအပေါ်မှာမေးခွန်းထုတ်ခွင့်မရှိအောင် အဖိနှိပ်ခံခဲရတယ်။ ပညာရေးဟာ အစိုးရရဲ့ အလုပ်သက်သက်ပဲ ဆိုတဲ့ သဘောသကန်ကို အလိုက်သင့်နေခဲ့ကြတယ်။ အာဏာရှင် အဆက်ဆက်ရဲ့ ပညာရေးအပေါ် ဗဟိုချက်ကနေ ချုပ်ကိုင်မှုနဲ့ အသားကျနေခဲ့ကြတယ်။ တကယ်က ပညာရေးဆိုတာ အစိုးရတစ်ခုတည်းရဲ့ အလုပ်မဟုတ်ဘူး။ အာဏာရှင်သာလျင်မကပါဘူး ၊ ဒီမိုကရေစီ အစိုးရတစ်ခုတည်းရဲ့ အလုပ်လည်းမဟုတ်ဘူး။ ပညာရေးက ဗဟိုကနေ ချုပ်ကိုင်ထားလို့ ရတဲ့ အရာမဟုတ်ဘူး။ အဲဒီလို ချုပ်ကိုင်လို့မရဘူးဆိုတဲ့ သဘောက ဘာကို ထပ်ဆင့်တွေးနေသလဲဆိုရင် ပညာရေးဆိုတာ အုပ်ချုပ်သူအစိုး ၀ါ ဗဟိုချက် ကသာလျင် ချုပ်ကိုင်နိုင်တာမဟုတ်ပဲ ဗဟိုကနေဖယ်ခွာနေတဲ့ သာမန်ပြည်သူလူထုတစ်ရပ်လုံးနဲ့ ဆိုင်တယ် ဆိုတာပဲ ။ ဒါကြောင့် ကောင်းမွန်ပြီး ဒီမိုကရေစီနည်းကျတဲ့ ပညာရေးမှာ အစိုးရရဲ့ အခန်းကဏ္ဍ တစ်ခုသာလျင် မကဘူး ၊ ပြည်နယ်တွေ ၊ ကျောင်းသား ၊ မိဘ ၊ ဆရာ ၊ ကျောင်းအုပ်သူ တွေရဲ့ လုပ်ပိုင်ခွင့် ၊ ကိုယ့်ကိုယ်ကိုယ်ပိုင်စိုးခွင့်တွေနဲ့ ပါ သက်ဆိုင်လာတယ် ။ ယခင်က ပညာရေးရဲ့ ကဏ္ဍကို အာဏာရှင်တွေကသာလျင် အစစအရာရာချုပ်ကိုင်ထားတဲ့ အကျိုးဆက်က အများပြည်သူအနေနဲ့ ပညာရေး ၊ သင်ရိုးညွှန်တမ်း ၊ ဆရာ မိဘဆက်ဆံရေး ၊ အင်စတီကျူးရှင်းတွေရဲ့ အလုပ်လုပ် ပုံကို စိတ်ဝင်စားမှုနည်းပါလာတာပဲ ။ ပညာရေးဆိုင်ရာတွေမှာ ကိုယ့်ရဲ့ အခန်းကဏ္ဍ မရှိတော့ဘူးဆိုတာကို လက်ခံပေးခြင်းနဲ့ အတူ ပညာရေးအတွေးအခေါ် ၊ ပညာရေးအင်စတီကျူးရှင်းတွေ လည်ပတ်အလုပ်လုပ်ပုံတွေအပေါ် စိတ်ဝင်စားမှု နည်းပါး လာတာပဲ ။ တနည်းအားဖြင့် ပညာရေးအတွေးအခေါ်ဆိုတာ ကိုယ်နဲ့မဆိုင်တဲ့ အရာအဖြစ်တောင်မှ သက်မှတ်လာခဲ့ ကြတယ်။ တကယ်က ပညာရေးတစ်ခုအပေါ် အစိုးရသာမက ၊လူအားလုံး ပါဝင်ပြီး သူ့နေရာနဲ့ သူ ပါဝင်အားထုတ် ရမယ် ဆိုတာကို သာ လက်ခံမယ်ဆိုရင် ပညာရေးအတွေးအခေါ် ၊အယူအဆတွေ ၊ သင်ရိုးညွှန်တမ်း အတွေးအခေါ် တွေ ၊ တက္ကသိုလ် နဲ့ ပတ်သတ်တဲ့ အယူအဆတွေဟာ ကိုယ်နဲ့ ဆိုင်လာပြီ ဖြစ်တယ်။ ထပ်ပြီးဆိုရရင်ပညာရေးဆိုတာ လူတစ်စု ချုပ်ကိုင်အုပ်စိုးတဲ့ အရာမဟုတ်တော့ဘူးဆိုရင် ပညာရေးဆိုတာ သက်ဆိုင်ရာ ပညာရှင်တွေနဲ့ ပြည်သူလူထုရဲ့ အတွေးအခေါ် အယူအဆ ၊ ပါဝင်ဆောင်ရွက်မှုနဲ့ သက်ဆိုင်တယ်။ ဒီလို သက်ဆိုင်လာပြီဆိုတာနဲ့ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘ၀ ကောင်းမွန်တဲ့ ရှင်သန် နေထိုင်မှုအတွက် ပညာရေးအကြောင်းဟာ မရှိမဖြစ်လေ့လာရမယ့် အကြောင်းအရာတစ်ခုဖြစ်လာလိမ့်မယ် ။လူတိုင်းလူတိုင်း လေ့လာအားထုတ်ရမယ့် ပညာရပ် တစ်ခုဖြစ်လာမယ်။ ပြီးတော့ အမြဲ ဝေဖန်စမ်းစစ်နေရမယ့် အရာတစ်ခုအဖြစ် အများပြည်သူရဲ့ နှလုံးသားထဲမှာ ကိန်းအောင်းလာမှာဖြစ်တယ် ။ ယနေ့ မြန်မာ့ လူ့အဖွဲ့အစည်းအတွင်းက တစ်သီးပုဂလလူသားဟာ ကိုယ့်ရဲ့ မသိစိတ်ထဲကို သိပ္ပံနည်းကျ ကြောင်းကျိုးဆင်ခြင်မှုကင်းမဲ့တဲ့ တန်ဖိုးစံ ၊ ယဉ်ကျေးမှု ၊ အစဉ်အလာ ဆိုတာတွေ နှစ်ပေါင်းမြောက်မြားစွာ ကြာအောင် သွပ်သွင်းခံခဲ့ ရတယ် ။ ဒီအရာတွေကို တစ်ဦးချင်းအနေနဲ့ရော ၊ ပညာရေးအင်စတီကျူးရှင်းအနေနဲ့ ပါပြန်လည်ခုခံ နေဖို့ လိုတယ်။ တကယ်လို့ ကောင်းမွန်တဲ့ ပညာရေးစနစ်ဆီကို တိုးတက်အောင်ဖော်ဆောင်တော့မယ်ဆိုရင် ကျွန်တော်တို့ဟာ ရှိနေတဲ့ အာဏာရှင်တန်ဖိုးစံတွေ ၊ အိုမင်းဟောင်းနွမ်းနေတဲ့ တန်ဖိုးစံတွေကို အမြဲ စိန်ခေါ်နေဖို့ လိုတယ်။ ဒါကြောင့် ဒီစာအုပ်ပါ Destructive education အပိုင်းမှာပါတဲ့ ကျွန်တော့်ရဲ့ အမြင်အရ ဆိုရရင် “ယနေ့ကျွန်တော်တို့ရဲ့ ပညာရေးဟာ ရှေ့က အာဏာရှင်တန်ဖိုးစံတွေကို ခပ်ကြမ်းကြမ်း ဖျက်ရင်း ဒီမိုကရေစီပညာရေး တန်ဖိုးစံတွေကို တည်ဆောက်ရင်းဆိုတဲ့ အလုပ်နှစ်ခုကို တပြိုင်တည်းအလုပ်လုပ်ပေးနေတဲ့ ပညာရေးဖြစ်ဖို့အရေးကြီးတယ် ။ ပညာရေးပေါ် လစီအပေါ် ကျွန်တော်တို့ရဲ့ တီထွင်ဖန်တီးမှုဟာ ရှေ့က အာဏာရှင်တန်ဖိုး စံတွေကို ဖျက်ရင်း တီထွင်ဖန်တီးမှုကို လုပ်ရင်းဆိုတဲ့ Destructive Creation မျိုးသာလျင်ဖြစ်သင့်တယ် ။ စနစ်ဆိုးတစ်ခုရဲ့ နှစ်ပေါင်းများစွာလွှမ်းမိုးခံထားရတဲ့ တန်ဖိုးစံတွေနဲ့လူ့အဖွဲ့အစည်းမှာ ဘယ်အရာကိုမှ အလွယ်တကူအစားထိုးလိုက်၇ုံနဲ့ အလိုလိုအောင်မြင်သွားမှမဟုတ် ဘူး လို့ ယုံကြည်ရင်တော့ဖြင့် ကျွန်တော်တို့ဟာ အာဏာရှင်တန်ဖိုးစံတွေကို ဖျက်ရင်းဒီမိုကရေစီ တန်ဖိုးစံတွေကိုတည် ဆောက်ရင်း ဆိုတဲ့ အလုပ်နှစ်ခုကို တပြိုင်တည်းလုပ်ပေးနိုင်တဲ့ ပေါ်လစီ ၊ သင်ကြားပုံ ၊ သင်ယူပုံ ၊သင်ရိုးညွှန်းတမ်းတွေကို ပြုစုထားသင့် တယ် ။” လို့ပဲ ဆိုရရင် ။ အဲဒီလို ပညာရေးအတွင်း အိုမင်း ဟောင်းနွမ်းတဲ့ အာဏာရှင်တန်ဖိုးစံတွေကို ဖျက်ဖို့ ဆိုတာ ပညာရေးအင်စတီကျူးရှင်းအတွင်းရဲ့ နေရာစုံမှာ တင်မက၊ ကျွန်တော်တို့ရဲ့ နေ့စဉ်လူမှုဘ၀အတွင်းမှာပါ ဖျက်ပစ်နေရမှာဖြစ်တယ် ။ အကြောင်းကတော့ ပညာရေးအင်စတီကျူးရှင်း နဲ့ နေ့စဉ်လူမှုနေမှု ပုံစံတွေဟာအပြန်အလှန် ဒိုင်ယာလော့ခ် လုပ်နေတဲ့အတွက်ပါပဲ ။
မင်းခက်ရဲ (၁၆ ၊ ဇန်န၀ါရီ ၊ ၂၀၁၇)
စာအုပ်နှင့်ပတ်သတ်၍
ဒီစာအုပ်ဟာ ၂၀၁၃ခုနှစ် ပညာရေးအတွေးအခေါ်နှင့် အယူအဆများ စာအုပ်ကို အခြေခံရင်း တခြားသော စာအုပ်တွေနဲ့ ပြန်လည် ဖွဲ့စည်းထားတဲ့ စာအုပ်ဖြစ်တယ်။ ပညာရေးအတွေးအခေါ်အယူအဆများ (၂၀၁၃ ) ကို အစဆုံးဖော်ပြထားပြီး ပညာရေးကောင်းတစ်ခု တည်ဆောက်တော့မယ်ဆိုရင် အခြေခံအကျဆုံး နဲ့ အရေးကြီးဆုံးဖြစ်တဲ့ မူလတန်းပညာရေးအကြောင်းရေးသားဖော်ပြထားတဲ့ မူလတန်းပညာရေးအတွေးအခေါ် (၂၀၁၆ ) နှစ်ခုကို ရှေ့ဆုံး အပိုင်း၂ပိုင်းအဖြစ်ထားခဲ့တယ်။ တတိယပိုင်းစာအုပ်ကတော့ ပညာရေးရဲ့ရည်မှန်းချက်ပန်းတိုင်တစ်ခုလို့ ဆိုရမယ့် ဒီမိုကရေစီ ပညာရေး သဘောသဘာဝအကြောင်းရေးသားဖော်ပြထားတဲ့ ဒီမိုကရေစီပညာရေး (၂၀၁၅) အကြောင်းကိုတွေ့ရမယ်။ စတုတ္ထကတော့ လူ့အခွင့်အရေးနှင့်ဒီမိုကရေစီ ဂျာနယ်မှာ မင်းခက်ရဲ့ကလောင်ခွဲ ရန်နိုင်ဝင်းအမည်နဲ့ရေးပြီး ထုတ်ဝေခဲ့တဲ့ ကျောင်းသား အခွင့်အရေး (၂၀၁၄) စာအုပ်ကိုဖော်ပြထားတယ်။ စတုတ္ထပိုင်းကတော့ တက္ကသိုလ်တွေရဲ့ သမိုင်း ၊ အပြောင်းအလဲ ၊ ပညာရပ်တွေ ၊ စာပေလေ့လာမှုနဲ့သီအိုရီတွေရဲ့ အပြောင်းအလဲနဲ့ ပညာရေးအင်စတီကျူး ရှင်း နဲ့ဆက်စပ်နေတဲ့ ပါဝါ ဆက်ဆံရေးတွေကို ဖော်ပြထားတဲ့ တက္ကသိုလ်နှင့်စာပေသီအိုရီ (၂၀၀၉ ) ဖြစ်တယ်။ အဆုံးသတ်ပိုင်းတွေကတော့ အသစ်ပြန်လည်ဖြည့်စွက်ထားတဲ့ သင်ရိုးညွှန်းတမ်းသီအိုရီတွေနဲ့ ပညာရေးပေါ်လစီ အကြောင်းဖြစ်တယ်။
Myanmar Knowledge Society


Comments
Mandalay-university-family-2006
Mandalay-university-family-2006 အာဏာရှင် အဆက်ဆက်ရဲ့ ပညာရေးအပေါ် ဗဟိုချက်ကနေ ချုပ်ကိုင်မှုနဲ့ အသားကျနေခဲ့ကြတယ်။
တကယ်က ပညာရေးဆိုတာ အစိုးရတစ်ခုတည်းရဲ့ အလုပ်မဟုတ်ဘူး။ အာဏာရှင်သာလျင်မကပါဘူး ၊ ဒီမိုကရေစီ အစိုးရတစ်ခုတည်းရဲ့ အလုပ်လည်းမဟုတ်ဘူး။
ပညာရေးက ဗဟိုကနေ ချုပ်ကိုင်ထားလို့ ရတဲ့ အရာမဟုတ်ဘူး။

Like · Reply · Commented on by Hla Myint · 2 minsImage may contain: 1 person

No comments: