Wednesday, January 18, 2017

Aung Htoo post 19 jan. 2017. ကောင်းခါးစစ်ရာဇ၀တ်မှုကြီးဖြစ်ပွားခဲ့သည့် နှစ် နှစ်ပြည့်အထိမ်းအမှတ် ထုတ်ပြန်ချက်


Aung Htoo post
19 jan. 2017.

ကောင်းခါးစစ်ရာဇ၀တ်မှုကြီးဖြစ်ပွားခဲ့သည့် နှစ် နှစ်ပြည့်အထိမ်းအမှတ်
ထုတ်ပြန်ချက်

18 Jan. 2017
Gen. than shwe.


E.mail: legalaidnetwork@gmail.com
Website:legalaidnetwork.orgend.


၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့၌ မြန်မာစစ်တပ်မှ စစ်သားများက ကျူးလွန်ကြောင်း အကြောင်းချင်းရာ အချက်အလက် များအရ ပေါ်လွင်သော စစ်ရာဇ၀တ်မှုကြီး ဖြစ်ပွားခဲ့သည်။ ကျူးလွန်ခံရသူများမှာ ငယ်ရွယ်နုပျိုသည့် ကချင်အမျိုးသမီး လုပ်အားပေးဆရာမနှစ်ဦး ဖြစ်သည်။ ပြစ်မှုဖြစ်ပွားသည့်နေ့မှ စတင်ရေ တွက်လျှင် နှစ်နှစ် ပြည့်ပြီ ဖြစ်သော်လည်း ကျူးလွန်ခဲ့သူများမှာ လွတ်မြောက်နေဆဲဖြစ်သည်။ NLD အစိုးရတက်လာပြီးနောက် ဤမှုခင်းကြီး
အပေါ် အရေးယူ ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံခဲ့သော်လည်း "စစ်ရေးကိစ္စများတွင် ၀င်ရောက်မစွက်ဘက်ရေးမူ" ကို ကိုင်စွဲထားရကြောင်း အကြောင်းပြကာ အမှန်တရားဖော်ထုတ်ရေးအတွက် တစိုးတစိမျှ ဆောင်ရွက်ပေးခြင်းမရှိ။

ပြစ်မှုကျူးလွန်ခံရသည့် မိသားစုများ နှင့် လူ့ အ၀န်းအ၀ိုင်းတခုလုံးအတွက် တရားမျှတမှု ဆုံးရှုံးလျှက်ရှိသည့်
အပြင် ပြစ်မှုကျူးလွန်ပြီးနောက် လွတ်ငြိမ်းခွင့်ရသည့် အခြေအနေကြီးပို၍ထင်ရှားသိသာစွာပေါ်လာသည်။ အကျိုး
ဆက်အနေဖြင့် ဥပဒေစိုးမိုးမှု လုံးဝဆိတ်သုဉ်းစေသောကြောင့် အခြားစစ်ရာဇ၀တ်မှုများ ဆက်တိုက်ဖြစ်ပွားလျှက်ရှိ
သည်။ အမျိုးသားပြန်လည်သင့်မြတ်ရေး ဟူသည်မှာ အပေါ်ထပ်အဆောက်အအုံ NLD အစိုးရခေါင်းဆောင် တချို့ နှင့်
မြန်မာစစ်ခေါင်းဆောင်များအတွင်းတွင် ဟန်ပြမျှသာ ဖြစ်ပေါ်နေကြောင်း ထင်ရှားသည်။

ပုံသဏ္ဍာန် အမျိုးမျိုးဖြင့် အစိုးရဟူ၍ ပေါ်သည့်လာသည့် သမိုင်းဦးဘုံမြေခေတ်နောက်ပိုင်းကာလ ကာလမှ စ၍ ယနေ့ အချိန်အထိ နိုင်ငံတိုင်းတွင် အစိုးရတိုင်း၏ အခြေခံအကျဆုံးတာဝန်မှာ ပြည်သူလူထု၏ လုံခြုံမှုကို တာဝန်
ယူ ကာကွယ်စောင့်ရှောက်ရန်ဖြစ်သည်။ ဤမျှ ပြင်းထန်ဆိုးဝါးပြီး နိုင်ငံတကာအဆင့်ရှိပြစ်မှုကြီး ကျူးလွန်ခံရကြောင်း ပေါ်လွင်ပါလျှက် ဒေါ်အောင်ဆန်းစုကြည် ခေါင်း ဆောင်သည့် NLD အစိုးရသည် မိမိတို့ ၏ အစိုးရတာဝန်ကို ပျက်
ကွက်ရုံသာမက လူသားမဆန်စွာ လျှစ်လျှူရှုထားရာ၊ ၀ိုင်းဝန်းဖုံးကွယ်ပေးထားရာ သဘောသက်ရောက်လျှက်ရှိသည်။ ယင်းသို့ မဖြစ်သင့်။ ၂၀၁၅ ခုနှစ် နိုဝင်္ဘာလ ၂၅-၂၆ ရက်များတွင် ကချင်ပြည်နယ် မိုင်ဂျာယန်မြို့ ၌ ကျင်းပခဲ့သည့် တရားမျှတမှုရှာဖွေရေးနှီးနှောဖလှယ်ပွဲကြီး၏ သဘောတူညီချက်များတွင် ပါရှိသည်များအနက် အောက်ပါ နှစ်ရပ်အား NLD အစိုးရ အနေဖြင့် အမြန်ဆုံးဖော်ဆောင်ပေးရန် တောင်းဆိုသည်။

(၁) နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု ဥပဒေ ကိုချိုးဖောက်ပြီး စစ်ရာဇ၀တ်မှု ကျူးလွန်ခံရသည့် ဤမှုခင်း
      ကြီးနှင့် အခြားစစ်ရာဇ၀တ်မှုကြီးများအား နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အချက်အလက်
      ရှာဖွေရေးကော်မရှင် International Humanitarian Fact Finding Commission (IHFFC) က အရေးယူစုံစမ်း
      စစ်ဆေးပေးရေးအတွက် အစိုးရအနေဖြင့် တရားဝင် မေတ္တာရပ်ခံရန်။

(၂) နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံးရောမဥပဒေ (Rome Statue of the International Criminal Court) အား
     NLD အစိုးရအနေဖြင့် လက်မှတ်ရေးထိုးခြင်း၊ ၄င်းပါတီက လူအများစုနေရာယူထားသော လွှတ်တော်က အတည်
      ပြုပေးခြင်းတို့ ဖြင့် နောင်ကို အလားတူ နိုင်ငံတကာအဆင့်ရှိ စစ်ရာဇ၀တ်မှု၊ လူသားဆန့် ကျင်ပြစ်မှု၊ လူမျိုးတုံး
      သတ်ဖြတ်မှုများ မဖြစ်ပေါ်စေခြင်း၊ ဖြစ်ပေါ်လာလျှင် နိုင်ငံတကာက အရေးယူဆောင်ရွက်နိုင်ခွင့်ရစေခြင်း စသည်
      တို့ ဖြင့် တိုင်းရင်းသားပေါင်းစုံ လူထုကြီးတရပ်လုံးအား ကာကွယ်စောင့်ရှောက်ရန်။

ဤလုပ်ငန်းစဉ်များကို NLD အစိုးရမှ လက်တွေ့ လုပ်ဆောင်လာနိုင်စေရေးအတွက် ပြည်တွင်းနိုင်ငံတကာရှိ လူ့ အခွင့်အရေးအဖွဲ့ အစည်းများ၊ တရားမျှတမှု နှင့် ဥပဒေစိုးမိုးရေးကို မြတ်နိုးသော လူထု အသင်းအဖွဲ့ ကြီးများ နှင့်
နိုင်ငံရေးအင်အားစုများ အားလုံး ပံ့ပိုးကူညီ၊ လက်တွဲလုပ်ဆောင်ကြရန် ပန်ကြားပါသည်။

       ဒုတိယ အနေဖြင့် မေတ္တာရပ်ခံလိုသည်မှာ ကချင် ခရစ်ယန်အဖွဲ့ ချုပ် (KBC) သို့ ဖြစ်သည်။ KBC ၏ တာဝန်ပေး
ချက်အရ ဆရာမလေးနှစ်ဦးသည် ကောင်းခါးကျေးရွာသို့ လာရောက်ကာ သာသနာအကျိုးကို ထမ်းဆောင်ရင်း ကျူး
လွန်ခံလိုက်ရခြင်းဖြစ်သည်။ သို့ ဖြစ်၍ အဆိုပါ ဆရာမလေးနှစ်ဦးအတွက်သာမက ကချင် အမျိုးသားထုကြီးတရပ်လုံး
ကိုပါ ကိုယ်စားပြုပြီး ဤမှုခင်းကြီးနှင့် စပ်လျှဉ်း၍ အမှန်တရားဖော်ထုတ်ရေး၊ ပြစ်မှုကျူးလွန်သူများ ထိုက်သင့်သော
ပြစ်ဒဏ်များ ခံစားစေရေး၊ ပြစ်မှု ကျူးလွန်ခံရသည့် မိသားစုများနှင့် မှုခင်းဖြစ်ပွားရာကောင်းခါးကျေးရွာနေလူထုများ
အတွက် ထိုက်သင့်သည့် လျော်ကြေးငွေများခံစားခွင့်ရရှိရေး၊ ၄င်းတို့ စိတ်ပိုင်းဆိုင်ရာ ဆိုးဝါးစွာ ထိခိုက်ခံစားမှုများ
ကို ပြန်လည်ကုစားပေးနိုင်ရေး တို့ အတွက် ရှေ့ တန်းမှ ဦးဆောင်ရန် KBC တွင် အဓိကတာဝန်ရှိပါသည်။

 မြန်မာစစ်ခေါင်းဆောင်များ နှင့် အစိုးရအာဏာပိုင်များက အကြောင်းအမျိုးမျိုးပြပြီး အချိန်ဆွဲ၊ အချိန်ကြာလာ
သည် နှင့် အမျှ မှုခင်းကို မေ့ပျောက်သွားခြင်းမျိုးဖြစ်စေရန် လုပ်ဆောင်နေမှုများအား ခွင့်ပြုထားခြင်းမျိုး မရှိစေသင့်
တော့ပါ။ KBC ၏ တတ်စွမ်းသမျှကြိုးပမ်းမှုများကို အသိအမှတ်ပြု၊ အခက်အခဲများကို နားလည်သော်လည်းယခုနှစ်နှစ်
မျှ ကြာသည်အထိ အချိန်ဆွဲခွင့်ပေးထားခြင်းမှာ လုံလောက်နေပါပြီ။ လုပ်ဆောင်၍ ရနိုင်သည့် လမ်းကြောင်းများ များစွာ ရှိနေပါသေးသည်။ မိုင်ဂျာယန် တရားမျှတမှုရှာဖွေရေးနှီးနှောဖလှယ်ပွဲကြီး၌ ကေဘီစီ ဘာသာရေးဆရာကြီး
များကိုယ်တိုင် တက်ရောက်ကာ သဘောတူညီထားသည့် လုပ်ငန်းစဉ်များကို အတက်ကြွဆုံးဦးဆောင်ဖော်ဆောင်ရန်၊ အထူးသဖြင့် အောက်ပါလုပ်ငန်းစဉ်ကို အမြန်ဆုံးစတင်ရန် ပန်ကြားပါသည်။

                            ပြည်တွင်းတရားစီရင်ရေးအရ အရေးယူဆောင်ရွက်သွားနိုင်ရေး ဆိုင်ရာ

၂၆။ ဥပဒေလုပ်ထုံးလုပ်နည်းများကိုမလိုက်နာဘဲသက်သေခံပစ္စည်းများကိုသိမ်းယူ၊ အမှုစစ်ဆေးသည့်အခါတွင်မလျော်
    သြဇာသုံး၊ ဘက်လိုက်မှု ပြုခဲ့သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အား ပြစ်မှုဆိုင်ရာဥပဒေအရတရားစွဲရန်၊မြန်မာအစိုးရအား
    တရားမနစ်နာမှုစွဲဆိုပြီးလျော်ကြေးတောင်းခံခြင်းဖြင့် တရားမကြောင်းအရလည်း စွဲဆိုသွားရန်။

အထူးသဖြင့် ဤမှုခင်းကြီးအားထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေးမှာ ကချင်အမျိုးသားထုတရပ်လုံး၏ အမျိုးသားရေးဂုဏ်သိက္ခာလည်း ဖြစ်သည်။ ကချင်အမျိုးသားထုကြီးတရပ်လုံး ရဲဝံ့ပြတ်သားစွာ ရှေ့ တန်းထွက် ရပ်
တည်ပြီး လှုပ်ရှားတောင်းဆိုကြရန် ပန်ကြားပါသည်။  

Legal Aid Network (LAN)
ဥပဒေအထောက်အကူပြုကွန်ရက်                                          နေ့ စွဲ၊ ၂၀၁၇ ခုနှစ် ဇန်န၀ါရီလ (၁၉) ရက်

အသေးစိပ်သိလိုလျှင် ဆက်သွယ်ရန်
ဦးအောင်ထူး (လူ့ အခွင့်အရေးရှေ့ နေ)
ဥပဒေအထောက်အကူပြုကွန်ရက်တည်ထောင်သူ
E.mail: legalaidnetwork@gmail.com
Website:legalaidnetwork.org
end.











































Image result for than shwe
Image result for than shwe
Image result for than shwe
Image result for than shwe
Image result for than shwe
Image result for than shwe
Image result for than shwe
Than Shwe
Former Prime Minister of Burma
Senior General Than Shwe is a Burmese strongman politician who was the head of state of Burma from 1992 to 2011 as Chairman of the State Peace and Development Council. Wikipedia
Born: February 2, 1933 (age 83), Kyaukse, Myanmar (Burma)
Previous office: Prime Minister of Myanmar (1992–2003)
Resigned: March 30, 2011

https://www.google.com/search?q=than+shwe&ie=utf-8&oe=utf-8&client=firefox-b



Than Shwe - a tyrant nobody knows - The Economist

www.economist.com/node/16941255
Sep 2, 2010 - Worse, Than Shwe seems to be several different people. A senior United Nations envoy thinks him “quite a vain guy”, who “dresses well, sits ...

Than Shwe Biography - Asian History - About.com

asianhistory.about.com › ... › Asian Countries A to E › Burma (Myanmar)
Biography of Than Shwe, military dictator and head of the ruling junta in Burma (Myanmar), including his life story and a description of his rule.

Than Shwe: from postal clerk to military dictator - Myanmar Times

www.mmtimes.com/.../18001-than-shwe-from-postal-clerk-to-military-dictator.html
Dec 7, 2015 - When video clips of his daughter's opulent wedding celebration leaked to the internet in 2006, then-Senior General Than Shwe was shown ...

Former Myanmar dictator backs Aung San Suu Kyi 'with all of my ...

https://www.theguardian.com › World › Myanmar
Dec 5, 2015 - Military leader's grandson releases statement saying Than Shwe met the woman he kept under house arrest and told her he would support her.

The world's enduring dictators: Than Shwe, Myanmar (Burma) - CBS ...

www.cbsnews.com/news/the-worlds-enduring-dictators-than-shwe-myanmar-burma/
Jun 2, 2011 - General Than Shwe, Myanmar's military leader, looks on while visiting the Mahatma Gandhi memorial in New Delhi, India, on Tuesday, July 27, ...

Than Shwe - News, Articles, Biography, Photos - WSJ.com

topics.wsj.com/person/S/than-shwe/6403
Suu Kyi Meets With Myanmar's Former Ruler. December 6, 2015 02:50 a.m.. Aung San Suu Kyi took what is being seen as a significant step forward in ...

Aung San Suu Kyi Meets With Myanmar's Former Ruler, Than Shwe ...

www.wsj.com/.../aung-san-suu-kyi-meets-with-myanmars-former-ruler-than-shwe-14...
Dec 6, 2015 - Than Shwe. Ms. Suu Kyi, a former political prisoner and Nobel Peace Prize winner, won a landslide victory in last month's pivotal elections, ...
Dec 6, 2015 - The BBC's Jonah Fisher in Myanmar says 82-year-old General Than Shwe, who headed the country's military junta until he stepped down in ...

Than Shwe | The Plaid Avenger

www.plaidavenger.com/leaders/profile/than-shwe/
The current Burmese bastard-in-chief, Than Shwe is the top dog of the flea-bitten freaks that comprise the leadership elite of the military junta holding Burma ...

No comments: