Friday, January 6, 2017

6 jan. 2017 သတင်းကဒီလိုလာမယ့်ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လို့မရတာကြောင့် ပါတီအတွက် အားလျော့သွားတယ်လို့ ပါတီရဲ့ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် က ပြော

6 jan. 2017
သတင်းကဒီလိုလာမယ့်ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လို့မရတာကြောင့် ပါတီအတွက် အားလျော့သွားတယ်လို့ ပါတီရဲ့ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် က ပြော


Htun Aung Gyaw's photo.
သတင်းကဒီလို

လာမယ့်ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လို့မရတာကြောင့် ပါတီအတွက် အားလျော့သွားတယ်လို့ ပါတီရဲ့ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် က ပြောပါတယ်။

စာရေးသူမြင်တာကဒီလို

ဒေါ်စုမဲဆွယ်မှနိုင်မယ်မဆွယ်နိုင်လို့ အားလျော့တယ်ဆိုတာ အရည်အချင်းမရှိ သူတွေ မိမိကိုယ်ကို မယုံကြည်ဘဲ ခေါင်းဆောင်ဘဲနေရာတကာမှာလိုက်လုပ်ပေးရမယ်ဆိုတဲ့သူတွေရဲ့စိတ်ထားလို့မြင် တယ်။ ခေါင်းဆောင်အမည်မသုံးဘဲမိမိပင်ကိုယ်အရည်အချင်းနဲ့လူထုကိုစည်းရုံးနိုင်ရမယ်၊မိမိကိုယ်ကိုယုံကြည်သလိုလူထုကိုလဲယုံကြည်သူဖြစ်ရမယ်။

သတင်းကဒီလို

စုစုပေါင်း လစ်လပ်နေရာ ၁၉ နေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၈ နေရာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
ကယားပြည်နယ် ဖရူဆိုမဲဆန္ဒနယ် အမှတ်(၁) နေရာအတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်းကို ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ထံ သတ်မှတ်ချိန်အတွင်း မပေးပို့နိုင်ခဲ့တာကြောင့် အဲဒီနေရာမှာ ၀င်ရောက်ယှဉ်ပြိုင်ခွင့် မရခဲ့ တာဖြစ်ပါတယ်။

စာရေးသူမြင်တာကဒီလို

အော်…….အစိုးရတရပ်ကိုဦးဆောင်နေတဲ့ပါတီကြီးက ကိုယ်စားလှယ်လောင်း အမည်စာရင်းကို အချိန်မှီမပို့ပေးနိုင်လို့ ဝင်ရောက်မယှဉ်ပြိုင်နိုင်ဘူးဆိုတာ ဘယ်သူတွေကညံ့နေလဲ။ ဘယ်သူတွေက အလုပ်မလုပ်တာလဲ၊ ဒါမှမဟုတ်မစည်းရုံးနိုင်လို့လား၊ မေးစရာတွေအများကြီးရှိတယ်။ အချိန်တွေ အများကြီး ရနေရဲ့သားနဲ့ မစီစဉ်နိုင်တာဟာ ပါတီ အတွင်းရေးမှူးမှာ လုံးဝတာဝန်ရှိတယ်။

ထွန်းအောင်ကျော် (၇၄ မျိုးဆက်)

No comments: