Friday, January 6, 2017

7 jan. 2017 ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ဆင်နွှဲနေသော စစ်ပွဲများအတွင်း လူ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် နိုင်ငံတကာဥပဒေ ရှုဒေါင့်မှ ပန်ကြားချက်Legal Aid Network




Image may contain: 10 people, people sitting and crowd


မြန်မာနိုင်ငံတွင် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ဆင်နွှဲနေသော စစ်ပွဲများအတွင်း လူ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက်
နိုင်ငံတကာဥပဒေ ရှုဒေါင့်မှ ပန်ကြားချက်

ယနေ့ မြန်မာနိုင်ငံတွင် ဆင်နွှဲနေသော စစ်ပွဲများသည် ရိုးရိုးပြည်တွင်းစစ်မဟုတ်ပါ။ သမိုင်းတွင် လွတ်လပ်စွာ နေလာခဲ့ကြသော တိုင်းရင်းသားပြည်နယ်များသည် ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်အခြေခံဖြင့် ပြည်ထောင်စုကို စုပေါင်း
တည်ဆောက် ခဲ့ကြသော်လည်း ကိုယ်ပိုင်ပြဌာန်းခွင့်မရသဖြင့် တွန်းလှန်စစ်ကို ဆင်နွှဲနေကြခြင်းဖြစ်သည်။ သို့ ဖြစ်၍ ယင်းတို့ အား ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ဆင်နွှဲနေသော စစ်ပွဲများ ဟူ၍ ရှင်းလင်းစွာနားလည်နိုင်သည်။ ယင်းတို့ မှာ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ အမျိုးအစားတခုဖြစ်သော်လည်း နိုင်ငံတကာ လက်နက်ကိုင် ပဋိပက္ခများတွင် အကြုံးဝင်သော စစ်ဥပဒေများ၏ လွှမ်းမိုးမှုအောက်သို့ တဖြေးဖြေး ကျရောက်လာပြီဟု လက်ခံစဉ်းစားလာကြသည်။
ကိုယ်ပိုင်ပြဌာန်းခွင့် အတွက် ဆင်နွှဲနေသော စစ်ပွဲများ တွင် ၁၉၇၃ ခုနှစ် ကုလသမဂ္ဂ အထွေထွေ ညီလာခံ
ဆုံးဖြတ်ချက် ၃၁၀၃ အရ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားသော ဥပဒေ (ဂျီနီဗာ ကွန်ဗင်းရှင်း) အား အသုံး
ပြုသင့်သည်ဟု အတိအလင်း အသိအမှတ်ပြုခဲ့သည်။
လူထုများအနေဖြင့် ကိုလိုနီလွှမ်းမိုးမှု၊ နိုင်ငံခြားကျူးကျော်မှု၊ နှင့်လူမျိုးရေးအစွန်းရောက်အုပ်ချုပ်သူများ အား ဆန့် ကျင် လက်နက်ကိုင်တိုက်ပွဲဝင်မှုများသည် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးကျင့်သုံးမှုတွင် အကြုံးဝင်ကြောင်း၊ နိုင်ငံ တကာ လက်နက်ကိုင် ပဋိပက္ခနယ်ပယ်တွင် ရှိကြောင်း ရှင်းလင်းစွာ ထည့်သွင်းလာခဲ့သည်။
မြန်မာစစ်ခေါင်းဆောင်များသည် မဟာလူမျိုးကြီးဝါဒအပေါ်အခြေခံလျှက် လူမျိုးရေးအစွန်း
ရောက်မှုများ ကျူးလွန်ကာ အုပ်ချုပ်နေဆဲ ဖြစ်ကြောင်း သက်သေခံချက်များ များစွာရှိသည်။

See more
https://drive.google.com/file/d/0B5uXEhFP_PLIcjBLUklDczlNTDg/view?usp=sharing

No comments: