Saturday, February 11, 2017

12 FEB. 2017 Hla Myint with Khin Maungoo and 18 others. Historian Francis Fukuyama becomes doubtful of his own theory " End of history " ?

Historian Francis Fukuyama becomes doubtful of his own theory
" End of history " ?
nyeinchansarpay.blogspot.com
12 hrs ·
(tin win akbar)
The man who declared the ‘end of history’ fears for democracy’s future.
သမိုင်းနိဂုံးချုပ်သွားပြီလို့ ကြေညာခဲ့သူက ဒီမိုကရေစီရဲ့ အနာဂတ်အတွက် စိုးရိမ်ပူပန်နေပါပြီတဲ့။
လူကြိုက်များတဲ့ အမေရိကန် နိုင်ငံရေး အတွေးအခေါ် ပညာရှင် ပါမောက္ခ ဖရန်စစ် ဖူကူယားမားက စစ်အေးခေတ် ပြီးဆုံးစက သမိုင်းနိဂုံးချုပ်သွားပြီလို့ ဟောကိန်းထုတ်ခဲ့ပါတယ်။
(သူက “လူ့သမိုင်းဆိုတာ လူတွေရဲ့ အကောင်းဆုံး နိုင်ငံရေး စနစ်ကို ရှာဖွေခြင်းပဲ ဖြစ်တယ်” လို့ ဂျမန် နိုင်ငံရေး အတွေးအခေါ် ပညာရှင် ဟေဂင် ကို ကိုးကားပြီး သူရဲ့ ကမ္ဘာကျော် “သမိုင်းနိဂုံးနှင့် ကမ္ဘာနောက်ဆုံးလူသား” ဆိုတဲ့ စာအုပ်မှာ ရေးသားခဲ့ပါတယ်။ )
သူက “အခု လွပ်လပ်တဲ့ ဈေးကွက်စီးပွားရေး စနစ်နှင့် လစ်ဘရယ်လ် ဒီမိုကရေစီက လူသားတွေ အတွက် အစွန်းဆုံး နိုင်ငံအုပ်ချုပ်တဲ့ အစိုးရမျိုး ဖြစ်သွားပြီလို့ ဆိုခဲ့ပါတယ်။
အခု အနောက်နိုင်ငံတွေမှာ လစ်ဘရယ်လ် ဒီမိုကရေစီ အကြီးကျယ် အကျပ်အတည်းတွေ့ နေတဲ့ အခိုက် မှာ သူကိုယ်တိုင်က လစ်ဘရယ်လ် ဒီမိုကရေစီရဲ့ အနာဂတ် ဘယ်လိုများ ဖြစ်လာပါလိမ့် မလဲဆိုတာကို စဉ်းစားနေရပြီတဲ့။
“နှစ်ဆယ့်ငါးနှစ်လောက် အရင်က ဒီမိုကရေစီ ကနောက်ပြန်လန် သွားနိုင်တယ်ဆိုတဲ့ အကြောင်းရင်း (သို့) သီအိုရီ ရှိလိမ့်မယ်လို့ ထင်ကို မထင်ခဲ့ဘူး” “အခုတော့ အဲဒီလို ဖြစ်နိုင်တယ်လို့ ကျွန်တော် ထင်မှတ်လာပါပြီ”

1. ဂလိုဘယ်လ်လိုင်ဇေးရှင်း ဟာ လစ်ဘရယ်လ်ဝါဒကို ကမ္ဘာအနှံ့ ပြန့်ပွားအောင်လုပ်မယ့် ယန္တရားဖြစ်တယ်။
2. တရား ဥပဒေ စိုးမိုးရေးနှင့် ဒီမိုကရက်တစ် အင်စတီကျူးရှင်းတွေ(အတည်ထောင်တွေ)က အာဏာနိုင်ငံရေး အတွက်သက်သက်သာ လုပ်နေတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေရဲ့ နေရာကို အစားဝင်လာမယ်။
3. ဥရောပ သမဂ္ဂလို မဟာ နိုင်ငံစုံ အဖွဲ့အစည်းမျိုးက အထက်က အရာတွေကို ထင်ဟပ်ပြနေတဲ့ စံထားစရာ အဖွဲ့အစည်းကြီးြ့ဖစ်လာမယ်လို့ မှတ်ယူခဲ့တယ်။
ဒါပေမယ့် အထွေထွေ စီးပွားရေး ပျက်ကပ်ကျရောက်မှုနှင့် တရုပ်လို၊ ရုရှားလို နိုင်ငံတွေက အာဏာရှင်ဝါဒတွေ အားကောင်းမှုတွေက လစ်ဘရယ်လ် ဒီမိုကရေစီ၊ လွပ်လပ်တဲ့ဈေကွက် စီးပွားရေး၊ ဂလိုဘယ်လိုင်ဇေးရှင်းနှင့် တရားဥပဒေ စိုးမိုးရေး အယူအဆတွေကို တွန်းလှန် ပစ်ခဲ့ခြင်း မရှိသည့်တိုင် ဗြိတိသျှ နိုင်ငံက ဥရောပ သမဂ္ဂအဖွဲ့က နှုတ်ထွက်ခဲ့မှုနှင့် ထရန့်ကို အမေရိကန် ပြည်ထောင်စုရဲ့ သမ္မတ အဖြစ်ရွေးချယ် တင်မြှောက်ခဲ့မှုတွေက တွန်းလှန် ပစ်ခဲ့ပါပြီ။
အခုအခါ အတ္တလန်တိတ်သမုဒ္ဒရာရဲ့ ကမ်းနှစ်ဖက်လုံး( အမေရိကန်နှင့် ဥရောပနိုင်ငံများ)တွေက အများစု လူထုကြီး အကြား အားကောင်းလာနေတဲ့ လက်င်္ကျာစွန်း လူမျိုးရေး အမျိုးသား အစွန်းရောက် ဝါဒက လစ်ဘရယ်လ် ဒီမိုကရေစီ၊ လွပ်လပ်တဲ့ဈေကွက် စီးပွားရေး၊ ဂလိုဘယ်လိုင်ဇေးရှင်းနှင့် တရားဥပဒေ စိုးမိုးရေး အယူအဆတွေကို အင်နှင့်အားနှင့် ဆန့်ကျင်လာနေကြပါပြီ။
ဒီ အပတ်ထဲမှာပဲ၊ ပြင်သစ်နိုင်ငံက လက်င်္ကျာစွန်း အမျိုးသား အစွန်းရောက် လီပင်း က တည်ဆဲ လစ်ဘရယ်လ် ဝါဒကို အပြင်းအထန် တိုက်ခိုက် ရှုံ့ချလျှက် မိမိကိုယ်ကို ပြင်သစ် သမ္မတလောင်း အဖြစ်ကြေလိုက်ပါပြီ။ လီပင်း က လက်ရှိ ကျွန်တော်တို့ ခေါင်းဆောင်တွေက ဂလိုဗယ်လိုင်ဇေးရှင်းကို လိုလားနှစ်သက်ပျော်ရွှင်ဘွယ် အဖြစ် ရွေးချယ်ခဲ့ကြပါတယ်။ တကယ်တော့ ဒီဂလိုဗယ်လိုင်ဇေးရှင်းက အလွန်ကြောက်မက်ဖွယ်ရာ ကြီး ဖြစ်ကြောင်း ထင်ရှားလာနေပါပြီ လို့ အပြင်းအထန် တိုက်ခိုက်လိုက်ပါတယ်။
ပါမောက္ခ ဖရန်စစ် ဖူကူယားမားက ဒီ အကြပ်အတည်းကို အသိအမှတ်ပြုလိုက်ပါတယ်။ ဂလိုဗယ်လိုင်ဇေးရှင်းက ဒီမိုကရေစီ နိုင်ငံတွေအတွင်းနှင့် ဒီမိုကရေစီ အင်စတီတျူးရှင်းတွေ အကြားမှာ ညှိနှိုင်းလို့ မရနိုင်လောက်တဲ့ တင်းမာမှုတွေကို တကယ်ပဲ ဖြစ်ပေါ်စေနေပုံ ရပါတယ်လို့ သူကဆိုပါတယ်။
နိုင်ငံရပ်ခြားက အခြေချနေထိုင်ဖို့ မိုင်ဂရင့်တွေ ဝင်ရောက်လာမှုနှင့် ဗဟု ယဉ်ကျေးမှု ပေါ်ပေါက်လာခြင်းတွေ တပြိုင်တည်း ဖြစ်ထွန်းလာတာကြောင့် ဖြစ်ပေါ်လာရတဲ့ မကျေမချမ်းဖြစ်မှု၊ စိတ်သောကရောက်ရမှုတွေက အမုန်းတိုက်၊ အစွန်းရောက် လူပြိန်းကြိုက် ဝါဒတွေကို ပြောဟောပြီး ပေါ်ပြူလာ ဖြစ်လာတဲ့ ဝါဒ က ထရန့်ကို အိမ်ဖြူ အရောက် ပို့ဆောင်လိုက်ခြင်း မှတ်ယူပြီး၊ ပါမောက္ခ ဖရန်စစ် ဖူကူယားမားက အလေးအနက် စိတ်ပူပန်နေတာ ဖြစ်ပါတယ်။
World Views မှ ခွဲခြမ်းစိတ်ဖြာ ဆောင်းပါး တပုဒ်ကို ကောက်နုတ် မြန်မာမှုပြုသည်။
တင်ဝင်း (ဒီမို-မန်း)
Study Group for Promoting Human Rights, Democracy and Pluralism in Burma (based in Japan).
၂၀၁၇ခုနှစ်၊ ဖေဖါဝါရီလ (၁၁)ရက်။
Freethinkers are those who are willing to use their minds without prejudice and without fearing to understand things that clash with their own customs, privileges, or beliefs.
This state of mind is not common, but it is essential for right thinking, where it is absent, discussion is apt to become worse than useless.
Comment

No comments: