Tuesday, February 7, 2017

7 feb. 2017 'ကွယ်လွန်သူတက္ကစီယာဉ်မောင်း ဦးနေဝင်းအတွက် ကောက်ခံရရှိသောအလှူငွေများ/ အမှုဆောင်အဖွဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

7 feb.  2017
'ကွယ်လွန်သူတက္ကစီယာဉ်မောင်း ဦးနေဝင်းအတွက် ကောက်ခံရရှိသောအလှူငွေများကို ယနေ့သွားရောက်လှူဒါန်း'

အမှုဆောင်အဖွဲ့
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်




'ကွယ်လွန်သူတက္ကစီယာဉ်မောင်း ဦးနေဝင်းအတွက် ကောက်ခံရရှိသောအလှူငွေများကို ယနေ့သွားရောက်လှူဒါန်း'

(၂၉-၂၁-၂၀၁၇)ညနေပိုင်းတွင် ရန်ကုန်လေဆိပ်၌ သေနတ်သမားတစ်ဦး၏ လုပ်ကြံပစ်ခတ်မှုကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အကြံပေးတရားလွှတ်တော်ရှေ့နေ ဦးကိုနီ သေဆုံးခဲ့ရပါသည်။ထိုလုပ်ကြံသူ သေနတ်သမားကို ဖမ်းဆီးပေးခဲ့သော တက္ကစီယာဉ်မောင်းဦးနေဝင်းမှာလည်း သေဆုံးခဲ့ပါသည်။ တရားခံကိုအသက်စွန့် ဖမ်းဆီးပေးခဲ့ပါသော ဦးနေဝင်း၏ ကျန်ရစ်သူမိသားစုအတွက် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂမှ  (၂-၂-၂၀၁၇)(၃-၂-၂၀၁၇) ၂ရက်အလှူငွေများကောက်ခံခဲ့ပြီး ၅၇၁၄၀၀ ကျပ်(ငါးသိန်းခုနှစ်သောင်းတစ်ထောင့်လေးရာ) ကျပ်တိတိ ရရှိခဲ့ပါသည်။

ရရှိခဲ့သာ အလှူငွေ(၅၇၁၄၀၀ကျပ်)ကို ယနေ့ (၅-၂-၂၀၁၇)တနင်္ဂနွေနေ့တွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂမှ အဖွဲ့ဝင် ကိုနောင်ချိုမှ ကျောင်းသားများ၏ကိုယ်စား ဦးနေဝင်း၏ ကျန်ရစ်သူမိသားစုနေအိမ်ထံသို့ လူကိုယ်တိုင်သွားရောက် လှူဒါန်းခဲ့ပြီးနှစ်သိမ့်အားပေးစကားပြောကြားပေးခဲ့ပါကြောင်း တင်ပြအပ်ပါသည်။

                               အမှုဆောင်အဖွဲ့
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
END




1 comment:

sayanyein said...

ကိုနေဝင်းလို လူကောင်းတွေရှိ ပါသေးတယ်
ဘဲအုပ်က ၁၀၀ ၂၀၀ မဗေဒါကတပင်ထဲ

လူသတ်သမားတွေက ၁သိန်း ၂သိန်း ၅သိန်း
ကိုနေဝင်း ကတယောက်ထဲ
အသတ်ခံ ရ ပီဗျ