Friday, February 24, 2017

25 feb. 2017Mo Metta ကျောက်စရစ်ခဲနဲ့ ပတ္တမြားခဲ။ ဘယ်ဟာယူမလဲမေးရင် ပတ္တမြားခဲကိုပဲယူကြမှာပဲ။

25 feb. 2017Mo Metta

ကျောက်စရစ်ခဲနဲ့
ပတ္တမြားခဲ။
ဘယ်ဟာယူမလဲမေးရင်
ပတ္တမြားခဲကိုပဲယူကြမှာပဲ။
ကျောက်ခဲချင်းတူပေမယ့်
တန်ဖိုးကွာတယ်။
ပတ္တမြားရဲ့တန်ဖိုးကို
သိထားမှလည်း
ပတ္တမြားကိုလိုချင်စိတ်ဖြစ်တယ်။
တန်ဖိုးကိုသိဖို့လိုပါတယ်။
အရာရာတိုင်းက
သူ့တန်ဖိုးနဲ့သူရှိတတ်ကြပါတယ်။
လူမှာလည်း လူ့တန်ဖိုးရှိပါတယ်။
သူ့နေရာနဲ့သူ အလွန်အသုံးဝင်ပါတယ်။
သူ့အစွမ်းအစနဲ့သူရှိကြပါတယ်။
ဘယ်သူ့မှာ ဘယ်လိုတန်ဖိုးရှိတယ်ဆိုတာ
သိကြပြီး လောကအကျိုးအတွက်
အသုံးတည့်စေဖို့ပါ။
လူရယ်လို့ဖြစ်လာရင်
လုယူချင်စိတ်ဝင်နေရင်ပဲဖြစ်ဖြစ်
ကိလေသာစိတ်ဆိုးတွေပေလူးနေရင်ပဲဖြစ်ဖြစ်
လူအစစ်အဖြစ် တလူလူလွှင့်မထူနိုင်တော့ပါ။
လူရယ်လို့တလူလူအမြင့်မှာ
တန်ဖိုးရှိစွာ
လွင့်နေနိုင်ဖို့ဆိုရင်
ရိုးသားဖြောင့်မတ်ရပါမယ်။
ကိုယ်နှုတ်နှလုံး
အလွန်ရိုးသားဖြောင့်မတ်ရပါမယ်။
ဒါမှသာ
အသက်ကြီးလာတာနဲ့အမျှ
အနဂ္ဂတမ တန်ဖိုးရှိလာပေတော့တာ။


Ak Soe Lin _/|\____/|\____/|\_
Like · Reply · 1 · 10 hrs
Phyu Phyu
Phyu Phyu သားချေကျမ်းမာပါစေ
Like · Reply · 1 · 9 hrs
Mo Metta
Mo Metta ပေးတဲ့ဆုနဲ့ပြည့်ပါစေ😊
🙏🙏🙏
Nay Myo Swe
ရွှေမြိုင် သူ
ရွှေမြိုင် သူ သာဓုသာဓုသာဓုပါသား
Like · Reply · 1 · 9 hrs
Hla Myint
Hla Myint 2 qualities of a decent man/ soldier/ monk in metta sutta.
uzu sa.
thu uzu sa.


No comments: