Tuesday, February 21, 2017

22 feb. 2017 Mo Metta အသက်ကိုဉာဏ်စောင့်ပါတယ်။ ဘယ်လိုဉာဏ်မျိုးတွေလဲဆိုရင် • အခုပြုပြောကြံနေတာတွေက ကိုယ်ပြန်ခံစားစံစားရမှာတွေပါလားလို့သိမြင်တဲ့

22 feb. 2017

အသက်ကိုဉာဏ်စောင့်ပါတယ်။
ဘယ်လိုဉာဏ်မျိုးတွေလဲဆိုရင်
• အခုပြုပြောကြံနေတာတွေက
ကိုယ်ပြန်ခံစားစံစားရမှာတွေပါလားလို့သိမြင်တဲ့
ကမ္မဿကတဉာဏ်။
• ပုဂ္ဂိုလ် သတ္တဝါ ဇီဝအသက်ဆိုတာမရှိ၊
ဓာတ်သဘော၏ဖောက်ပြန်ခြင်းရုပ်၊
အာရုံကိုသိတတ်ခြင်းနာမ် တို့သာရှိကြောင်းသိမြင်တဲ့
နာမရူပပရိစ္ဆေဒဉာဏ်။
• ရုပ် နာမ် အကြောင်းအကျိုးဆက်စပ်မှုတို့ကိုသိမြင်တဲ့
ပစ္စယပရိဂ္ဂဟဉာဏ်။
• သမ္မာသန၊ ဘင်္ဂ၊ ဥဒယဗ္ဗယ၊ ဘင်္ဂ
ဘယ၊ အာဒီနဝ၊ နိဗ္ဗိန္ဒာ၊ မုစ္စိတုကမျတာ၊
ပဋိသင်္ခါ၊ အနုလောမ၊ သင်္ခါရူပေက္ခာ၊
ဂေါတြဘူ စသောဝိပဿနာဉာဏ်။
•မဂ္ဂင်ရှစ်ပါးတရားတော်ကိုအဆင့်လေးဆင့်ဖြင့်သိမြင်မှု
မဂ်ဉာဏ်။
•ကိုယ်စိတ်နှစ်ပါးငြိမ်းချမ်းမှုကို
အဆင့်လေးဆင့်ဖြင့်သိမြင်မှုဖိုလ်ဉာဏ်။

မိမိလက်ရှိကိုယ်ခန္ဓာနဲ့
အထက်ပါဉာဏ်တွေကို
ဒိဋ္ဌဓမ္မော- မြင်ပြီး
ပတ္တဓမ္မော- ရပြီး
ဝိဒိတဓမ္မော- သိပြီး
ပရိယောဂါဋ္ဌဓမ္မော- သက်ဝင်ယုံကြည်ပြီးခြင်းတို့သည်
မအိုအောင်
မနာအောင်
မသေအောင်
စောင့်ရှောက်နိုင်ပါပေသည်။
ထိုဉာဏ်များဖြင့်ပင်
ဘုရားရှင်ကိုယ်တော်မြတ်ကို
တရားတော်ကို
သံဃာတော်တို့ကို
ပူဇော်ခြင်းသည်
ထူးကဲလှပါသည်။
ဣမာယ ဓမ္မာနု ဓမ္မပဋိ ပတ္တိယာ
ဗုဒ္ဓံ ဓမ္မံ သံဃံ ပူဇေမိပါဘုရား။


Yee Yee Swe 🙏🙏🙏
Like · Reply · 1 · 17 hrs
Ak Soe Lin
Ak Soe Lin __/|\___/|\___/|\__
Like · Reply · 2 · 17 hrs · Edited
ရွှေမြိုင် သူ
ရွှေမြိုင် သူ သာဓုသာဓုသာဓုပါသား
Hla Myint
Hla Myint amen.

No comments: