Friday, December 2, 2016

3 dec. 2016 Global village concept is really taking place. Hla Myint

3 dec. 2016
Global village concept is really taking place.
Hla Myint




Because of high speed communicatin ( information ,culture / goods) , soverignity & national boundaries become blurred.

Our living place becomes a village.
We become global villagers.

We can not ignore what happens in our neighbors.
We become interconnected & interdependent.
The old concept of
" soverignity " becomes
blurred.
Any event big or small in far away place somehow has effect on us.
We can not simply turn a blind eye.
ညောင်ဦး ကမ်းပါး ပြို တော့ စံ ပယ်နဂိုက နွားမ ပေါင်
ကျိုးတာတကယ်ဖြစ်လာပီ သူ ငယ် ချင်းတို့

Like · Reply · 23 mins · Edited


Min Kyaw Thu Htay to 2015 Demo Pa Yit
12 hrs ·
နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ၀င်မစွက်ဖက်ရဟူသည့် အာဆီယံ ပဋိညာဉ်ကို မလေးရှားအစိုးရ လိုက်နာရန် မြန်မာအစိုးရပြော
↔↔↔↔↔↔↔↔↔↔↔↔↔↔↔↔↔↔↔↔
မလေးရှားနိုင်ငံတွင် ပြုလုပ်မည့် မြန်မာနိုင်ငံအပေါ် ဆန္ဒပြရှုတ်ချပွဲကို မလေးရှား ၀န်ကြီးချုပ် နာဂျစ်ရာဇတ် ကိုယ်တိုင် ပါဝင် တက်ရောက်သွားမည့် သတင်းများ ထွက်ပေါ်နေသည့် အတွက် မလေးရှားနိုင်ငံအနေဖြင့် တစ်နိုင်ငံ၏ ပြည်တွင်းရေးကို တစ်နိုင်ငံက ၀င်ရောက် စွက်ဖက်ခြင်း မပြုရဟူသော အာဆီယံ၏ မူဝါဒကို လေးစား လိုက်နာရန် လိုအပ်သည် ဟု သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက မြန်မာတိုင်းမ်ကို ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပြောသည်။
"မလေးရှားအစိုးရက အာဆီယံက ချမှတ်ထားတဲ့ မူဝါဒကို လိုက်နာမယ်လို့ မျှော်လင့်ပါတယ်။ နိုင်ငံရေး ထောက်ခံမှု ရအောင် ဘာသာရေးနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေတာကို တွေ့နေရပါတယ်"ဟု ၄င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် ဘင်္ဂါလီ မူဆလင်များ သွေးထွက်သံယို တိုက်ခိုက်မှုများ ခံနေရသည်ဟုဆိုကာ လာမည့် တနင်္ဂနွေနေ့တွင် မလေးရှားနိုင်ငံ တီတီဝမ်ဆာ အားကစားကွင်းတွင် အဆိုပါ ဆန္ဒပြပွဲကို ပြုလုပ်ရန် စီစဉ် ထားခြင်းဖြစ်ပြီး မလေးရှားနိုင်ငံနေ မြန်မာနိုင်ငံသား မူဆလင်များ ပါဝင်ရန်လည်း ဒုတိယ ၀န်ကြီးချုပ် ကိုယ်တိုင် ဖိတ်ခေါ်ထားသည်ဟု ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးထံမှ သိရသည်။
မြန်မာအစိုးရအနေဖြင့် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ လုံခြုံရေးအတွက် စိုးရိမ်လျက် ရှိနေပြီး လတ်တလော အခြေအနေတွင် ကိစ္စတစ်ခုကို တစ်ဦးတည်းတစ်ယောက်တည်း လုပ်ဆောင်ခြင်းမျိုး ရှောင်ကြဉ် ကြရန်လည်း လိုအပ်သည်ဟု အဆိုပါ ပြောရေးဆိုခွင့် ရှိသူက ဆိုသည်။
"အကဲဆတ်တဲ့အခြေအနေမျိုးမှာ မြန်မာနိုင်ငံသားတွေကို ဒုက္ခမရောက်စေချင်ဘူး"ဟု ၎င်းက ပြောသည်။
ထို့ပြင် ဆန္ဒပြရှုတ်ချပွဲတွင် မလေးရှား အစိုးရ ခေါင်းဆောင်များ ကိုယ်တိုင် ပါဝင်ခြင်း သေချာပါက မြန်မာနိုင်ငံရှိ မလေးရှားသံအမတ်ကိုလည်း မြန်မာအစိုးရဘက်က ခေါ်ယူမေးမြန်းသွားမည် ဟုလည်း သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူထံမှ သိရသည်။
လာမည့် တနင်္ဂနွေနေ့တွင် မြန်မာနိုင်ငံအပေါ် ရှုတ်ချ ဆန္ဒပြပွဲ ရှိနေခြင်းကြောင့် မြန်မာသံရုံးက မလိုလားအပ်သော ကိစ္စရပ်များ မဖြစ်ပေါ်စေရေး အတွက် မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများ အနေဖြင့် အထူးဂရုပြု သွားလာ နေထိုင်ကြရန် ဒီဇင်ဘာ ၂ရက်က ကြေညာချက် ထုတ်ပြန်ထားသည်။
http://myanmar.mmtimes.com/…/national-news/23212-2016-12-02…
The Myanmar Times
Photo- Facebook
ပြန်လည်မျှဝေပါသည်၊၊
Min Kyaw Thu Htay
2.12.2016
9:03 pm

 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

No comments: