Tuesday, December 6, 2016

6 dec. 2016 · လက်နက်ကိုင် တိုင်းရင်းသားတွေ ရန်ကုန်ကို ၀င်တိုက်လည်း ထောက်ခံမှာပဲNyein Chan Aung

6 dec. 2016
Nyein Chan Aung
လက်နက်ကိုင် တိုင်းရင်းသားတွေ ရန်ကုန်ကို ၀င်တိုက်လည်း ထောက်ခံမှာပဲ
-
တခွန်းပဲ ပြောလိုက်မယ် ခင်ဗျားတို့ အခုမှ စစ်ပွဲဒုက္ခတွေကို ခံစားရတာပါ၊ တိုင်းရင်းသားဒေသတွေမှာ နှစ်ပေါင်း ရာ နဲ့ ထောင်နဲ့ ချီနေပြီလို့။
-
ခင်ဗျားတို့ကိုယ်တိုင် မကြိုက်တဲ့ စစ်အာဏာရှင်ကို တိုက်နေတဲ့အချိန်မှာ ပြည်တွင်းစစ်ကို အကြောင်းပြပြီး တားမြစ်တယ်ဆိုရင် ခင်ဗျားတို့ လူမျိုးကြီးဝါဒကို ကြိုက်တဲ့သူတွေလား ဆိုတဲ့ နောက်ဆက်တွဲ မေးခွန်းကို ဖြေကြပါ။
-
စစ်ပွဲတွေ ရပ်ပေးလို့ အော်မယ်ဆိုရင် - မတရားမှု့ကို ငါတို့ ရှင်းပေးမယ်ဆိုတဲ့ အဖြေရှိဖို့လိုပါတယ်။
-
သူတို့ ဒေသမှာ တပ်လာစွဲတဲ့ အစိုးရစစ်တပ်နဲ့ အစိုးရယန္တရားကို တိုက်နေတာဟာ နောက်တောင် ကျနေပြီလို့ ပြောရမှာပဲ။
-
စစ်ပွဲဖြစ်ရင် လူထုက ခံရမှာပဲ၊ ဒါပေမဲ့ အဲဒီဒေသကို တိုင်းရင်းသားတွေ အုပ်ချုပ်ရင် နောက် ၁၀ နှစ်မှာ ၀ ဒေသထက် သာသွားမယ်လို့ အာမခံရဲတယ်။ ဘယ်နေရာမဆို ဗမာစစ်ဗိုလ်တွေမပါနဲ့ တိုးတက်တဲ့ သာဓကတွေ အများကြီး။
-
ဗမာစစ်ဗိုလ်တွေဆိုတာ စစ်တပ် အာဏာသိမ်းတဲ့ ၁၉၈၈ ကတည်း လမ်းတွေ တံတားတွေ ဆောက်လာခဲ့တာ ဒီနေ့ အစိုးရလက်ထက်မှာ တခုမှ ကောင်းတာ မရှိတော့ဘူး။
-
ခိုးဖို့ ၀ှက်ဖို့ မုဒိန်းကျင့် သတ် ဖြတ်ဖို့ပဲ စဉ်းစားနေတဲ့ အစိုးရစစ်တပ် မရှိရင် ဘယ်နေရာဖြစ်ဖြစ် အနည်းဆုံးတော့ တည်ငြိမ်အေးချမ်းမှာပဲ။
Comments
Hla Myint
Hla Myint ရန်ကုန် နဲ့ မန်းတလေးတော့ မတိုက်ပါနဲ့ ဗျာ
ရန်ကုန်မှာကျွန်တော်အစ်မကြီးနေတယ်ဗျ
မန်းတလေးမှာကျွန်တော်နေတာဗျ

ကျွန်တော်က အမျိုးသိပ်ချစ်တာဗျ
အမျိုးချစ်တာတော့ ကျွန်တော် က ခရို နီကြီးတွေ စစ် ဗိုလ် ချုပ် ကြီး တွေ နဲ့
ပြိုင် ရဲ ပါတယ်
တိုက် ချင်ရင်တော့ ကျပ်ပြေးနေပြည်တော် တိုက်စမ်းပါဗျာ
အဲဒီမှာ ကျွ န်တော်အမျိုးတယောက်မှ မရှိ ဘူးဗျ
နန်းတော်တယ်တဲ့ လူ ကြီး နယူးကလိယားshelter ထဲ ပုန်းနေတယ်ဗျ
သူ ဖမ်းပီး Hague ဖြစ် ဖြစ် Beijing ဖြစ် ဖြစ် ပို့ လိုက်စမ်းပါ ဗျာ
ကြိုတင်ပီးကျေးဇူးသိပ်တင်ပါတယ် ဗျာ

No comments: