Tuesday, December 6, 2016

7 dec. 2016 Tu Tu Hkawng‎ to ကချင်ပြည်နယ်သားတို့ ဆုံဆည်းရာ · STATE TERRORISM (နိုင်ငံအဆင့်အကြမ်းဖက်အဖွဲ့မှ ကမ္ဘာအဆင့်အကြမ်းဖက်အဖွဲ့သို့)

Tu Tu Hkawng to ကချင်ပြည်နယ်သားတို့ ဆုံဆည်းရာ
11 hrs ·
STATE TERRORISM
(နိုင်ငံအဆင့်အကြမ်းဖက်အဖွဲ့မှ ကမ္ဘာအဆင့်အကြမ်းဖက်အဖွဲ့သို့)

အခုအချိန်တွင်အသက် ၁၈-နှစ်ပြည့်နေသူတိုင်း ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး/အရေးအခင်း Saffron Revolution ကိုလူတိုင်းမှတ်မိနေကြအုံးမည်။ ၁၈ နှစ်ဆ ၃၆ နှစ်ပြည့်သူများကတော့ ၁၉၈၈ အရေးအခင်း/ရှစ်လေးလုံးအရေးအခင်းကိုမှတ်မိနေကြမှာပါ။
၎င်းအရေးအခင်းနှစ်ခုစလုံးကို အစိုးရစစ်တပ်က မည်သို့ကိုင်တွယ်နှိမ်နင်းသည်ကို တွေ့ကြုံခံစားဖူးသူတိုင်း ကေဝဋ်ပုဏ္ဏားအမာရွတ်ကို မြင်တိုင်းမဟော်သဓာကိုအမှတ်ရနေသလိုမှတ်မိနေကြအုံးမည်။အာဏာရှင်စနစ်ကိုတော်လှန်မှုတွင် အာဏာရှင်ကိုတော်လှန်လိုသူများအား၎င်း အရေးအခင်းနှစ်ခုမှမွေးထုတ်ပေးခဲ့သည်။ အချို့သည်လည်း အာဏာရှင်ကိုတော်လှန်ရင်း အာဏာရှင်ဆန်သွားကြသည်မှာ နောင်လာမည့်အာဏာရှင်ဆန့်ကျင်ကြမည့်သူများသတိသံဝေဂယူစရာဖြစ်သည်။
၈၈ အရေးအခင်းကတည်းကပင် အာဏာရှင်အစိုးရစစ်တပ်အနေဖြင့် State Terrorism အကယ်ဒမီ(နိုင်ငံအဆင့်အကြမ်းဖက်အဖွဲ့)ကိုရပြီးသားဖြစ်သည်။ ၂၀၀၇ ရွှေဝါရောင်အရေးအခင်း သံဃာ တော်သတ်မတော်သည်လည်း State Terrorism ကိုနှစ်ထပ်ကွမ်း အကယ်ဒမီအနေဖြင့်ထပ်မံဆွတ်ခူးရရှိထားခဲ့ပြီးဖြစ်သည်။
ထို့အတူ မုံးကိုးအားရစရာမရှိအောင်ဗုံးကြဲ၊ ဓားစာခံများကို လူသားဒိုင်းကာအဖြစ်အသုံးပြုပြီးသည့်အချိန်တွင်ကား ပြိုင်ဖက်မရှိ သုံးထပ်ကွမ်း နိုင်ငံအဆင့်အကြမ်းဖက်အဖွဲ့မှ ကမ္ဘာ့အဆင့်အကြမ်းဖက်ဘွဲ့ ကို IS ထက်နှာတဖျားအသာဖြင့်ဗိုလ်စွဲခဲ့လေပြီ။ အကြမ်းဖက်အဖွဲ့ထိပ်ခေါင် Champion of Champion ဘွဲ့ကိုမယူခင် သူခိုးကလူလိုဟစ်ကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ ကို အကြမ်းဖက်အဖွဲ့စာရင်းသွင်းဖို့လုပ်နေသေးသောအကွက်မှာ မျက်စိစပ်သည်။
State Terrorism နိုင်ငံအဆင့် အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ရန်အနည်းဆုံး သံဃာတော်၊ ပြည်သူလူထုများကို မညှာမတာ သတ်ဖြတ်တတ်ရန်လိုသည်။ သနတ်ပြောင်းဝဖြင့် ပြည်သူကိုချိန်ရဲရမည့်အပြင် မောင်းခလုတ်ပါဆွဲတတ်ရန်လိုသည်။ ရွာလုံးကျွတ်မီးရှို့တတ်ရန်လိုသည်။ တိုင်းရင်းသူသက်ကြီး၊သမီးပျိုများကို အဝှာပြုတတ်ရန်လိုသည်။ ရွာထဲသို့ အကြောင်းမရှိလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်တတ်ရန်လိုသည်။ မြို့ ရွာများ၊စာသင်ကျောင်းများ၊ဘုရားကျောင်းများကို အမြောက်ဖြင့်ပစ်၊လေယာဉ်ဖြင့်ဗုံးကြဲတတ်ရန်လိုသည်။ (လက်ရှိအချိန်တွင်လည်း မြန်မာအစိုးရစစ်တပ်သည်မုံးကိုးမြို့ ရှိ အိမ် ၃ အိမ်အားပူပူနွေးနွေး မီးရှို့ဖျက်ဆီးလျှက်ရှိသည်)
အထက်ပါအချက်များကို တိုင်းရင်းသားလူမျိုး တော်လှန်ရေးလက်နက်ကိုင်တပ်မတော်များက မပြုလုပ်ပါ။ လုပ်သူများကိုလည်း အားမပေးပါ။ ဘယ်လောက် အထိအခိုက်အကျအဆုံးများပါစေ၊ တိရစ္ဆာန်စိတ်ဖြင့်မည်သည့်အခါတွင်မျှမလုပ်ပါ။ ဤကဲ့သို့ပြုလုပ်ရန်သတ္တိ ကျနော်တို့တွင် မရှိသေးပါ။
ထို့ကြောင့် အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်လိုပါက အကြမ်းဖက်လက္ခာဏာနှင့် ညီညွတ်သောအစိုးရစစ်တပ်ကိုသာသတ်မှတ်ကြကုန်လော။
အကြမ်းဖက်အဖွဲ့ ဘုန်းကြီးသတ်မတော် ကျဆုံးပါစေ။
Photo Credit: RFA Burmese [screenshot]

Comment

No comments: