Saturday, December 3, 2016

3 dec. 2016 . Notes from Nyein Chan Aung's post. ဒေါ်အောင်ဆန်းစုကြည်က စစ်အာဏာရှင်တွေနဲ့ ခရိုနီတွေကို ကာကွယ်နေတာလား

3 dec. 2016


Hla Myint's photo.
Notes from(Nyein Chan Aung)'s post.

နှစ် ၂၀ အတွင်း မှာ စကာင်္ပူ
ကိုကျော်အောင်သွားချင်လား။
ဒါဆိုရင် ကျနော်တို့
ရခိုင်တွေကိုထားခဲ့ ပါ။
ကချင် တွေကိုထားခဲ့ ပါ။
ရှမ်း တွေကိုထားခဲ့ ပါ။
ဝ လူမျိုးတွေကိုထားခဲ့ ပါ။
ချင်း တွေကိုထားဒခဲ့ ပါ။
ကယားတွေကိုထားခဲ့ ပါ။
မွန်တွေကိုထားခဲ့ ပါ။
ကရင်တွေကိုထားခဲ့ ပါ။
ခင်ဗျား တို့ ပြည်ထောင်စုဆိုတဲ့ 
မနိုင်ဝန်ကိုထမ်းပြီးတော့ 
ဘယ်လို့ မှခရီးမရောက်နိုင်ပါဘူး။

ငါတို့ လဲ ဗမာ့ နည်းဗမာ့ ဟန်နဲ့ 
နောက်အနှစ်၂၀ ခရီးကို
အတူမလျောက်လိုပါဘူး။
၂၀၀၈ မူဘောင်အောက်မှာ
ခင်ဗျားတို့ ပျော်ရင်ဆက်လျောက်ပါ။
ခင်ဗျားတို့ အရင်ကျော်သွားကြပါ။
နေရစ်ခဲ့ ရတာ၊ကျန်ရစ်ခဲ့ တာ
ခင်ဗျားတို့ နဲ့ အတူတူ
သွားရတာထက်
ပိုကျေနပ်ပါတယ်။
ခင်ဗျားတို့ ဘဲ အရင်သွားကြပါ။
ဒါခင်ဗျားတို့ အတွက်
စေတနာစကားပါ။

ပေးသလောက်ယူ
လုပ်သမျှခံ ဘ၀နဲ
အတူလျောက်ရမဲ့ နောက်အနှစ်၂၀ လား
အတူတူ မလျောက်နိုင်တာ
အတူတူ မပျော်နိုင်တာ
အတူတူ မသွားနိုင်တာ
အတူတူဆိုရင်ဘာဆိုဘာမှ
အယုံအကြည်မရှိပါ။

မောင်းတင်လာတဲ့ ဒေါင်း
အဟောင်းမပြင်နိုင်တဲ့ ဒေါင်း
အိပ်မက်တွေ အပေါ်
မနိုင်ဝန်တွ ပိနေရှာတယ်။
မ Down ခင် ဒိုးကြပါတော့ ။
နော်မိုင်
၂.၁၂.၀၂၁၆

မြစ်ဆုံ ကိစ္စကို ပွင့်ပွင့်လင်းလင်း ပြည်သူတွေကို ချပြလိုက်လေ။
-
နိုင်ငံကို ရောင်းစားတဲ့သူတွေ၊ တတိုင်းပြည်လုံးကို ဒုက္ခရောက်အောင် လုပ်မဲ့သူတွေကို အပြစ်ပေး အရေးယူလိုက်လေ။
-
ကချင်တိုင်းရင်းသားတွေ သူတို့အတွက် တောင်းနေတာ မဟုတ်ဘူး၊ သူတို့အတွက် ကာကွယ်နေတာမဟုတ်ဘူး။
-
ဗမာပြည် တပြည်လုံးအတွက် ကာကွယ်နေတာ၊ ဗမာပြည် တပြည်လုံးအတွက် လုပ်နေတာ။
-
မြစ်ဆုံ မှာ ဆည်ဆောက်ရင် တနိုင်ငံလုံး အန္တရာယ်များတယ်လို့ ပြောတာ ဗမာတွေ၊ နိုင်ငံခြားသား ပညာရှင်တွေ။ ကချင်တွေ ဘာမှ မပြောဘူး။
-
ဒေါ်အောင်ဆန်းစုကြည်က စစ်အာဏာရှင်တွေနဲ့ ခရိုနီတွေကို ကာကွယ်နေတာလား
-
ခင်ဗျားတို့ ဒါကိုတော့ သေသေချာချာ ခွဲခြားသိဖို့လိုတယ်။

No comments: