Wednesday, December 27, 2017

27 dec. 2017 ဘအမိျုး ဘိုးတူ မောင်နောင်တ နဲ့မြေး " တောင်ပေါ်သား"

ဘအမိျုး ဘိုးတူ
မောင်နောင်တ နဲ့မြေး " တောင်ပေါ်သား"


မော်လီသန်း ခေါ်
ဒေါ်ခင်မော်မော် က  "သူ .သားလပ် တောင်ပေါ်သား " ဟာ သူ့ အဖေ ပီတာဘသန်း ခေါ်
မောင်နောင်တ
ခေါ်
ဧရာဝတီ ကိုယ်စားလှယ်ကြီး ဦးဘသန်း နဲ့ တူတာဗျ
အဲဒီဘိုးတော်က အင်္ဂလိပ် ခေတ်က
မန္တလေး ကယ်လီ ကျောင်းကနေပီး ၁၀ တန်းကို အင်္ဂလိပ် စာဂုဏ်ထူး နဲ့အောင်တာ တဲ့ ဗျ
ရန်ကုန် တက္ကသိုလ်မှာ ဆရာဇော်ဂျီ ခေါ် ဦးသိန်းဟန် / ဗေဒါလမ်း ကဗျာဆရာ တို့ 
ဝန် ကြီးချုပ် ဦးနုတို့ 
နဲ့ တတန်းထဲ တက်ခဲ့ တာတဲ့ ဗျ
သူ့  ရီးစားကို မိဘတွေ က ICS တယောက်နဲ့ သဘောတူတာနဲ့  သူက နောက်ဆုတ်ပေးလိုက်တာကနေ အသဲကွဲ ပြီး
BA အထက်တန်းရောက်မှ တနှစ်လုံးအတန်းမတက်ဘဲ အင်းယားကန်ဘေးသွားထိုင်ထိုင်နေတာတဲ့ ဗျ
သူ အဖေကတော့ တနှစ်လုံး မန္တလေးကနေ
ငွေပို့ ရတာပေါ့ ဗျာ
အချစ်ကိစ္စ နဲ့ အသဲကွဲပြီး
BA ဘွဲ့ မရတော့ ဘူး ဗျ
ICS ဆိုတာက Imperial Civil Service
ဘုရင်မ ပဋိဥာဏ် ခံ အုပ်ချုပ်ရေး မှူးပေါ့
အရပ် အခေါ် နယ်ပိုင် ဝန်ထောက်ပေါ့ ဗျာ
နောက်တော့ နောင်တ ရပြီး မောင်နောင်တ ကလောင်နံမယ်နဲ့ စာရေးတာပေါ့ ဗျာ
ဆရာ ကြီးဇော် ဂျီ တို့  မင်းသု ဝဏ် တို့ နဲ့
ခေတ်ပြိုင်ပေါ့
မောင်နောင်တ က ဘာသာပြန်ကောင်းတာဗျ
သူ ရဲ့  masterpiece ကတော့ ကမ္ဘာ ကျော် The vagabond ဝတ္ထုဘာသာပြန်
ဝတ္ထုဘဲဗျ
အဲ ဒီ အကြောင်း ရန်ကုန်တက္ကသိုလ် ရွှေ ရ တု
အထိမ်းအမှတ် မဂ္ဂဇင်းမှာ သူ ရေးဘူးတယ် ဗျ
မောင်နောင်တ၏မြေး တောင်ပေါ်သား ကိုဝင်းခေါ် လှမြင့်ဝင်း ကသူအဖိုးလောက်တော့
အချစ်အတွက် သိတ် မထိဘူးဗျ
တော်သလောက်တော့ ဖြစ်မလာရှာဘူး ဗျ
အင်ဂျင်နီယာ အမှတ်ကို ၂မှတ်ထဲ နဲ့ လွဲသွားရှာတယ်
မန္တလေး အထက ၁၆ က သူ ရီးစား ကောင်မလေးနဲ့ အဆင်မပြေ လို့ တမှိုင်
တထွေထွေ ဖြစ်နေလို့ သူအမေက ရန်ကုန်
RU ပို့ လိုက်တာ math ဘွဲ့လေးတော့ ရသွား
ရှာတယ်
RU မှာလဲ အတန်းမတက်ဘဲ ဓါတ်ပုံထဲက အတိုင်းပါ ဘဲဗျာ
အင်းယားကန် ဘေး သွားလိုက် campus ထဲတမှိုင်တထွေထွေ နဲ့
သစ်ပုပ် ပင်ကြီးအောက်သွားသွားထိုင်နေလိုက်လုပ်နေ
တာသူ့အကို ရွှေမင်းသားက သနားပီး
ရန်ကုန်မြို့ လယ်
ဘုန်း ကြီးလမ်း က ကွမ်းတောင်ကိုင် သူတိုး သမီးချောနဲ့ ပေးစားလိုက်လို့ ကံကောင်းထောက်မ ပီး math ဘွဲ့လေးတော့
ရလိုက်ရှာပါတယ်ဗျာ
သဗ္ဗေ သင်္ခါရာ အနတ္တာ
ဆရာငြိမ်း
from mandalay with love.

No comments: