Friday, December 8, 2017

SzOo(ကျေးဇူးရှင် (၂) အတွက် ရင်ခုန်ကြလော့) လေးစားစွာဖြင့် ရွှေစင်ဦး 8 dec.2017

ကျေးဇူးရှင် (၁)

ကျေးဇူးရှင် ဆိုလို့ မြန်မာပြည်ကြီး ချောက်ထဲ ကြဖို့ လက်တလုံး အလိုမှာ ကယ်တင်ခဲ့ ကြတဲ့ အခေါင်းတောင် မပါဘဲ နဲ့ အသုဘ ချခဲ့ရတဲ့ အာဏာရှင် စစ်ခေါင်းဆောင် ကြီး လား၊ အခုအချိန်ထိ ပြည်သူများ ပို့သတဲ့ မေတ္တာကြောင့် ကျန်းမာ၊ ချမ်းသာစွာ နဲ့ စာဖတ်နေတဲ့ စာဖတ်နေသူကြီး ကို ရည်ညွှန်းများ ပြောလေသလား ဆိုပြီး အထင် မမှားကြနဲ့ ရိုးရှင်းစွာ နဲ့ ကိုယ့် မိသားစု ကိစ္စ ကိုယ် ပြောမလို့ပါဗျာ၊ ဒီနှစ် ထဲ ခရီး ထွက်တဲ့ အချိန်မှာ သတိထားမိ တာလေး  တွေ ကို ပြောရင်းနဲ့ပါ။

ရန်ကုန်လည်း ရန်ကုန် အလျောက် နယ်မှာလည်း နယ်အလျောက်ပေါ့ လေ့လာမိသမျှ နီးစပ် တဲ့ အိမ်လေးတွေမှာ အသက်အရွယ် ကြီးရင့် တဲ့ လင်မယားတွေ သာ အတွေ့များနေ တဲ့ အကြောင်း ပါ၊ မွန်ပြည်နယ် က ကရင်ရွာလေး တွေ ရောက်သွားတော့ ပိုဆိုးပါတယ်၊ အသက်ကြီး တဲ့ သူတွေ သာများပြီး ပညာပြည့်စုံပြီး အရွယ်ရောက်တဲ့  သား၊ သမီး တွေ အားလုံး လိုလို နိုင်ငံခြား သွား အလုပ် လုပ်နေကြပါတယ်၊၊ ရှိနေတဲ့ သူတွေ ကလည်း သွားဖို့ ကျိုးစားနေကြတာ ကို တွေ့ ခဲ့ရပါတယ်၊ လင်မယား နှစ်ယောက် ထဲ နီးစပ်ရာ အိမ်နီးခြင်း၊ ဆွေမျိုးသားခြင်း များ ကို အဖော်လုပ်ပြီး ဘဝ ကို ဖြတ်သန်းနေ ကြပါတယ်။

ကျနော် တို့ တည်းခိုတဲ့ ကရင် ရွာလေးက အိမ်လေးကတော့ လင်မယား နှစ်ယောက်ထဲ ဘဲ ရှိပါတယ်၊  တဦးတည်းသော သားလေး က အမေရိကားရောက်နေတယ်လို့ ပြောပါတယ်၊ မနက်မိုးလင်းစားသောက်ပြီးတော့ အပြင်မလည်ခင် သူတို့ လင်မယား ဖွင့်ပြတဲ့ အခွေ တွေ 
ကိုကြည့်ရပါတယ်၊ သား ဘွဲ့ယူတဲ့ပုံ၊ မင်္ဂလာဆောင်တဲ့ပုံ၊ မြေးဦးလေး မွေးဖွားတဲ့ပုံ အားလုံး ဘဲ တွေ့ရပါတယ်၊ သားတော်မောင် ကတော့ ထွက်သွားတဲ့ ဆယ်နှစ်ကျော် မှာ နောက် လ ထဲမှာ တခေါက်ပြန်လာမယ်ပြောပါတယ်။ 

မြင်ချင်တဲ့ မြေးလေး မျက်နှာ၊ ချွေးမလေး မျက်နှာ၊ သားလေး မျက်နှာ ကို တွေ့ရတော့မဲ့ သူတို့ လင်မယား ရဲ့ ဝမ်းသာပိတိ ကို စဉ်းစားမိယုံ နဲ့တောင် ပျော်ရွှင်မိပါတယ်။ ဒါပေမဲ့ သူတို့ လင်မယား ဘယ်လောက်ထိ သူ့တို့ သားမြေးလေးတွေ နဲ့ နေနိုင်ကြမလည်း ခွင့် တလ ဆို တလပေါ့၊ နှစ်လ ရရင် နှစ်လ ပေါ့၊ ပြီးရင် ပြန်ကြတော့မယ်၊ အခု သူတို့ လင်မယား အသက် ခြောက်ဆယ် အခုနှုန်း အတိုင်း၊ တခြား အခြေအနေတွေ လည်း မပြောင်း ဘူးဆိုရင် အသက် ခုနှစ်ဆယ် မှာ တခါ တွေ့ရမယ်၊ သူတို့ အသက်ရှည် ရင် အသက် ရှစ်ဆယ် မှာ တစ်ခါထပ် တွေ့ ရမယ်၊ သူတို့ မိသားစု  ပြန်လာတဲ့ အချိန်မှာ တခြား ဆွေမျိုး သားခြင်း တွေနဲ့ တွေ့ဖို့ လည်း အချိန်ပေးရအုန်းမယ်၊ ချွေးမလေး မရောက်ဖူးတဲ့ အရပ်ဒေသ တွေ ကို လိုက်ပို့ ရအုန်းမယ်။ 

မြေးလေး တောင် ဘယ်အချိန်သွားချစ်ရမလည်း မသိ၊ ငွေရေးကြေးရေး ကတော့ သား၊ သမီး တွေက အဆင်ပြေအောင် ဖြည့်ဆည်းပေးထားတဲ့ အတွက် အားလုံး အဆင်ပြေကြပုံ ရပါတယ်၊ လိုနေတာ တခု ထဲပေါ့ သားသမီးမေတ္တာ၊ မြေးလေးတွေ နဲ့ နေရတဲ့ နွေးထွေးတဲ့ ခံစားမှု့ တွေပါ။ 

ရန်ကုန် က မိတ်ဆွေ၊ ဆွေမျိုးသားခြင်းတွေ အိမ် တွေ ကြည့်မိပြန်တော့ ပိုဆိုးသွားပါတယ်၊ နယ်လို အိမ်နီးနားခြင်းကောင်းလည်း မရှိ၊ ဆွေမျိုးသားခြင်း တွေ နဲ့လည်း ဝေးနေရတော့ အိမ် အကူလေး တွေနဲ့ အဖိုးကြီး၊ အဖွားကြီး လင်မယား နှစ်ယောက် ထဲ၊ ငွေ ရေးကြေးရေး လိုလေ သေးမရှိ ဘယ်လိုဘဲ ပြည့်စုံပြည့်စုံ သူတို့ မှာ လိုနေတာတွေ က အထင်းသားပါလား၊ သား၊ သမီး တွေ ရဲ့ နွေးထွေးတဲ့ ပြုစု စောင့်ရှောက်မှု့၊ မြေးလေးတွေ နဲ့ နေရတဲ့ သိပ်ကို လိုအပ် တဲ့ သူတို့ ပေးချင်နေတဲ့  နွေးထွေးတဲ့ ချစ်မေတ္တာ သူတို့ မှာ ဘာတခုမှ မရကြပါလား ဆိုတာ သိလိုက်ရလို့ စိတ်မကောင်းဖြစ်မိပါတယ်။

ကျနော့် မိဘ နှစ်ပါး ကို ပြန်ကြည့် မိပြန်တော့ သားသမီး ခြောက်ယောက်မွေးထားတဲ့ အထဲမှာ သုံးယောက် က အဝေးမှာ မိဘ ကို အမြဲတမ်းမစောင့်ရှောက်နိုင်ပေမဲ့ မိဘ သွားတဲ့ အချိန် သူတို့လာတဲ့ အချိန်တွေ မှာတော့ တတ်နိုင်သလောက် မိဘ ကို စောင့်ရှောက်ကြ ပါတယ်၊ ကျနော် ကတော့ အတူမနေနိုင်ပေမဲ့ တမြို့ ထဲဆိုတော့ အချိန်မရွေး အိမ်ကိုသွား နိုင်ပြီး  မိဘ နှစ်ပါး လိုအပ်တာ လုပ်ပေးပါတယ်။

ဒါပေမဲ့ ဒါတွေ က ဒီလောက်မဟုတ်ဘူးဗျ၊ ကျနော့် မေမေ က သားသမီး တွေ ကို ငယ်လည်း ငယ်တဲ့ အလျှောက် ကြီးလည်း ကြီးတဲ့ အလျှောက် တော်တော်ချစ်တတ်တယ်၊ ကျနော် တို့ ငယ်ငယ် က ဆိုရင် တော်တော်ကြီးတဲ့ အထိ ထမင်းက စပြီး ခွံ့ ကျွေးတာ၊ ကျနော် တို့ မောင်နှမ တွေ ကို တန်းစီ ရေချိုး သနပ်ခါးလိမ်းပေးတယ်၊ ပါးကွက် ကလေး တွေ ဆင်တူနဲ့ မိန်းခလေး ဆိုရင် နွေရာသီ ဆိုရင် သရဖီကုန်း လေး တွေ နဲ့ တခြား လည်း ရာသီ အလျှောက် ပန်းလေး တွေ ပန်ပေးပါတယ်။ သနပ်ခါး ထဲ မှာလည်း သရဖီပန်း ဝတ်မှုန့် လေး တွေ ကြိတ် ထဲ့ပေးတာ ဆိုတော့ မွှေးကြိုင်လို့။

ထမင်းကျွေးရင် လည်း မေမေက သားသမီး တွေ ဝန်းရံထားတဲ့ အလယ်ကောင် မှာ ဟင်းတွေ ထမင်းတွေ နှယ်ပြီး တခါထဲ တယောက်ပြီး တယောက် ခွံကျွေးတယ်၊ ကျနော် တို့ မောင်နှမ တွေ က အလှည့် ကျော်ပြီး ပါးစပ်လေးတွေပြင်လို့ ကျနော် ကတော့ အခုထိ မေမေ ချက်တဲ့ ဟင်း နဲ့ မေမေ ခွံကျွေးတဲ့ ထမင်း မှ ပို အရသာ ရှိတယ်လို့ ထင်တုန်း၊ ကျနော် က အဖေ တူ မလို့ ဘယ်လိုဘဲ ရွံတတ်ပေမဲ့ မေမေ ပါးစပ်ထဲ က ဝါးတဲ့ ကွမ်းဖတ် ကို ငယ်ငယ်တုန်းက တောင်းစား တဲ့ ထိ မေမေ ကို ချစ်တယ်။

ကျနော် တို့ မောင်နှမ တွေ ကြီးလာတော့ အားလုံး ကျောင်းသွားတက်တော့ မေမေ တယောက် ထဲ အိမ်မှာ ကျန်ရစ်ပါတယ်၊ ကျနော် က ကျောင်းပျင်း ဆိုတော့ ကျောင်း မတက်ချင်ရင် မေမေ ရေ ဒီနေ့ ကျောင်းမတက်ချင်လို့ ဆိုင်းထိုးပေးလို့ ပြောရင် ခွင့်ကဒ် လေး မှာ အားရပါးရ ထိုးပေးတယ်၊ အဲဒီနေ့ အတွက် အိမ်မှာ ကျနော် အဖော် ရှိသွားပြီ၊ ကျနော့် အောက်က ညီမ နဲ့ ညီမ အငယ်ဆုံး ကတော့ ကျောင်းမပျင်းဘူး၊ ကျောင်း အမြဲတန်း တက်ချင်တယ်၊ နေမကောင်း ဘူး ထင်လည်း သွားတာဘဲ၊ ဒါဆို မေမေ က စိတ်ဆိုးတယ်၊ နေမကောင်း တာများ နားပါအုန်းလား ဘာ၊ ညာ အသံထွက်လာတယ်၊ တကယ် ပြောတာပါ။

သားတွေကြ မရဘူးဗျ၊ ကျောင်း အလွန်ပျင်းတွေ ဆိုတော့ ကျောင်းမသွားချင် လို့ စာအုပ်ဖွက် လွယ်အိပ် ဖွက်ရင်တောင် ရအောင် ရှာပြီး သွားခိုင်းတယ်၊ သမီး တွေ ကို ပိုချစ်တယ် ထင်တယ်၊ ဟုတ်၊ မဟုတ် မေမေ ကို မေးကြည့်ပါ။

အခု ကျနော်ပြောချင်တဲ့ အကြောင်းအရာ အဓိက ကတော့ သားသမီး တွေ အများ ကြီးမွေး၊ ခွေးတွေ ကြောင်တွေ အများကြီး မွေးပြီး အားလုံး ကို ချစ်တတ်တဲ့ ကျနော့် မေမေ မှာ ချစ်စရာ လူမြေးလေး တွေ နီးနီးနားနား သာ မရှိခဲ့ရင် မေမေ အခု လို ကျန်းကျန်းမာမာ နဲ့ အသက် ခွန်နှစ်ဆယ် ကျော် ထိ နေနိုင်ပါ့ မလား၊ နေနိုင်ရင်တောင် ပျော်ပါ့မလား ဆိုတာ တွေး စရာ ဖြစ်လာပါတယ်။

အခု ခရီးမသွားခင် အထိ အိမ်မှာ အတူနေ မောင်လေး က မွေး တဲ့ ခလေး နှစ်ယောက် နဲ့ လုပ်ကိုင် နေတာတွေ့ ရင် မေမေ ပင်ပန်းတော့ မှာဘဲ ဆိုပြီး စိတ်ပျက်ချင်တယ်၊ အခုတော့ အမြင်တွေ ပြောင်းသွားပါပြီ၊ ဒီခလေး နှစ်ယောက်သာ မရှိရင် ငါ့ အဖေ၊ အမေ တွေ ဘယ်လို နေကြမှာလည်း ဆိုတာ စဉ်းစားမိသွားပါတယ်၊ ဒီလို ချစ်စရာ အလွန် ဆော့၊ အလွန် လည် တဲ့  ကလေး နှစ်ယောက် ကို မွေးပေးထား တဲ့ ယောင်းမလေး  နဲ့ အငယ်ဆုံး မောင်လေး မောင်ငြိမ်းချမ်း တို့ ကို ကျေးဇူးတင်ရမယ် လို့ လည်း စဉ်းစား မိပါတယ်၊ ဒါကြောင့် ဒီပိုစ့်လေး ကို ရေးပါတယ်၊ မောင်လေး က အာဏာရှင် (၁) ဆိုပြီး ကျနော် အကြောင်း ကို ရေးခဲ့ သလို ကျနော် ကလည်း မိဘ နှစ်ပါး အတွက် ကျေးဇူးရှင် (၁) ဆိုပြီး မောင်လေး အတွက် ဒီပိုစ့် လေး ကို ပြန်ရေးပေးလိုက်ပါတယ်၊ မိဘနှစ်ပါး ကျန်းမာစွာ နဲ့ အသက်ရာကျော် ရှည်ပါစေ။

                    (ကျေးဇူးရှင် (၂) အတွက် ရင်ခုန်ကြလော့)

လေးစားစွာဖြင့်
ရွှေစင်ဦး
.

No comments: