Sunday, December 3, 2017

Charles Aung
"တူလာတူလီ (မင်းကြီးရွာ) အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု"
------------------------------------------------
၂၀၁၇ သြဂုတ်လ ၃၀ ရက်နေ့ ညသန်းခေါင် အချိန်တွင် မြန်မာ့စစ်တပ်က မောင်တောမြို့နယ် တူလာတူလီ ရိုဟင်ဂျာ ကျေးရွာသို့ စီးနင်းဝင်ရောက်ပြီး ကလေးသူငယ်အပါအဝင် အပြစ်မဲ့ ရွာသားအားလုံးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မီးရှို့ခဲ့ကြောင်း "တူလာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု" မှ လွှတ်မြောက်လာသည့် မျက်မြင်သက်သေ ဦးမောင်ဘမှ ထုတ်ဖော်ပြောခဲ့တယ်။
မည်သို့ပင် ကလိမ်စေ့ ငြမ်းစင် လိမ်ကြစေကာမူ အမှန်တရားက အနှေးနှင့် အမြန်ဆိုသလို ပေါ်ပေါက်လာစမြဲပါ။ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးကထဲက
စစ်တပ် လိမ်သမျှ မပေါ်ခဲ့တာလည်း မရှိသလို ယခု ရခိုင်ဒေသက လုပ်ကြံမှုတွေအားလုံး နည်းပညာ အကူအညီကြောင့် ယခင်တုန်းကလို မကြန့်ကြာတော့ပဲ လျှင်မြန်စွာ အလိမ်ပေါ်ခဲ့ရပြီး ကမ္ဘ္ဘာကြီး တခုလုံးသို့လည်း အချိန်နှင့် တပြေးညီ သတင်းတွေ စီးဆင်းသွားခဲ့ပါတယ်။ သိရှိကြရပါတယ်၊ ကြေကွဲကြရပါတယ်။
တူလာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို (၂၁) ရာစု၏ အဆိုးဝါးဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်းလို့လည်း ပြောစမှတ်ပြု စုတ်တသတ်သတ် ရှိကုန်ကြပါတယ်။
ဟိန္ဒူတွေကို ရခိုင် အစွန်းရောက်တွေနှင့်ပေါင်းပြီး တပ်က နုတ်ပိတ် သတ်ဖြတ်မှုတွေ၊ တူလာတူလီ (ခ) မင်းကြီးရွာက မွတ်စလင်တွေကို ရွာလုံးကျွတ် သတ်ဖြတ်ကျူးလွန်ခဲ့တာတွေလည်း မကြာမီ ပေါ်ပေါက်လာမှာ အမှန်ပါ။
'တူလာတူလီ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း (Tula Toli Massacre)'
လို့ ကမ္ဘ္ဘာ့က ဒီကိစ္စကို မှတ်တမ်းတင်ထားရှိပါတယ်။မွတ်စလင် (၅၀၀) ကျော်နှင့် ၎င်းတို့၏ ခလေးငယ် (၃၀၀) ကျော်၊ ရွာလုံးကျွတ်နီးပါး အသတ်
ခံခဲ့ရတဲ့ ဒီရွာကလေးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် လွန်စွာ နီးကပ်စွာရှိတဲ့ ရွာလေးတရွာ ဖြစ်ပါတယ်။
ထိုရွာကနေ လှမ်းမြင်နေရတဲ့ 'Dual Toli' ရွာကို ဗမာ စစ်သားတွေက အရင်ဝင်တိုက်ပြီး ရှိသမျှ ရွာသားတွေကိုသတ်ကာ တရွာလုံးကို မီးလောင်တိုက် သွင်းလိုက်ပါတယ်။ 'Dual Toli' မြစ်ကို ကူးပြီး အသက်ဘေး လွတ်အောင် ရေကူးပြေးနေတဲ့ သူတွေကိုလည်း အလွတ်မပေး သတ်ဖြတ်ခြင်းခံရသလို အဆက်မပြတ် ပစ်ခတ်နေတဲ့ ကျည်ဆံအောက်မှာ ခေါင်းမဖော်နိုင်အောင် ရေကူးနေရတာမို့ ရေနှစ်ပြီး သေဆုံးသူ (၁၀) ဦးထက် မနည်း ရှိခဲ့တယ်လို့ မှတ်တမ်း
က ဆိုပါတယ်။
တူလာတူလီရွာမှာတော့ မသတ်ခင် တရက်အလိုမှာ ရွာထဲရှိ မွတ်စလင်အားလုံး ရွာပြင်ထွက် ငါးဖမ်းခြင်း၊ စိုက်ပျိုးခြင်း မပြုရဟု အမိန့်အရင်
ထုတ်ကာ ၎င်းတို့ပိုင် တန်ဘိုး ရှိသမျှ ပစ္စည်းအားလုံးကို တအိမ်တက်ဆင်း လုယက် ယူငင်ပြီးမှ ရွာရဲ့ ထွက်ပေါက်မှန်သမျှ လေးဘက်လေးတန်ကို ပိတ်ထားလိုက်ပါတယ်။
နံဘေးပတ်လည် မြစ်ရေတွေ တသွင်သွင်စီးဆင်း ဖြတ်သန်းနေပြီး လရောင်အောက်မှာ ကျီးလန့်စာစား သေမိန့်ကျနေတဲ့ ရွာကလေးကို ဗမာ စစ်သားတွေက ဩဂုတ်လ (၃၀) ရက်နေ့ ညသန်းကောင် အချိန်မှာ ဘီလူးဆိုင်းတီးပြီး စတင် တိုက်ခိုက်ကာမဲမဲ မြင်သမျှ အကုန် ပစ်သတ်ပါတော့တယ်။
တရွာလုံး တယောက်မှ မကျန်တော့ဘူးဆိုတာ သေချာမှ သတ်ဖြတ်ခြင်းကို ရပ်စဲလိုက်ကြပြီး တရွာလုံးကို မီးတင်ရှို့လိုက်ကြပါတော့တယ်။ဒီအစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းမှာဒေသခံ ရခိုင်၊ ဟိန္ဒူနှင့် ဗုဒ္ဓဘာသာဝင်တွေလည်း ပါရှိတယ်လို့ ဂါးဒီးယန်း သတင်းမှတ်တမ်းမှာ ဖော်ပြပါရှိပါတယ်။
ဂါးဒီးယန်း သတင်းစာက ဒီကိစ္စကို (၇) ရက် စက်တင်ဘာလမှာ ကမ္ဘ္ဘာကို တင်ပြခဲ့ပါတယ်။
https://www.theguardian.com/…/massacre-at-tula-toli-rohingy…
'လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ ( Amnesty International) ကလည်း
ထိုသတ်ဖြတ်မှုကြီးကို အတည် ပြုသလို'ဂြိုဟ်တု (Satellite)' ကရိုက်ထားတဲ့
ဓာတ်ပုံတွေနဲ့ ကမ္ဘ္ဘာကို တင်ပြခဲ့ပါတယ်။
https://www.theguardian.com/…/myanmar-satellite-imagery-con…
အင်္ဂလိပ်လိုရေး 'Dhaka Tribune' သတင်းစာကလည်း (၉) ရက်၊ စက်တင်ဘာမှာ ဒီကိစ္စကို အတည်ပြု ရေးသားထားသလို အမေရိကန် သတင်းစာ အချို့ကလည်း(၁၈) ရက်၊ စက်တင်ဘာမှာ အတည်ပြုရေးသားပါတယ်။
http://edition.cnn.com/…/ethnic-cleansing-rakhin…/index.html
http://www.dhakatribune.com/…/09/09/no-rohingya-left-tulat…/
https://indiatribune.com/adults-were-shot-babies-thrown-in…/
https://www.irishtimes.com/…/massacre-at-tula-toli-rohingya…
ဒီကိစ္စ စဖြစ်ခါစကထဲက ရွာထဲကို အဝင်မခံလို့ တဖက်နိုင်ငံရောက် ကမ္ဘ္ဘာ့သတင်းထောက်တွေက မောင်းသူမဲ့ယာဉ်ငယ် 'ဒရုန်း (Drone)' တွေ
နှင့် ဂြိုဟ်တုနဲ့ မှတ်တမ်းတင်နေကြောင်း၊ ကြိတ်သတ်လို့ မရကြောင်း ရေးတဲ့အခါ နွားတွေက နွားလိုတွေးပြီး ရယ်ကြတာ မှတ်မိကြမယ်ထင်ပါတယ်။
ထိုအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ဩဂုတ် (၃၀) ရက်ကနေ စက်တင်ဘာ (၁) ရက်နေ့အထိ(၃) ရက်ကြာ မနားမနေ ရက်ရက်စက်စက် သတ်
ဖြတ်ကြခြင်း ဖြစ်ပါတယ်။ မွတ်စလင် အမျိုးသား အများစုကို ခေါင်းဖြတ်သတ်၊ သူတို့အိမ်ကို မီးရှို့ပြီး မီးပုံထဲပစ်ထည့် အစဖျောက်ပါတယ်။
အမျိုးသမီးတွေနှင့် ကလေးငယ်တွေကို အမျိုးသားတွေနှင့် သီးခြား ခွဲထုတ်ပြီး မြစ်နံဘေးမှာ မတ်တပ်ရပ်ခိုင်းထားကာ သူတို့ နေအိမ်များကို စတင် မီးရှို့ပါတယ်။ ပြီးနောက် ကလေး၊ အမျိုးသမီး နှင့် အမျိုးသား အားလုံးကို မြစ်ကမ်းဘောင်
ပေါ် သီးခြားစီတန်းစီခိုင်းထားပြီး မြစ်ထဲ ပြေးဆင်းရန် ညာသံပေးပြီးမှ ရှုပ်ပွနေတဲ့ ဆံပင်ကို ဝက်မှင်ဘီးနှင့် ဖီး၍ သပ်ချလိုက်သလို အော်တိုမက်တစ် မောင်းပြန် ရိုင်ဖယ် သေနတ်တွေနဲ့ နောက်ကျောဖက်ကနေ အဆက်မပြတ် ပစ်သတ်ပါတော့တယ်။ အတုံးအရုန်း လဲပြိုကာ သေပွဲဝင်ခဲ့ကြရပါတယ်။
အမျိုးသမီးတွေကို မညှာမတာ အတောမသတ် ပစ်သတ်နေစဉ် သတ္တိအနည်းငယ်ရှိတဲ့သူတွေက ကြိုးစားပမ်းစား လွတ်အောင် ရေကူး ပြေးသော်လည်း တဒိုင်းဒိုင်း ပစ်နေတဲ့ ကျည်ဆံမိုးအောက်မှာ ကျည်ထိပြီး ရေနစ် သေဆုံးကြရပါတယ်။
ခလေးငယ်အားလုံး ကျည်ထိပြီး သေရင်သေမသေလည်း ရေနစ်သေဆုံးရသလို သေဆုံးတာ သေချာမှု ရှိစေရန် သေနတ်နှင့် ထိုးဆွကြည့်ရင်း သေနတ်ဒဏ်ရာကြောင့် အော်သံ ငြီးငြူသံကြားရင် အသံတိတ်သွားတဲ့အထိသေချာအောင် ထပ်မံ ပစ်သတ်ပြန်ပါတယ်။ ကြည့်ကောင်းတဲ့ အမျိုးသမီးငယ် မှန်သမျှမတရားပြုကျင့်တာ ခံရပါတယ်။
ထိုအထဲမှ အပုန်းကောင်းလို့၊ သေပြီထင်ပြီးစွန့်ပစ်ထားလို့ လွတ်မြောက်လာသူအချို့ဘင်္ဂလားဒေ့ရှ်ဖက်က ဒုက္ခသည် စခန်းတွေထဲမှာ ယခုအထိ ရှိနေပါတယ်။
အနှစ်ချုပ်ရရင် "နင်တို့ ဗမာတွေ ကမ္ဘာပေါ်မှာ မရှိသင့်ဘူး" လို့ ဝေဖန်တဲ့ ဆွီဒင်မကို ငါဘာလို့ ခွန်းတုန့်မပြန်လဲ နွားထီး၊ နွားမ အပေါင်းတို့ သိကြပါကုန်လေသတည်း။
https://twitter.com/VictoriaLIVE/status/908041100325150725
Credit - (Andrew Soe)
LikeShow more reactions
Comment
Comments

No comments: