Sunday, December 17, 2017

know thyself/pa pa sein 17 dec. 2017.

Self realization

ဒါန သီလ ဘာဝနာ ကုသိုလ်ထဲမှာ
အခြေခံအကျဆုံးက
သီလ လို့ယုံကြည်တယ်။

သီလပျက်လွန်းနေရင်
ဒါနတွေဟာ ကုသိုလ်ဖြစ်နိုင်သလား။
သီလပျက်လွန်းရင်
ဘာဝနာကရောဘာဝနာဖြစ်မြောက်သလား။

အတိတ်ကံတွေကရော
လက်ရှိဘဝရဲ့ကုသိုလ်တွေ မထိရောက်စေဖို့ တားနိုင်သလား။
လက်ရှိဘဝအကုသိုလ်တွေရဲ့အပြစ်ကို မခံရစေဖို့ ကာကွယ်နိုင်သလား။

ကိုယ်တိုင်တော့ အရမ်းကျင့်ကြံအားထုတ်နေနိုင်တာမဟုတ်ပေမယ့်
အကုသိုလ်သိပ်မများမိအောင်ထိန်းပါတယ်။
သီလပျက်ယွန်းမသွားအောင်တော့ အရမ်းထိန်းဖို့မလိုဘူး
ကိုယ့်ကိုယ်ကိုရှက်တတ်တဲ့စိတ်က ကလေးထဲကပြင်းထန်တယ်။
ကိုယ့်အားနည်းချက်တွေကိုလည်းသိအောင်လုပ်တယ်။
တတ်နိုင်သမျှပြင်ပါတယ်။

A fool never changes his mind. တဲ့။
A wise person occasionally changes his mind. တဲ့။
wise person မဖြစ်တောင် fool မဖြစ်အောင်နေရမယ်။
ဒီခေတ်ကြီးမှာတော့ ကိုယ့် အတွက် ပစ္စည်းဥစ္စာ အမြတ်မထွက်ပဲ အများအကျိုး လုပ်ပေးတဲ့သူတွေကလည်း fool လို့သတ်မှတ်ခံရတတ်တယ်။

ကိုယ့်အမှားတွေကိုသာယာမနေပဲ
ကောင်းတာတွေကို ပါးစပ်ကပြောရုံမဟုတ်ပဲ
လက်တွေ့ကျင့်ကြံနိုင်မှ
theory တွေကို practical application လုပ်နိုင်မှ
သံသရာမှာ ခံသာမှာပါ။ 

တသက်လုံးကောင်းမွန်မြင့်မြတ်လာသူတွေတောင်
အမှားကြီးတစ်ခါပဲလုပ်လိုက်လို့
tragedy ကြုံရရင်
self realization မရှိရင်
tragic hero တောင်မဖြစ်နိုင်ပါဘူး။ 

အခုဘဝမှာကျင့်ကြံအားထုတ်ခဲ့တဲ့
ပညာပါရမီတွေက သံသရာမှာပါသွားတယ်တဲ့။
သံသရာမှာ ဥာဏ်ရည်မြင့်တာပါသွားချင်ရင်တော့
self realization အရမ်းအရေးကြီးပါတယ်။

1 comment:

sayanyein said...

MAW: know thyself/pa pa sein 17 dec. 2017. https://nyeinchansarpay.blogspot.com/2017/12/know-thyselfpa-pa-sein-17-dec-2017.html?spref=tw
Root of today's problems is moral bankruptcy.