Wednesday, December 13, 2017
u aung htoo's teaching 14 dec.2017.
ဖက်ဒရယ်ဥပဒေအကယ်ဒမီမှာ ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုင်ရာ ပို့ ချချက် အမှတ်စဉ် (၂) ကို ဖြန့် ဝေလိုက်ပါတယ်။ ၁၉၆၂ ခုနှစ်ကနေ ယနေ့ အချိန်အထိ အာဏာသိမ်းထားဆဲဖြစ်တဲ့ မြန်မာစစ် အာဏာရှင်ဟောင်းသစ်တွေက ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု၊ ဖွံ့ ဖြိုးမှု ဆိုတာကို ထပ်ခါ ထပ်ခါ ပြောလာခဲ့ကြတာ ယနေ့ အထိပါဘဲ။ သူတို့ နည်းက ဘာလဲ။
ပိပြားအောင် လုပ်တဲ့နည်းနဲ့  ငြိမ်းချမ်းစေမယ်။
 လူထုတွေ ကိုယ့်ပါးစပ်တွေ ကိုယ်ပိတ်ထားစေပြီး မော်မကြည့်ရဲအောင် လုပ်တဲ့ နည်းနဲ့ တည်ငြိမ် စေမယ်။
ဒီထက်မပိုကြောင်းတွေ့ ရတယ်။ 
ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု၊ တိုးတက်ဖွံ့ ဖြိုးမှု ဆိုတာတွေကို ဖွဲ့ စည်းပုံအခြေခံဥပဒေ နဲ့ ဘယ်လိုဆက်စပ်သလဲ။
၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေအောက်မှာ တကယ်တန်း ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု၊ တိုးတက်ဖွံ့ ဖြိုးမှု ရနိုင်ပါ့ မလား။
သည်ကိစ္စတွေကို ဆွေးနွေးပို့ ချထားပါတယ်။
ဦးအောင်ထူး 
( လူ့ အခွင့်အရေးရှေ့ နေ၊ 
   ဥပဒေအထောက်အကူပြုကွန်ရက် တည်ထောင်သူ)
(ကျောင်းအုပ်၊ ဖက်ဒရယ် ဥပဒေအကယ်ဒမီ)
ဒီဇင်္ဘာ ၁၃ ရက် ၂၀၁၇ ခုနှစ်
No comments: